ကလော့ပ် ဘဝင်ခိုက်နေတဲ့ မိနစ် ၉၀ ဖြစ်ရပ်ကို အစီအစဉ်မှူးတွေနဲ့ ဘောလုံးပရိသတ်တွေ ပွဲကျ

လီဗာပူးက လိဒ်စ်ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ကလော့ပ်ရဲ့ နည်းစနစ် အပြောင်းအလဲတွေက ပွဲရလဒ်ကို သက်ရောက်စေခဲ့ပါတယ်။

ကိုနတေးရဲ့ ပေါ့ဆတဲ့ ဖြစ်ရပ်နဲ့ ပထမပိုင်းမှာ တွဲဘက်မမိဖြစ်နေတဲ့ ကစားဟန်တွေကလွဲရင် တစ်ပွဲလုံးမှာ အထင်ကြီးလောက်စရာတွေ များပြားခဲ့ပါတယ်။ ဂျိုတာ ဂိုးပေါက်ပြန်တွေ့တာ၊ ထရန့် အကောင်းဆုံး ကစားနိုင်ခဲ့တာအပြင် ဒီပွဲမှာ ကျေနပ်စရာက ကောင်တာ-ဖိအားပေးမှု ထူးချွန်ခဲ့ခြင်းပါ။

ပွဲအပြီးမှာ ကလော့ပ်က ” ဘယ်ကနေ စပြောရမယ်ကို မသိပါဘူး။ တစ်ပွဲလုံး သိပ်ကောင်းပါတယ်။ ကစားသမားတွေက တည်ငြိမ်ပြီး ကောင်တာ-ဖိအားပေးမှုတွေမှာ အကောင်းဆုံး ရင့်ကျက်မှုဖြင့် ကစားပြခဲ့ပါတယ် ” လို့ ချီးကျုးခဲ့တယ်။

ဒီပွဲမှာ လီဗာပူးအသင်းဟာ ပြိုင်ဘက် ခြေထောက်ထဲက ဘောလုံးကို လုယူပြီး တိုက်စစ်ဆင်မှုက တစ်ဆင့် အကြိမ်ကြိမ် ဂိုးရခဲ့ပါတယ်။ ဒီပွဲမှာ ပွဲပြီးတဲ့ထိ တန်ပို မချတဲ့ အသင်းသားတွေဟာ ၆-၁ ဖြင့် အနိုင်ရနေစဉ် ပွဲချိန် ၉၂ မိနစ်မှာတောင် လိဒ်စ် ကစားသမားတစ်ဦးကို ၄ ဦးလောက်က ညှပ်ပြီး ဘောလုံးလုခဲ့တာပါ။

အဆိုပါဖြစ်ရပ်ကို မြင်ပြီးတဲ့နောက် နည်းပြထိုင်ခုံမှာ ထို်င်နေတဲ့ ကလော့ပ်က ‘ အိုး ချစ်လိုက်တာကွာ၊ အိုး မိုင် ဂေါ့၊ ဒါမျိုးကို ချစ်လိုက်တာ ‘ ဆိုပြီး စိတ်သက်သာရာကစွာ အောက်ကို လျော့ကွသွားခဲ့ပါတယ်။ ချက်ခြင်းပဲ ကလော့ပ်က ထလာခဲ့ပြီး လက်ခုပ်တီးကာ ဂုဏ်ယူမှုကို ပြသခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို ပွဲအစီအစဉ်မှူးတွေနဲ့ ဘောလုံးပရိသတ်တွေ မြင်တဲ့နောက် ကလော့ပ်ရဲ့ ဖိအားပေးဖို့ တောင်ဆိုးမှု မြင့်မားခြင်းကို ချီးကျူးခဲ့ကြတယ်။ ဒီရာသီ လီဗာပူးအသင်း ရုန်းကန်ရမှုတွေ ရှိနေပေမယ့် ကလော့ပ်က အသင်းကို ပြန်ဆယ်မနိုင်မယ်လို့ ယုံကြည်မှုတွေလည်း တိုးပွားလာနေတာ ဖြစ်ပါတယ်။