မန်စီးတီးကြောင့် သက်ရောက်မှု များနိုင်တဲ့ ဥရောပဝင်ခွင့် ပြိုင်ဆိုင်မှု

ဒီမနက်မှာပဲ မန်စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ ဥရောပဝင်ခွင့် နှစ်နှစ်ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

မန်စီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေကို ဖောက်ဖျက်ခြင်းကြောင့် မည်သည့် ဥရောပပြိင်ပွဲမှာမှာ နှစ်ရာသီဆက် ပပါဝင်ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်သလို ဒဏ်ကြေးအားဖြင့်လည်း ပေါင် ၂၅ သန်း ပေးဆောင်ရမှာဖြစ်တယ်။ ဒါဟာ ထိပ်ဆုံးလေးသင်း ပြိုင်ဆိုင်မှုအတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပါတယ်။

လာမယ့်နှစ်ကစပြီး မန်စီးတီးက ဥရောပဝင်ကစားခွင့် ရတော့မှာ မဟုတ်သလို ပြည်တွင်းမှာလည်း ရမှတ်လျော့ ပစ်ဒဏ်မျိုးကို ကျခံရဖို့ရှိနေပါတယ်။ ဒါဟာ ဥရောပဝင်ခွင့်အတွက် နေရာတစ်နေရာအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ ချယ်ဆီး၊ စပါး၊ ရှက်ဖီးတို့အတွက် သိပ်မဆိုးတဲ့ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

မန်နေဂျာလမ်းပတ်နဲ့ အသင်းသားတွေက ငယ်ရွယ်လွန်းတာကြောင့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ဖိအားတွေ ရှိလာချိန်မှာ တည်ငြိမ်မှု အနည်းငယ် ပျက်ပြားနေတာပါ။ ဒါပေမယ့်လည်း ချယ်ဆီးဟာ အဆင့် ၄ ကနေကို အပေါ်ကို ပိုတက်နိုင်တဲ့ အလားအလာတွေ ရှိနေဆဲပါ။

ဝင်ခွင့်တစ်နေရာအတွက် ချယ်ဆီးကို ဖိအားပေးဖို့ ပရီးမီးယားလိဂ်တန်းတက် ရှက်ဖီးက အကောင်းဆုံး လုပ်ဆောင်နေသလို မန်နေဂျာ မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးကလည်း အခွင့်အရေး ရှိနေပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ကလည်း တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။

အဆင့်လေးနေရာကနေ ရာသီကုန် ဥရောပဝင်ခွင့်က အသင်းတွေအတွက် အရေးပါနေခဲ့ပြီး မန်စီးတီး ပြစ်ဒဏ်ရရှိသွားခြင်းကြောင့် အပြောင်းအလဲတစ်ရပ်အဖြစ် အဆင့်လေးအတွင်း အသင်းတွေတင်မကပဲ အဆင့် ၅ က နေရာက အသင်းကပါ ဥရောပဝင်ခွင့် ရရှိသွားတော့မှာဖြစ်ပါတယ်။

ZAWGYI

ဒီမနက္မွာပဲ မန္စီးတီးဟာ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပဝင္ခြင့္ ႏွစ္ႏွစ္ပိတ္ပင္ခံရတဲ့ ျပစ္ဒဏ္ကို ရင္ဆိုင္ခဲ့ရျပီျဖစ္ပါတယ္။

မန္စီးတီးဟာ ယူအီးအက္ဖ္ေအ စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ျခင္းေၾကာင့္ မည္သည့္ ဥေရာပျပိင္ပြဲမွာမွာ ႏွစ္ရာသီဆက္ ပပါဝင္ယွဥ္ျပိဳင္ခြင့္ ရမွာ မဟုတ္သလို ဒဏ္ေၾကးအားျဖင့္လည္း ေပါင္ ၂၅ သန္း ေပးေဆာင္ရမွာျဖစ္တယ္။ ဒါဟာ ထိပ္ဆံုးေလးသင္း ျပိဳင္ဆိုင္မႈအတြက္ ၾကီးၾကီးမားမား သက္ေရာက္မႈ ရွိႏုိင္ပါတယ္။

လာမယ့္ႏွစ္ကစျပီး မန္စီးတီးက ဥေရာပဝင္ကစားခြင့့္ ရေတာ့မွာ မဟုတ္သလို ျပည္တြင္းမွာလည္း ရမွတ္ေလ်ာ့ ပစ္ဒဏ္မ်ိဳးကို က်ခံရဖို႔ရွိေနပါတယ္။ ဒါဟာ ဥေရာပဝင္ခြင့္အတြက္ ေနရာတစ္ေနရာအတြက္ အျပိဳင္အဆုိင္ျဖစ္ေနတဲ့ ခ်ယ္ဆီး၊ စပါး၊ ရွက္ဖီးတို႔အတြက္ သိပ္မဆိုးတဲ့ သတင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။

မန္ေနဂ်ာလမ္းပတ္နဲ႔ အသင္းသားေတြက ငယ္ရြယ္လြန္းတာေၾကာင့္ စိန္ေခၚမႈေတြကို ရင္ဆိုင္ျပီး ဖိအားေတြ ရွိလာခ်ိန္မွာ တည္ျငိမ္မႈ အနည္းငယ္ ပ်က္ျပားေနတာပါ။ ဒါေပမယ့္လည္း ခ်ယ္ဆီးဟာ အဆင့္ ၄ ကေနကို အေပၚကို ပိုတက္ႏုိင္တဲ့ အလားအလာေတြ ရွိေနဆဲပါ။

ဝင္ခြင့္တစ္ေနရာအတြက္ ခ်ယ္ဆီးကို ဖိအားေပးဖို႔ ပရီးမီးယားလိဂ္တန္းတက္ ရွက္ဖီးက အေကာင္းဆံုး လုပ္ေဆာင္ေနသလို မန္ေနဂ်ာ ေမာ္ရင္ညိဳ ကုိင္တြယ္ေနတဲ့ စပါးကလည္း အခြင့္အေရး ရွိေနပါတယ္။ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကြင္းလယ္ဖန္တီးရွင္ ဖာနန္ဒက္စ္ကို ေခၚယူႏုိင္ခဲ့တဲ့ ယူႏုိက္တက္ကလည္း ေတာင့္တင္းတဲ့ လူစာရင္းကို ပိုင္ဆုိင္လာခဲ့ပါတယ္။

အဆင့္ေလးေနရာကေန ရာသီကုန္ ဥေရာပဝင္ခြင့္က အသင္းေတြအတြက္ အေရးပါေနခဲ့ျပီး မန္စီးတီး ျပစ္ဒဏ္ရရွိသြားျခင္းေၾကာင့္ အေျပာင္းအလဲတစ္ရပ္အျဖစ္ အဆင့္ေလးအတြင္း အသင္းေတြတင္မကပဲ အဆင့္ ၅ က ေနရာက အသင္းကပါ ဥေရာပဝင္ခြင့္ ရရွိသြားေတာ့မွာျဖစ္ပါတယ္။