လီဗာပူးအသင်းမှာ ဒါဝင်၊ ဂက်ပိုလို တိုက်စစ်သမားတွေ အပြင် လူသစ်တွေ ရောက်ထားနှင့်ပြီ ဖြစ်ပေမယ့် လေ့ကျင့်ရေးသူတို့ရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြီး လာမယ့်ရာသီအတွက် ကစားကွက် ဖန်တီးမယ်လို့ ကလော့ပ်က ပြောပါတယ်။
ထရန့်ကို ကွင်းလယ်လူအဖြစ် ကစားစေမယ်လို့ အသေအချာ ဆုံးဖြတ်ထားတာ မဟုတ်ကြောင်း ကလော့ပ်က အသိပေးလာပါတယ်။
အယ်လီယော့ကို လက်တလော မသုံးတာဟာ ဘာပြဿနာမှ မရှိဘဲ ကွင်းလယ်လူက ပြန်ကစားနိုင်ဖို့ နီးနေပြီဖြစ်ကာ လေ့ကျင့်ရေးမှာ သူ့ရဲ့ အကောင်းတကာ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ရေး အားထုတ်နေတယ်လို့ ကလော့ပ်က ဆိုပါတယ်။
ချယ်ဆီးကနေ ထွက်မယ့် မေဆန်မောင့်ကို ခေါ်ယူရေးမှာ အာဆင်နယ်ကလည်း ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘော်ဘီ ဖာမင်နိုကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ ဘာစီလိုနာလို အသင်းလည်း ပါဝင်နေကြောင်း သတင်းကြားရပေမယ့် အခုချိန်ထိတော့ အရေးသာလောက်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အသင်းရဲ့ တတိယဂျာစီ ဒီဇိုင်း ဆိုပြီး ထွက်ပေါ်လာနေရာမှာ ခရမ်းရောင်ကို အသုံးပြုထားပါတယ်။
ဖရန့်ဖတ် ခံစစ်မှူး အန်ဒီကာကို အလွတ်ဖြင့် ခေါ်ယူရေးအတွက် လီဗာပူးနဲ့ စပါး နှစ်သင်းက အပြိုင်အဆိုင် ဖြစ်နေတယ်လို့ ဖော်ပြမှုတွေ ရှိလာနေတယ်။
ကိုင်ဆီဒိုကတော့ သူ့ရဲ့ အနာဂတ်အတွက် လမ်းဖွင့်ထားဆဲဖြစ်ပြီး လီဗာပူး အပါအဝင် ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေကို ရမယ်ဆိုတာကို နားလည်ထားပါတယ်။
ဒါဝင် နူညက်ကို လက်တလောမှာ ပုံမှန်ပွဲထွက်ခွင့် မပေးတာက လေ့ကျင့်ရေးကွင်းနဲ့ နောက်ကွယ်က အခြေအနေတွေကြောင့် ဖြစ်နိုင်ပြီး ဥရုဂွေးသားဟာ အင်္ဂလိပ် စကားပြောမှာ တိုးတက်လာခြင်း မရှိသေးပါဘူး။
အာဂျင်တီးနား သတင်းထောက်ရဲ့ အဆိုအရ ဘရိုက်တန်ဟာ မက်အယ်လစ္စတာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ ဝန်းကျင်မှာ တောင်းဆိုပါလိမ့်မယ်။
ကာဗာရိုဟာ လီဗာပူးအသင်းမှာ ပွဲကစားခွင့်မရဖြစ်နေတဲ့ သူ့ရဲ့ အနေအထားကို ပျော်နိုင်ဖြစ်နေကြောင်း နည်းပြကလော့ပ်က ဝန်ခံပါတယ်။