ဇီယက်နဲ့ ချယ်ဆီးသတင်းကို အတည်ပြုပြီး ကျေးဇူးတင်စကားပါ ကြိုတင်ပြောဆိုတဲ့ အေဂျက်မန်နေဂျာ

အေဂျက်မန်နေဂျာ အဲရစ်တန်ဟက်က ၎င်းတို့ ကစားသမားဖြစ်သူ ဇီယက်ကို ချယ်ဆီးအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ သတင်းတွေကို အတည်ပြုပေးသွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နွေအပြောင်းအရွှေ့အတွက် အကြို သဘောတူညီမှု အဖြစ် အေဂျက်တောင်ပံသမား ဇီယက်ကို ယူရို ၄၅ သန်း ဝန်းကျင်န့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာပါ။ ချယ်ဆီးဘက်က ဇန်နဝါရီမှာတင် ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အေဂျက်ဘက်က ရာသီအကုန် နွေအပြောင်းအရွှေ့မှ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိခဲ့တာဖြစ်တယ်။

ကလပ်နှစ်သင်းကြား အပြီးသတ် သဘောတူညီမှု ရခဲ့ပြီလို့ ယုံကြည်ရပြီး ဇီယက်ဟာ မန်နေဂျာလမ်းပတ်ရဲ့ ချယ်ဆီး မန်နေဂျာဘဝ ပထမဆုံး လက်မှတ်ထိုးမှုလည်း ဖြစ်လာမှာဖြစ်တယ်။ ဒီကနေ မနက်မှာတော့ တိုက်စစ်သမားရဲ့ အပြောင်းအရွှေ့ကို အဲရစ်တန်ဟက် ကိုယ်တိုင်က ဖွင့်ဟသွားခဲ့ပါတယ်။

” ချယ်ဆီးကို ဇီယက် ပြောင်းရွှေ့တဲ့ ကိစ္စလား? အပြောင်းအရွှေ့က ဖြစ်လာနေတယ် ပြီးမြောက်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

တန်ဟက်ကပဲ ” ဇီယက် ဘာကိုလိုချင်လဲဆိုတာကို ကျနော် အချိန်ကြာကြီးကတည်းက သိပါတယ်။ သူ့မှာလည်း ကိုယ်ပိုင် ရည်မှန်းချက် ရှိနေတာပါ။ ဘယ်လို အသင်းတွေက သူ့ကို စိတ်ဝင်စားနေလဲဆိုတာ သူသိတယ်။ ချယ်ဆီးက ထူးချွန်တဲ့ ကလပ်ပါ။ နောက်ဆုံးမှာတော့ သူ့အတွက် ကျနော် ဂုဏ်ယူရပါတယ်။

ဒီအပြောင်းအရွှေ့ကို လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်တည်းက ဖြစ်လာမယ်လို့ ကျနော် ထင်ခဲ့တာပါ။ အကြိမ်တိုင်းမှာလည်း ဇီယက်က အသင်းမှာ ဆက်နေပေးခဲ့ပြန်ပြီလို့ အံ့အားသင့်မိရတာပါပဲ။ သူ့ကို ရာသီကုန်ထိ ဆက်ထိန်းလိုက်နိုင်တာကိုတော့ ပျော်ရွှင်ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၆ ခုနှစ်မှာ တွမ်တိအသင်းကနေ အေဂျက်ကို ပြောင်းခဲ့ပြီးနောက်ပိုင်း ပွဲထွက်ကစားတဲ့ ၁၅၉ ပွဲမှာ ကိုယ်တိုင် ၄၈ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၈၂ ကြိမ်ထိ လုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ZAWGYI

ေအဂ်က္မန္ေနဂ်ာ အဲရစ္တန္ဟက္က ၄င္းတို႔ ကစားသမားျဖစ္သူ ဇီယက္ကို ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီဆိုတဲ့ သတင္းေတြကို အတည္ျပဳေပးသြားခဲ့ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔အတြက္ အၾကိဳ သေဘာတူညီမႈ အျဖစ္ ေအဂ်က္ေတာင္ပံသမား ဇီယက္ကို ယူရို ၄၅ သန္း ဝန္းက်င္န႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာပါ။ ခ်ယ္ဆီးဘက္က ဇန္နဝါရီမွာတင္ ေခၚယူႏုိင္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ေအဂ်က္ဘက္က ရာသီအကုန္ ေႏြအေျပာင္းအေရႊ႔မွ ထြက္ခြာခြင့္ေပးဖို႔ ဆႏၵရွိခဲ့တာျဖစ္တယ္။

ကလပ္ႏွစ္သင္းၾကား အျပီးသတ္ သေဘာတူညီမႈ ရခဲ့ျပီလို႔ ယံုၾကည္ရျပီး ဇီယက္ဟာ မန္ေနဂ်ာလမ္းပတ္ရဲ႕ ခ်ယ္ဆီး မန္ေနဂ်ာဘဝ ပထမဆံုး လက္မွတ္ထိုးမႈလည္း ျဖစ္လာမွာျဖစ္တယ္။ ဒီကေန မနက္မွာေတာ့ တိုက္စစ္သမားရဲ႕ အေျပာင္းအေရႊ႔ကို အဲရစ္တန္ဟက္ ကိုယ္တိုင္က ဖြင့္ဟသြားခဲ့ပါတယ္။

” ခ်ယ္ဆီးကို ဇီယက္ ေျပာင္းေရႊ႔တဲ့ ကိစၥလား? အေျပာင္းအေရႊ႔က ျဖစ္လာေနတယ္ ျပီးေျမာက္သြားမယ္လို႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တန္ဟက္ကပဲ ” ဇီယက္ ဘာကိုလိုခ်င္လဲဆိုတာကို က်ေနာ္ အခ်ိန္ၾကာၾကီးကတည္းက သိပါတယ္။ သူ႔မွာလည္း ကိုယ္ပိုင္ ရည္မွန္းခ်က္ ရွိေနတာပါ။ ဘယ္လို အသင္းေတြက သူ႔ကို စိတ္ဝင္စားေနလဲဆိုတာ သူသိတယ္။ ခ်ယ္ဆီးက ထူးခၽြန္တဲ့ ကလပ္ပါ။ ေနာက္ဆံုးမွာေတာ့ သူ႔အတြက္ က်ေနာ္ ဂုဏ္ယူရပါတယ္။

ဒီအေျပာင္းအေရႊ႔ကို လြန္ခဲ့တဲ့ ၁ ႏွစ္ ၂ ႏွစ္ေလာက္တည္းက ျဖစ္လာမယ္လို႔ က်ေနာ္ ထင္ခဲ့တာပါ။ အၾကိမ္တိုင္းမွာလည္း ဇီယက္က အသင္းမွာ ဆက္ေနေပးခဲ့ျပန္ျပီလို႔ အံ့အားသင့္မိရတာပါပဲ။ သူ႔ကို ရာသီကုန္ထိ ဆက္ထိန္းလိုက္ႏုိင္တာကိုေတာ့ ေပ်ာ္ရႊင္ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၆ ခုႏွစ္မွာ တြမ္တိအသင္းကေန ေအဂ်က္ကို ေျပာင္းခဲ့ျပီးေနာက္ပိုင္း ပြဲထြက္ကစားတဲ့ ၁၅၉ ပြဲမွာ ကိုယ္တိုင္ ၄၈ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၈၂ ၾကိမ္ထိ လုပ္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။