ဇီယက်ပြီးနောက် ဒုတိယမြောက် ကစားသမားအတွက် ရက်ပိုင်းအတွင်း ညိနှိုင်းတော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ဆူဆိုလိုအိုအသင်းမှ တိုက်စစ်အားသန် ကစားသမား ဘိုဂါကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုကို ရက်ပိုင်းအတွင်း ညိနှိုင်းတော့မှာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် Fabrizio Romano ကဖော်ပြသွားပါတယ်။

ကလပ်အသင်း ကစားသမားဟောင်းကို ခေါ်ယူဖို့ ကိစ္စမှာ နာပိုလီအသင်းကလည်း ကြားဝင်လာခဲ့တာကြောင့် ချယ်ဆီးဘက်က အမြန်ဆုံး လှုပ်ရှားလာလိုတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ စီးရီးအေကလပ်ကို ပေါင် ၃.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဘက်က အိုင်ဗရီကိုစ့်သား ကစားသမားကို ပြန်လည်ခေါ်ယူခွင့်အတွက် စီးရီးအေကလပ် တာဝန်ရှိသူတွေနဲ့ ပြန်လည် ညိနှိုင်းမှု အောင်မြင်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး အနည်းငယ်ပဲ ပေးသွားရမှာ ဖြစ်ပါတယ်။ Romano ကတော့ ဇီယက်နောက် ဒုတိယမြောက် ကြိုးစားမှုအဖြစ် ချယ်ဆီးက ဘိုဂါကို ချိတ်ဆက်နေကြောင်းအပြင် ရက်ပိုင်းအတွင်း တွေ့ဆုံမယ်လို အခိုင်အမာ ဆိုလာခဲ့တယ်။

ဘိုဂါဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားထားပြီး ကိုယ်တိုင် ၇ ဂိုးသွင်းယူကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်တယ်။ သူ သွင်းယူထားတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ ရိုးမားလို အသင်းတွေလည်း ပါဝင်ခဲ့တာဖြစ်တယ်။

ချယ်ဆီးဘက်က ဘိုဂါကို အပြောင်းအရွှေ့မှာ အလိုရှိက ပြန်လည်ခေါ်ယူခွင့် တစ်ခုတည်းကို ပိုင်ဆိုင်ထားတာ မဟုတ်ပဲ အီတလီကလပ်က ဘိုဂါကို အခြားသော အသင်းထံ ရောင်းထုတ်ရာမှာလည်း သဘောမတူပါက ပယ်ချခွင့်ကိုပါ ပိုင်ဆိုင်ထားတာလို့ သိရပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ဆူဆိုလိုအိုအသင္းမွ တိုက္စစ္အားသန္ ကစားသမား ဘိုဂါကို ေခၚယူႏုိင္ဖို႔အတြက္ ေဆြးေႏြးမႈကို ရက္ပိုင္းအတြင္း ညိႏိႈင္းေတာ့မွာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ Fabrizio Romano ကေဖာ္ျပသြားပါတယ္။

ကလပ္အသင္း ကစားသမားေဟာင္းကို ေခၚယူဖို႔ ကိစၥမွာ နာပိုလီအသင္းကလည္း ၾကားဝင္လာခဲ့တာေၾကာင့္ ခ်ယ္ဆီးဘက္က အျမန္ဆံုး လႈပ္ရွားလာလိုတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကစားသမားဟာ ၂၀၁၈ ခုႏွစ္မွာ စီးရီးေအကလပ္ကို ေပါင္ ၃.၅ သန္းနဲ႔ ေျပာင္းေရႊ႔သြားခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဘက္က အိုင္ဗရီကိုစ့္သား ကစားသမားကို ျပန္လည္ေခၚယူခြင့္အတြက္ စီးရီးေအကလပ္ တာဝန္ရွိသူေတြနဲ႔ ျပန္လည္ ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး အနည္းငယ္ပဲ ေပးသြားရမွာ ျဖစ္ပါတယ္။ Romano ကေတာ့ ဇီယက္ေနာက္ ဒုတိယေျမာက္ ၾကိဳးစားမႈအျဖစ္ ခ်ယ္ဆီးက ဘိုဂါကို ခိ်တ္ဆက္ေနေၾကာင္းအျပင္ ရက္ပိုင္းအတြင္း ေတြ႔ဆံုမယ္လို အခိုင္အမာ ဆိုလာခဲ့တယ္။

ဘိုဂါဟာ ဒီရာသီ ျပိဳင္ပြဲစံု ၂၃ ပြဲ ကစားထားျပီး ကိုယ္တိုင္ ၇ ဂိုးသြင္းယူကာ ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။ သူ သြင္းယူထားတဲ့ အသင္းေတြထဲမွာ ဂ်ဴဗင္တပ္၊ အင္တာမီလန္နဲ႔ ရိုးမားလို အသင္းေတြလည္း ပါဝင္ခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးဘက္က ဘိုဂါကို အေျပာင္းအေရႊ႔မွာ အလိုရွိက ျပန္လည္ေခၚယူခြင့္ တစ္ခုတည္းကို ပိုင္ဆိုင္ထားတာ မဟုတ္ပဲ အီတလီကလပ္က ဘိုဂါကို အျခားေသာ အသင္းထံ ေရာင္းထုတ္ရာမွာလည္း သေဘာမတူပါက ပယ္ခ်ခြင့္ကိုပါ ပိုင္ဆုိင္ထားတာလို႔ သိရပါတယ္။