လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ တန်းဆင်းဇုန်နားက ဖောရက်စ်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားရမှာပါ။ ဒီပွဲအတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
လီဗာပူး Vs ဖောရက်စ်
ဒီပွဲက ဒီအပတ် ပွဲစဉ်တွေထဲမှာ ကျနော် ယုံကြည်မှုရှိရှိနဲ့ ရွေးချယ်မယ့် ပွဲစဉ် တစ်ပွဲပဲ ဖြစ်ပါတယ်။ ဒါကလည်း ဖောရက်စ်ရဲ့ ဆိုးရွားလှတဲ့ အဝေးကွင်း ခြေစွမ်းတွေကို ကြည့်ပြီး ခန့်မှန်းတာပဲ ဖြစ်ပါတယ်။
စတိဗ်ကူးပါးက ဖောရက်စ်အသင်းပိုင်ရှင်တွေထံ ထောက်ခံမှုကို ရထားတယ် ဆိုပေမယ့် ရလဒ်ပိုင်း တိုးတက်လာဖို့ လိုကြောင်းလည်း သတိပေးခံထားရတယ်။ အခုချိန်ထိတော့ သူ့ရဲ့ အသင်းက ရလဒ်တွေ မကောင်းလာသေးပါဘူး။
ဖောရက်စ် နည်းပြရာထူးမှာ သူဆက်ရှိနေတာကို အံ့ဩမိပါတယ်။ သူတို့အသင်းက နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲမရထားသလို အန်ဖီးမှာလည်း ဒီရလဒ်ဆိုးကို အဆုံးသတ်နိုင်မယ် မမြင်ပါဘူး။
ဂျိုတာ၊ ဒီယက်ဇ်တို့ ပြန်သက်သာလာတဲ့နောက် လီဗာပူး တိုက်စစ်က အတော်လေး အင်အားတောင့်တင်းနေပါတယ်။ ကလော့ပ်က ထရန့်ကို နေရာသစ်မှာ စသုံးနေပြီး အလုပ်လည်း ဖြစ်နေပါတယ်။ ဒီပွဲကတော့ ဂိုးတွေ များပါလိမ့်မယ်။
ဒီပွဲအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၀ ဖောရက်စ်ပဲ ဖြစ်ပါတယ်။