ချယ်ဆီးအတွက် အကောင်းမြင်စရာ လှုပ်လှုပ်ရှားရှား ဖြစ်ရပ် လေးခု

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်ကစားရဖို့ ရှိလာခဲ့ပြီဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ ချယ်ဆီးနဲ့ ဆယ်နွယ်တဲ့ သတင်းတွေကို ဖော်ပြသွားပါမယ်။

ဇီယက် အပြောင်းအရွှေ့

မိုရိုကို လက်ရွေးစင်ဟာ ဂျူလိုင်လ ၁ ရက်နေ့မှာတော့ ချယ်ဆီးကို တရားဝင် ပြောင်းရွှေ့လာမှာဖြစ်တယ်။ ချယ်ဆီးဟာ အပြောင်းအရွှေ့အတွက် ယူရို ၄၀ သန်းကို ပေးရမှာဖြစ်ပြီး ယူရီု ၄၄ သန်းထိ မြင့်တက်သွားနိုင်ပါတယ်။ ဝီလီယမ်နဲ့ ပက်ဒရိုတို့ အနာဂတ်က သံသယဝင်စရာဖြစ်ပြီး ဇီယက်က တိုက်စစ်တစ်နေရာကို ပါဝင်လာတော့မှာဖြစ်ပါတယ်။

လော့တပ်ချိစ် ပြန်လာခြင်း

ကွင်းလယ်လူ လော့တပ်ချိစ်က နောက်ထပ် ခြေလှမ်းသစ်အဖြစ် စီနီယာအသင်းထံ ပြန်လာနိုင်တော့မှာ ဖြစ်ပါတယ်။ တနင်္လာနေ့က အာဆင်နယ်နဲ့ ရင်ဆိုင်ကစားတဲ့ ယူ-၂၃ အသင်းပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ခြေထောက်ဒဏ်ရာကနေ သက်သာလာပြီး ဘရတ်ဖိုဒ့် အရန်အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲမှာလည်း ပါဝင်ကစားထားခဲ့ပြီးပါပြီ။

ရာသီဝက် အနားကာလအပြီးမှာ လော့တပ်ချိစ်ရဲ့ အနေအထားက ပိုမို ကောင်းမွန်လာပြီလို့ ယူဆရပေမယ့် ပွဲထွက်ခွင့် အပြည့်အဝ ရယူဖို့အတွက်ကတော့ အနည်းငယ် စောနေဆဲဖြစ်ကာ ပွဲချိန် မိနစ် အနည်းငယ်တွေ စရလာဖို့ ရှိနေပါတယ်။

မန်စီးတီး ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ခံရမှု

မန်စီးတီးဟာ ဥရောပဝင်ခွင့် နှစ်ရာသီ ပိတ်ခံရပြီး ဒဏ်ကြေး ယူရို ၃၀ ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဘက်ကလည်း မန်စီးတီးကို ပိတ်ပင်မှုအချို့ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ ဒါကြောင့် လာမယ့်ရာသီတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ မန်စီးတီး ထိပ်ဆုံးလေးသင်းထဲ ဝင်ခဲ့ရင် အဆင့်ငါးနေရာက ဝင်ခွင့်ရမှာဖြစ်တယ်။ ဒီပိတ်ပင်မှုဟာ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ချယ်ဆီးကို တွန်းအားတစ်ရပ် ဖြစ်လာစေဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်ပြန်လာမှု

နှစ်ပတ်ကြာ အနားရထားမှုတွေ ပြီးဆုံးပြီဖြစ်လို့ ဥရောပပြိုင်ပွဲတွေ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေပြီဖြစ်ပြီး ပွဲကြပ်ကာလမှာ အသင်းကောင်းတွေနဲ့ပဲ ယှဉ်ပြိုင်ရမှာက ချယ်ဆီး လူငယ်တွေရဲ့ အရည်အချင်းကို မှတ်ကျောက်တင်မယ့် ကာလဖြစ်လာပါမယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲေတြ ျပန္ကစားရဖို႔ ရွိလာခဲ့ျပီျဖစ္ျပီး ယူႏုိက္တက္နဲ႔ပြဲ မတိုင္ခင္ လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့တဲ့ ခ်ယ္ဆီးနဲ႔ ဆယ္ႏြယ္တဲ့ သတင္းေတြကို ေဖာ္ျပသြားပါမယ္။

ဇီယက္ အေျပာင္းအေရႊ႔

မိုရိုကို လက္ေရြးစင္ဟာ ဂ်ဴလိုင္လ ၁ ရက္ေန႔မွာေတာ့ ခ်ယ္ဆီးကို တရားဝင္ ေျပာင္းေရႊ႔လာမွာျဖစ္တယ္။ ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔အတြက္ ယူရို ၄၀ သန္းကို ေပးရမွာျဖစ္ျပီး ယူရီု ၄၄ သန္းထိ ျမင့္တက္သြားႏုိင္ပါတယ္။ ဝီလီယမ္နဲ႔ ပက္ဒရိုတို႔ အနာဂတ္က သံသယဝင္စရာျဖစ္ျပီး ဇီယက္က တိုက္စစ္တစ္ေနရာကို ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

ေလာ့တပ္ခ်ိစ္ ျပန္လာျခင္း

ကြင္းလယ္လူ ေလာ့တပ္ခ်ိစ္က ေနာက္ထပ္ ေျခလွမ္းသစ္အျဖစ္ စီနီယာအသင္းထံ ျပန္လာႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ တနလၤာေန႔က အာဆင္နယ္နဲ႔ ရင္ဆုိင္ကစားတဲ့ ယူ-၂၃ အသင္းပြဲမွာ ပါဝင္ကစားခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ေျခေထာက္ဒဏ္ရာကေန သက္သာလာျပီး ဘရတ္ဖိုဒ့္ အရန္အသင္းနဲ႔ ကြင္းပိတ္ ေျခစမ္းပြဲမွာလည္း ပါဝင္ကစားထားခဲ့ျပီးပါျပီ။

ရာသီဝက္ အနားကာလအျပီးမွာ ေလာ့တပ္ခ်ိစ္ရဲ႕ အေနအထားက ပိုမို ေကာင္းမြန္လာျပီလို႔ ယူဆရေပမယ့္ ပြဲထြက္ခြင့္ အျပည့္အဝ ရယူဖို႔အတြက္ကေတာ့ အနည္းငယ္ ေစာေနဆဲျဖစ္ကာ ပြဲခ်ိန္ မိနစ္ အနည္းငယ္ေတြ စရလာဖို႔ ရွိေနပါတယ္။

မန္စီးတီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ပိတ္ခံရမႈ

မန္စီးတီးဟာ ဥေရာပဝင္ခြင့္ ႏွစ္ရာသီ ပိတ္ခံရျပီး ဒဏ္ေၾကး ယူရို ၃၀ ေပးေဆာင္ရေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ အဂၤလန္ဘက္ကလည္း မန္စီးတီးကို ပိတ္ပင္မႈအခ်ိဳ႕ ျပဳလုပ္မယ္လို႔ သတင္းေတြ ထြက္ေနတယ္။ ဒါေၾကာင့္ လာမယ့္ရာသီေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ဟာ မန္စီးတီး ထိပ္ဆံုးေလးသင္းထဲ ဝင္ခဲ့ရင္ အဆင့္ငါးေနရာက ဝင္ခြင့္ရမွာျဖစ္တယ္။ ဒီပိတ္ပင္မႈဟာ အမွတ္ေပးဖလား ျပိဳင္ဆုိင္မႈမွာ ခ်ယ္ဆီးကို တြန္းအားတစ္ရပ္ ျဖစ္လာေစဖို႔ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ျပန္လာမႈ

ႏွစ္ပတ္ၾကာ အနားရထားမႈေတြ ျပီးဆံုးျပီျဖစ္လို႔ ဥေရာပျပိဳင္ပြဲေတြ ျပန္လာေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ၁၆ သင္းအဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႔ဆံုေနျပီျဖစ္ျပီး ပြဲၾကပ္ကာလမွာ အသင္းေကာင္းေတြနဲ႔ပဲ ယွဥ္ျပိဳင္ရမွာက ခ်ယ္ဆီး လူငယ္ေတြရဲ႕ အရည္အခ်င္းကို မွတ္ေက်ာက္တင္မယ့္ ကာလျဖစ္လာပါမယ္။