ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ အိမ်ကွင်းပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Team News
- ဖာမင်နို ဒဏ်ရာကြောင့် ၃ ပွဲ လွဲချော်မှာဖြစ်ပါတယ်။
- အယ်လီးယော့နဲ့ ကာဗာရိုတို့ ပွဲကစားခွင့် မရပေမယ့် လေ့ကျင့်ရေးမှာ သိပ်ကောင်းနေပါတယ်။
- ဒါဝင်ကို ပွဲထွက်ကနေ မသုံးတာဟာ ဒဏ်ရာကြောင့် မဟုတ်ပါဘူး။
Liverpool’s XI vs. Nottingham Forest
ဒီကနေ့ ဖောရက်စ်ပွဲပြီးရင် ကြားရက်မှာ ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။ ၃ ရက်အကြာမှာတော့ စပါးနဲ့ အိမ်ကွင်းပွဲ ထပ်ရှိဦးမှာပါ။ ဒီပွဲမှာ နည်းပြကလော့ပ်ဟာ ပွဲထွက် လူစာရင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်နိုင်ပေမယ့်လို့ အများကြီး ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။
ဂိုးသမား အယ်လီဆန်ကို နေရာချပြီး ခံစစ်မှာ ထရန့်၊ ဗန်ဒိုက်နဲ့ ကိုနတေးတို့ အတွဲပဲ ဖြစ်ဦးမှာပါ။ ဘယ်ခြမ်းမှာတော့ ရိုဘိုကို အနားပေးပြီး ကိုစတက်ကို ထုတ်သုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။
ကွင်းလယ်မှာ ဂျုံးကို အနားပေးပြီး သီယေဂိုကို ထုတ်သုံးမယ်လို့ ယူဆရပါတယ်။ အကယ်လို့ ဒီပွဲမှာ ဂျုံးကို ဆက်ပြီး နေရာပေးရင်တော့ ကလော့ပ်ဟာ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ရာသီကုန်ထိ ယုံကြည်မှု ပေးလိုက်ဖို့ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ လက်ကျန်ပွဲတွေမှာ ဒီပွဲက အနိုင်ရဖို့ မျှော်လင့်လို့ အရဆုံးပွဲ ဖြစ်ပါတယ်။ ဖောရက်စ်က အဝေးကွင်း စွမ်းဆောင်ရည် လုံးဝ မကောင်းပါဘူး။ နည်းပြကလော့ပ်က သီယေဂို၊ ဖာဘင်ညိုနဲ့ ဟာဗေး အတွဲကို ထုတ်သုံးလို့ ဖိအားပေးမှု အားနည်းသွားမယ် မထင်ပါဘူး။
တိုက်စစ်မှာတော့ ဒါဝင်ကို ပြန်ပြီး နေရာပေးကာ ဂက်ပို၊ ဆာလာတို့ဖြင့် တွဲဘက်ပေးဖို့ ဖြစ်ပါတယ်။