ဆီမြွန်နီကို စောင့်ကြည့်နေခြင်း၊ ကော်တင်ညို အတွက် တိုက်တွန်းမှု အပါအဝင် ချယ်ဆီး ညနေခင်းသတင်းများ

ယူနိုက်တက်နဲ့ တနင်္လာနေ့ပွဲစဉ်မှာ လော့ဖ်တပ်ချိစ်နဲ့ ပူလီဆစ်တို့ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း လမ်းပတ်က ပွဲကြိုမှာ အသိပေးခဲ့ပါတယ်။ အေဗရာဟမ်လည်း အသင်းနဲ့ အတူ ထရိန်နင် ဆင်းနေပေမယ့် ကစားဖို့အတွက် စောင့်ကြည့်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာမှာ အပယ်ခံ ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်သမား ကော်တင်ညိုကို ချယ်ဆီးအသင်း ခေါ်ယူသင့်ကြောင့် လီဗာပူး ကစားသမား ဟောင်း မက် အာတီယာက တိုက်တွန်းလိုက်ပါတယ်။ ကော်တင်ညိုက ချယ်ဆီးရဲ့ ပစ်မှတ် စာရင်းထဲမှာတော့ ပါဝင်နေပါတယ်။

လက်စတာနဲ့ ပွဲမှာ ချန်လှပ်ခံရပြီးနောက် ဂိုးသမား ကီပါရဲ့ တုန့်ပြန်မှုတွေ ပြန်မြင်ရဖို့ မျှော်လင့်ကြောင်း နည်းပြ လမ်းပတ်က ဆိုခဲ့ပါတယ်။ ကီပါက ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင်ကစားခွင့် ရဖွယ် ရှိပါတယ်။

ချယ်ဆီး ညာစွန်ခံစစ်မှူးလေး ရီစီ ဂျိမ်းစ်ဟာ အသင်းအတွက် အားထားရတဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ လမ်းပတ်က ယုံကြည် မျှော်လင့်ထားပါတယ်။

လာမယ့်နွေမှာ ချယ်ဆီးအသင်းမှာ တောင်ပံတိုက်စစ် နှစ်ဦး ဖြစ်တဲ့ ဝီလီယံနဲ့ ပက်ဒရိုတို့ သေချာပေါက် ထွက်ခွာ ဖြစ်မယ်လို့ ကာရေဂါက ပြောကြားလိုက်ပါတယ်။ ၎င်းတို့ နှစ်ဦးလုံးက ရာသီကုန်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး ဝီလီယံနဲ့ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုကလည်း အဆင်မပြေသေးဘဲ ရှိနေတာပါ။

ချယ်ဆီးအသင်းဟာ နည်းပြ လမ်းပတ်ကို ယုံကြည်စွာ အချိန်ပေးထားသည့်တိုင် အက်သလက်တီကို မက်ဒရစ် အသင်းနည်းပြ ဆီမြွန်နီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္နဲ႕ တနလၤာေန႔ပြဲစဥ္မွာ ေလာ့ဖ္တပ္ခ်ိစ္နဲ႕ ပူလီဆစ္တို႔ ပါ၀င္နိုင္ဦးမွာ မဟုတ္ေၾကာင္း လမ္းပတ္က ပြဲၾကိဳမွာ အသိေပးခဲ့ပါတယ္။ ေအဗရာဟမ္လည္း အသင္းနဲ႕ အတူ ထရိန္နင္ ဆင္းေနေပမယ့္ ကစားဖို႔အတြက္ ေစာင့္ၾကည့္ဦးမွာ ျဖစ္တယ္လို႕ သိရပါတယ္။

ဘာစီလိုနာမွာ အပယ္ခံ ျဖစ္ေနတဲ့ ကြင္းလယ္တိုက္စစ္သမား ေကာ္တင္ညိဳကို ခ်ယ္ဆီးအသင္း ေခၚယူသင့္ေၾကာင့္ လီဗာပူး ကစားသမား ေဟာင္း မက္ အာတီယာက တိုက္တြန္းလိုက္ပါတယ္။ ေကာ္တင္ညိဳက ခ်ယ္ဆီးရဲ႕ ပစ္မွတ္ စာရင္းထဲမွာေတာ့ ပါ၀င္ေနပါတယ္။

လက္စတာနဲ႕ ပြဲမွာ ခ်န္လွပ္ခံရျပီးေနာက္ ဂိုးသမား ကီပါရဲ႕ တုန္႔ျပန္မႈေတြ ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း နည္းျပ လမ္းပတ္က ဆိုခဲ့ပါတယ္။ ကီပါက ယူနိုက္တက္နဲ႕ ပြဲမွာ ပါ၀င္ကစားခြင့္ ရဖြယ္ ရွိပါတယ္။

ခ်ယ္ဆီး ညာစြန္ခံစစ္မွဴးေလး ရီစီ ဂ်ိမ္းစ္ဟာ အသင္းအတြက္ အားထားရတဲ့ အဓိက ကစားသမား တစ္ဦး ျဖစ္လာမယ္လို႔ လမ္းပတ္က ယံုၾကည္ ေမွ်ာ္လင့္ထားပါတယ္။

လာမယ့္ေႏြမွာ ခ်ယ္ဆီးအသင္းမွာ ေတာင္ပံတိုက္စစ္ နွစ္ဦး ျဖစ္တဲ့ ၀ီလီယံနဲ႕ ပက္ဒရိုတို႔ ေသခ်ာေပါက္ ထြက္ခြာ ျဖစ္မယ္လို႔ ကာေရဂါက ေျပာၾကားလိုက္ပါတယ္။ ၄င္းတို႔ နွစ္ဦးလံုးက ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ျပီး ၀ီလီယံနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးမႈကလည္း အဆင္မေျပေသးဘဲ ရွိေနတာပါ။

ခ်ယ္ဆီးအသင္းဟာ နည္းျပ လမ္းပတ္ကို ယံုၾကည္စြာ အခ်ိန္ေပးထားသည့္တိုင္ အက္သလက္တီကို မက္ဒရစ္ အသင္းနည္းျပ ဆီျမြန္နီကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။