ယူနိုက်တက်နဲ့ ပွဲမှာ ချယ်ဆီး အဓိက ကစားသမား ၃ဦးထိ လွဲချော်ဖွယ် ရှိနေ

ချယ်ဆီးအသင်းဟာ ဒီတနင်္လာနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဆောင်းရာသီ အားလပ်ရက်အပြီး ပွဲစဉ် ဖြစ်လို့ ဒဏ်ရာ ရှိထားတဲ့ ကစားသမားတွေလည်း ပြန် ပါဝင်ကစားနိုင်မယ် မျှော်လင့်ခဲ့ပေမယ့် လမ်းပတ်ကတော့ အဓိက ကစားသမား ၃ ဦးထိ လွဲချော်နိုင်ကြောင်း ယူနိုက်တက်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီပွဲက ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် နှစ်သင်းလုံးဘက်မှာ အရေးကြီး ပွဲစဉ် ဖြစ်ပါတယ်။ လမ်းပတ်ကတော့ ဒီပွဲကို လွဲချော်မယ့် ကစားသမား နှစ်ဦးနဲ့ မသေချာသေးသူ တစ်ဦး ရှိတယ်လို့ အသိပေးခဲ့တာပါ။

” ပူလီဆစ်က U23 အသင်းနဲ့ အတူ လေ့ကျင့်နေတယ်။ သူက ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး။ ရူဘန် လော့ဖ်တပ်ချိစ်လည်း ဒီပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု မပြည့်သေးဘူး။ အေဗရာဟမ်က စောင့်ကြည့်နေရတုန်းပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ ဒီနေ့ ထရိန်နင် ဆင်းခဲ့ပေမယ့် အခြေအနေက စောင့်ကြည့်နေရဆဲပါ။ ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါကတော့ ဒီပွဲမှာ ဦးစားပေး ဂိုးသမား အဖြစ် ပြန်လည် ပွဲထုတ်ခံရဖွယ် ရှိပါတယ်။ ကီပါရဲ့ မတည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့် အားလပ်ရက် မတိုင်ခင် လက်စတာနဲ့ ပွဲမှာ ၎င်းကို လမ်းပတ်က ချန်လှပ်ခဲ့ပါတယ်။

ချယ်ဆီးဘက်က ကစားသမားတချို့ မပါဝင်နိုင်တဲ့ နည်းတူ ယူနိုက်တက် ဘက်မှာလည်း တော်မီနေး၊ ပေါ့ဘာ၊ ရပ်ဖို့ဒ်နဲ့ တူရမ်ဇီဘီတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ၎င်းတို့ တိုက်စစ်မှူးသစ် အစ်ဟာလိုကလည်း ပွဲထွက်မှာ ပါဝင်ဦးမှာ မဟုတ်ဘဲ အရန်စာရင်းကနေ ထည့်သွင်းလာမယ်လို့ ဆိုးရှားက ဆိုထားပါတယ်။

ဒီပွဲစဉ် မတိုင်ခင်မှာ ချယ်ဆီးအသင်းက အဆင့် ၄ နေရာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး ယူနိုက်တက်ကတော့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ နှစ်သင်းကြား အမှတ် ကွာဟချက်ကတော့ ၆ မှတ်သာ ရှိတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အရှုံးခံလို့ မရတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတနလၤာေန႔မွာ မန္ခ်က္စတာ ယူနိုက္တက္ကို စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ေဆာင္းရာသီ အားလပ္ရက္အျပီး ပြဲစဥ္ ျဖစ္လို႔ ဒဏ္ရာ ရွိထားတဲ့ ကစားသမားေတြလည္း ျပန္ ပါ၀င္ကစားနုိင္မယ္ ေမွ်ာ္လင့္ခဲ့ေပမယ့္ လမ္းပတ္ကေတာ့ အဓိက ကစားသမား ၃ ဦးထိ လြဲေခ်ာ္နိုင္ေၾကာင္း ယူနုိက္တက္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ဒီပြဲက ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ နွစ္သင္းလံုးဘက္မွာ အေရးၾကီး ပြဲစဥ္ ျဖစ္ပါတယ္။ လမ္းပတ္ကေတာ့ ဒီပြဲကို လြဲေခ်ာ္မယ့္ ကစားသမား နွစ္ဦးနဲ႕ မေသခ်ာေသးသူ တစ္ဦး ရွိတယ္လို႔ အသိေပးခဲ့တာပါ။

” ပူလီဆစ္က U23 အသင္းနဲ႕ အတူ ေလ့က်င့္ေနတယ္။ သူက ၾကံ႕ခိုင္မႈ မျပည့္၀ေသးပါဘူး။ ရူဘန္ ေလာ့ဖ္တပ္ခ်ိစ္လည္း ဒီပြဲမွာ ပါ၀င္ဖို႔ ၾကံ႕ခိုင္မႈ မျပည့္ေသးဘူး။ ေအဗရာဟမ္က ေစာင့္ၾကည့္ေနရတုန္းပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူ ဒီေန႔ ထရိန္နင္ ဆင္းခဲ့ေပမယ့္ အေျခအေနက ေစာင့္ၾကည့္ေနရဆဲပါ။ ” လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ဂိုးသမား ကီပါကေတာ့ ဒီပြဲမွာ ဦးစားေပး ဂိုးသမား အျဖစ္ ျပန္လည္ ပြဲထုတ္ခံရဖြယ္ ရွိပါတယ္။ ကီပါရဲ႕ မတည္ျငိမ္တဲ့ လက္စြမ္းေတြေၾကာင့္ အားလပ္ရက္ မတိုင္ခင္ လက္စတာနဲ႕ ပြဲမွာ ၄င္းကို လမ္းပတ္က ခ်န္လွပ္ခဲ့ပါတယ္။

ခ်ယ္ဆီးဘက္က ကစားသမားတခ်ိဳ႕ မပါ၀င္နုိင္တဲ့ နည္းတူ ယူနုိက္တက္ ဘက္မွာလည္း ေတာ္မီေနး၊ ေပါ့ဘာ၊ ရပ္ဖို႔ဒ္နဲ႕ တူရမ္ဇီဘီတို႔ ပါ၀င္နုိင္ဦးမွာ မဟုတ္ပါဘူး။ ၄ငး္တို႔ တိုက္စစ္မွဴးသစ္ အစ္ဟာလိုကလည္း ပြဲထြက္မွာ ပါ၀င္ဦးမွာ မဟုတ္ဘဲ အရန္စာရင္းကေန ထည့္သြင္းလာမယ္လို႔ ဆိုးရွားက ဆိုထားပါတယ္။

ဒီပြဲစဥ္ မတိုင္ခင္မွာ ခ်ယ္ဆီးအသင္းက အဆင့္ ၄ ေနရာ ဆက္လက္ ရပ္တည္ေနဆဲ ျဖစ္ျပီး ယူနုိက္တက္ကေတာ့ အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။ နွစ္သင္းၾကား အမွတ္ ကြာဟခ်က္ကေတာ့ ၆ မွတ္သာ ရွိတာေၾကာင့္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အရွံဳးခံလို႔ မရတဲ့ ပြဲစဥ္ တစ္ပြဲ ျဖစ္ပါတယ္။