ချယ်ဆီးဟာ ယူနိုက်တက်လို မဟုတ်ပဲ မှန်ကန်တဲ့ အပြောင်းအရွှေ့ ပလန်တွေရှိကြောင်း ပေါမာဆန် ရှင်းပြ

စကိုင်းစပေါ့ရဲ့ ဆွေးနွေးမှုမှာ အားကစားသုံးသပ်သူ ပေါမာဆန်က ချယ်ဆီးဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်လာနေပြီး အကောင်အထည့် ပေါ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မန်နေဂျာလမ်းပတ်က နွေအပြောင်းအရွှေ့ကို အကောင်းဆုံး မလုပ်ဆောင်ခဲ့ရပေမယ့် လူငယ်တွေကို အသားပေးကာ အသင်းတစ်သင်း တည်ဆောက်နေတယ်။ အပြောင်းအရွှေ့မှာ မရရတဲ့ ကစားသမား မခေါ်ပဲ စိတ်ရှည်ရှည်ထားကာ ဇီယက်လို ကစားသမားကို ခေါ်ယူနိုင်ခြင်းအတွက်လည်း ပေါမာဆန်က ချီးကျူးခဲ့ပါတယ်။

ပေါမာဆန်က ” ချယ်ဆီးက ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်မယ်ဆိုရင် လမ်းပတ်အတွက် ပထမဆုံးရာသီမှာတင် အောင်မြင်မှု ဖြစ်လာမှာပါ။ သူက ဟာဇက်လို ကမ္ဘာအဆင့် ကစားသမားကို လက်လွတ်ထားပြီး အစားထိုး ခေါ်ယူမှုတွေ မလုပ်ခဲ့ရပဲ ဘောလုံးရာသီကို ပါဝင်ယှဉ်ပြိုင်လာခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ အမှားတွေ လုပ်ခဲ့ရပြီး ရမှတ်တွေ ဆုံးရံှးခဲ့တယ်။ ဒီရာသီ အိမ်ကွင်းပွဲတွေမှာ အတော်လေး ရုန်းကန်နေခဲ့ရတာတွေ ရှိပါတယ်။ အဲ့တာတွေက အတွေ့အကြုံတွေအဖြစ် ပိုကောင်းလာစေမှာပါ။ ချယ်ဆီးကို ကြည့်ရတာ အစီအစဉ်တွေ ရှိပုံလည်း ရပါတယ်။ သူတို့က လူငယ်တွေကို နေရာပေးပြီး တည်ဆောက်မှုတွေ ကြိုးစားလိုတာလည်း မြင်သာပါတယ်။

ချယ်ဆီးက အေဂျက်က ဇီယက်ကိုလည်း ခေါ်ယူထားပါပြီ တကယ်ကို မြန်ဆန်ပြီး ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ပါတယ်။ သူက အတွေ့အကြုံရှိသလို ဂိုးတွေ သွင်းယူနိုင်ပြီး အရွယ်ကောင်းနေသေးသူပါ။ အဲ့တာတွေက လမ်းပတ်ရဲ့ အစီအစဉ်တွေကို မြင်တွေ့ရစေတယ်။ လမ်းပတ်က အနာဂတ်အတွက် ကောင်းမွန်တဲ့ တည်ဆောက်မှုတွေကို လုပ်နေတာဖြစ်တယ်။

ယူနိုက်တက်ကိုကြည့် သူတို့က အစ်ဟာလိုကို ခေါ်ပြီး ဘာလုပ်မလို့လဲ။ ယူနိုက်တက်ရဲ့ အစီအစဉ်တွေက ဘာလဲ။ ချယ်ဆီးမှာ အနာဂတ်အတွက် အစီအစဉ်တွေ ရှိနေပေမယ့် ယူနိုက်တက်က ဘာအစီအစဉ်မှ မရှိပါဘူး ” လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့ရဲ႔ ေဆြးေႏြးမႈမွာ အားကစားသံုးသပ္သူ ေပါမာဆန္က ခ်ယ္ဆီးဟာ အနာဂတ္အတြက္ ရည္ရြယ္တဲ့ အစီအစဥ္ေတြကို လုပ္ေဆာင္လာေနျပီး အေကာင္အထည့္ ေပၚေအာင္ ၾကိဳးစားေနတယ္လို႔ ဆိုပါတယ္။

မန္ေနဂ်ာလမ္းပတ္က ေႏြအေျပာင္းအေရႊ႔ကို အေကာင္းဆံုး မလုပ္ေဆာင္ခဲ့ရေပမယ့္ လူငယ္ေတြကို အသားေပးကာ အသင္းတစ္သင္း တည္ေဆာက္ေနတယ္။ အေျပာင္းအေရႊ႔မွာ မရရတဲ့ ကစားသမား မေခၚပဲ စိတ္ရွည္ရွည္ထားကာ ဇီယက္လို ကစားသမားကို ေခၚယူနုိင္ျခင္းအတြက္လည္း ေပါမာဆန္က ခ်ီးက်ဴးခဲ့ပါတယ္။

ေပါမာဆန္က ” ခ်ယ္ဆီးက ထိပ္ဆံုးေလးသင္းထဲ ဝင္ႏုိင္မယ္ဆိုရင္ လမ္းပတ္အတြက္ ပထမဆံုးရာသီမွာတင္ ေအာင္ျမင္မႈ ျဖစ္လာမွာပါ။ သူက ဟာဇက္လို ကမၻာအဆင့္ ကစားသမားကို လက္လြတ္ထားျပီး အစားထိုး ေခၚယူမႈေတြ မလုပ္ခဲ့ရပဲ ေဘာလံုးရာသီကို ပါဝင္ယွဥ္ျပိဳင္လာခဲ့ရတာ ျဖစ္ပါတယ္။

သူတို႔ အမွားေတြ လုပ္ခဲ့ရျပီး ရမွတ္ေတြ ဆံုးရံွးခဲ့တယ္။ ဒီရာသီ အိမ္ကြင္းပြဲေတြမွာ အေတာ္ေလး ရုန္းကန္ေနခဲ့ရတာေတြ ရွိပါတယ္။ အဲ့တာေတြက အေတြ႔အၾကံဳေတြအျဖစ္ ပိုေကာင္းလာေစမွာပါ။ ခ်ယ္ဆီးကို ၾကည့္ရတာ အစီအစဥ္ေတြ ရွိပံုလည္း ရပါတယ္။ သူတို႔က လူငယ္ေတြကို ေနရာေပးျပီး တည္ေဆာက္မႈေတြ ၾကိဳးစားလိုတာလည္း ျမင္သာပါတယ္။

ခ်ယ္ဆီးက ေအဂ်က္က ဇီယက္ကိုလည္း ေခၚယူထားပါျပီ တကယ္ကို ျမန္ဆန္ျပီး ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ပါတယ္။ သူက အေတြ႔အၾကံုရွိသလို ဂိုးေတြ သြင္းယူႏုိင္ျပီး အရြယ္ေကာင္းေနေသးသူပါ။ အဲ့တာေတြက လမ္းပတ္ရဲ႕ အစီအစဥ္ေတြကို ျမင္ေတြ႔ရေစတယ္။ လမ္းပတ္က အနာဂတ္အတြက္ ေကာင္းမြန္တဲ့ တည္ေဆာက္မႈေတြကို လုပ္ေနတာျဖစ္တယ္။

ယူႏုိက္တက္ကိုၾကည့္ သူတို႔က အစ္ဟာလိုကို ေခၚျပီး ဘာလုပ္မလို႔လဲ။ ယူႏုိက္တက္ရဲ႕ အစီအစဥ္ေတြက ဘာလဲ။ ခ်ယ္ဆီးမွာ အနာဂတ္အတြက္ အစီအစဥ္ေတြ ရွိေနေပမယ့္ ယူႏုိက္တက္က ဘာအစီအစဥ္မွ မရွိပါဘူး ” လို႔ ေထာက္ျပသြားတာ ျဖစ္ပါတယ္။