လီဗာပူးရဲ့ ထရန့်ကို ဂျိမ်းစ်က ကောင်းကောင်း ယှဉ်နိုင်လိမ့်မယ်လို့ လမ်းပတ် ထောက်ခံ

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်း ညာစွန်ခံစစ်မှူး ရီစီ ဂျိမ်းစ်ဟာ ချယ်ဆီးအသင်းအတွက် အားထားရတဲ့ ကစားသမားကောင်း ဖြစ်လာမယ်လို့ သုံးသပ်လိုက်တဲ့ အပြင် အင်္ဂလန်အသင်းမှာလည်း လီဗာပူးရဲ့ ထရန့် အလက်ဇန်းဒါး အာနိုးကို ကောင်းကောင်း ယှဉ်လာနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်သားလေး ဂျိမ်းစ်ဟာ ဒီရာသီ စတန်းဖို့ဘရစ်ချ်မှာ နေရာရလာသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ ဝီဂန်မှာ အငှား သွားရောက် ကစားခဲ့ပြီး ထိုစဉ်က ရခဲ့တဲ့ အတွေ့အကြုံများက ဒီနှစ်မှာ ကောင်းစွာ အကျိုးရှိနေပြီ ဆိုရမှာပါ။

ဂျိမ်းစ်က ဒီရာသီ ချယ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ပါဝင်ကစားထားရပါတယ်။ ဒါပေမယ့် ဘောလုံး သုံးသပ်သူတွေ ဖြစ်တဲ့ ပေါမာဆန်နဲ့ ချယ်ဆီး ကစားသမားဟောင်း ဆင်ကလဲယားတို့ကတော့ ဂျိမ်းစ်ကို လီဗာပူးမှ ထရန့်လောက် အကောင်းမြင်ထားခြင်း မရှိသေးပါဘူး။

လမ်းပတ်ကတော့ ဂျိမ်းစ်ဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ ကစားသမား ဖြစ်ပြီး သူ ဒါဘီမှာ ရှိစဉ်တည်းက ဂျိမ်းစ်ကို ခေါ်ယူဖို့ ကြိုးစားဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။

” မနှစ်က ဇန်နဝါရီက သူ့ကို ဒါဘီအသင်းဆီ အငှားခေါ်ဖို့ ကျနော် ကြိုးစားဖူးတယ်။ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက သိပ်ကောင်းတယ်။ သူ ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ သိသင့်ပါတယ်။ ဧရိယာထဲမှာ ဘော်ဒီချင်း ယှဉ်တိုက်နိုင်ဖို့ကလည်း လိုတယ် မဟုတ်လား ဒါအတွက် ဂျိမ်းစ်မှာ ပြည့်စုံပြီးသားပါ။

သူက သိပ်တော်တဲ့ ကလေး ဖြစ်တယ် ချယ်ဆီးအသင်း အတွက်လည်း တကယ် အားထားရတဲ့သူ ဖြစ်လာမှာပါ။ သိပ် အကြာကြီး စောင့်ဖို့ မလိုပါဘူး ထရန့် အလက်ဇန်းဒါး သိပ်ကောင်းတယ် ဆိုပေမယ့် ဂျိမ်းစ်က စိန်ခေါ်လာလိမ့်မယ်။ ” လို့ လမ်းပတ်က ဆိုပါတယ်။

လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးက ညာစွန်ခံစစ်နေရာမှာတော့ ကမ္ဘာ့အကောင်းဆုံးထဲ ပါဝင်လနေပြီလို့ အသိအမှတ်ပြုခံ ထားရပြီး အင်္ဂလန်အသင်းမှာလည်း ဂျိမ်းစ်ထက် ပို အခွင့်သာဖို့ ရှိနေတာပါ။ လမ်းပတ်ကတော့ ရီစီ ဂျိမ်းစ်က တောက်ပလာမယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က အသင္း ညာစြန္ခံစစ္မွဴး ရီစီ ဂ်ိမ္းစ္ဟာ ခ်ယ္ဆီးအသင္းအတြက္ အားထားရတဲ့ ကစားသမားေကာင္း ျဖစ္လာမယ္လို႔ သံုးသပ္လိုက္တဲ့ အျပင္ အဂၤလန္အသင္းမွာလည္း လီဗာပူးရဲ႕ ထရန္႔ အလက္ဇန္းဒါး အာနိုးကို ေကာင္းေကာင္း ယွဥ္လာနုိင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္သားေလး ဂ်ိမ္းစ္ဟာ ဒီရာသီ စတန္းဖို႔ဘရစ္ခ်္မွာ ေနရာရလာသူ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီကေတာ့ ၀ီဂန္မွာ အငွား သြားေရာက္ ကစားခဲ့ျပီး ထိုစဥ္က ရခဲ့တဲ့ အေတြ႔အၾကံဳမ်ားက ဒီနွစ္မွာ ေကာင္းစြာ အက်ိဳးရွိေနျပီ ဆိုရမွာပါ။

ဂ်ိမ္းစ္က ဒီရာသီ ခ်ယ္ဆီးအသင္း အတြက္ ျပိဳင္ပြဲစံု ပြဲ ၂၀ ပါ၀င္ကစားထားရပါတယ္။ ဒါေပမယ့္ ေဘာလံုး သံုးသပ္သူေတြ ျဖစ္တဲ့ ေပါမာဆန္နဲ႕ ခ်ယ္ဆီး ကစားသမားေဟာင္း ဆင္ကလဲယားတို႕ကေတာ့ ဂ်ိမ္းစ္ကို လီဗာပူးမွ ထရန္႔ေလာက္ အေကာင္းျမင္ထားျခင္း မရွိေသးပါဘူး။

လမ္းပတ္ကေတာ့ ဂ်ိမ္းစ္ဟာ အလားအလာေကာင္းေတြ အမ်ားၾကီးရွိတဲ့ ကစားသမား ျဖစ္ျပီး သူ ဒါဘီမွာ ရွိစဥ္တည္းက ဂ်ိမ္းစ္ကို ေခၚယူဖို႔ ၾကိဳးစားဖူးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

” မနွစ္က ဇန္န၀ါရီက သူ႔ကို ဒါဘီအသင္းဆီ အငွားေခၚဖို႔ က်ေနာ္ ၾကိဳးစားဖူးတယ္။ သူ႔ရဲ႕ ေဘာလံုး ျဖန္႔ေ၀မႈက သိပ္ေကာင္းတယ္။ သူ ဘာေတြ လုပ္ေနတယ္ဆိုတာ က်ေနာ္တို႔ သိသင့္ပါတယ္။ ဧရိယာထဲမွာ ေဘာ္ဒီခ်င္း ယွဥ္တိုက္နုိင္ဖို႕ကလည္း လိုတယ္ မဟုတ္လား ဒါအတြက္ ဂ်ိမ္းစ္မွာ ျပည့္စံုျပီးသားပါ။

သူက သိပ္ေတာ္တဲ့ ကေလး ျဖစ္တယ္ ခ်ယ္ဆီးအသင္း အတြက္လည္း တကယ္ အားထားရတဲ့သူ ျဖစ္လာမွာပါ။ သိပ္ အၾကာၾကီး ေစာင့္ဖို႔ မလိုပါဘူး ထရန္႔ အလက္ဇန္းဒါး သိပ္ေကာင္းတယ္ ဆိုေပမယ့္ ဂ်ိမ္းစ္က စိန္ေခၚလာလိမ့္မယ္။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

လီဗာပူး ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနိုးက ညာစြန္ခံစစ္ေနရာမွာေတာ့ ကမၻာ့အေကာင္းဆံုးထဲ ပါ၀င္လေနျပီလို႔ အသိအမွတ္ျပဳခံ ထားရျပီး အဂၤလန္အသင္းမွာလည္း ဂ်ိမ္းစ္ထက္ ပို အခြင့္သာဖို႔ ရွိေနတာပါ။ လမ္းပတ္ကေတာ့ ရီစီ ဂ်ိမ္းစ္က ေတာက္ပလာမယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။