ဇီယက်အတွက် ဆုတောင်းပေးတဲ့ အသင်းဖော်များ၊ ဒေါ့မွန်ကထွက်မယ့် ဆန်ချို ချယ်ဆီး နံနက်ခင်းသတင်းများ

ဇီယက်နဲ့ ချယ်ဆီးကြား လက်မှတ်ထိုးဖို့ သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အဆုံးသတ်လုနီးပါးဖြစ်ပြီး ချယ်ဆီးဘက်က အေဂျက်ကို ယူရို ၄၅ သန်း ပေးရပါမယ်လို့ Fabrizio Romano က အတည်ပြုပါတယ်။

အေဂျက်မန်နေဂျာ တန်ဂန်က ဇီယက်ကို လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်တည်းက အသင်းပြောင်းသွားမယ်လို့ ထင်ခဲ့ပေမယ့် သူက ဆက်နေခဲ့ပြီး ဒီရာသီမှာလည်း ရာသီကုန်ထိ ဆက်နေပေးမှာဖြစ်တာကြောင့် ပျော်ရွှင်မိပါတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

အေဂျက်အသင်းဖော် ဗန်ဒါဘိခ်က ” ဇီယက်ရဲ့ အပြောင်းအရွှေ့အကြောင်း ကျနေ်ာတို့ သိထားပြီး သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ချယ်ဆီးက အသင်းကောင်းပါ သူနဲ့လည်း ထိုက်တန်ပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ကလပ်အသင်း အများအပြားနဲ့ ကိုက်ညီသူပါ ” လို့ ဆိုသွားပါတယ်။

နွေအပြောင်းအရွှေ့မှာ ဆန်ချိုဟာ ဒေါ့မွန်ကို သေချာပေါက် စွန့်ခွာတော့မှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်က ရေပန်းအစားဆုံးဖြစ်ပြီး စိတ်ဝင်စားမှု အရှိဆုံးအသင်းထဲမှာ ချယ်ဆီးလည်း ပါဝင်ထားပါတယ်။

ချယ်ဆီးဟာ ဆူဆိုလိုအို ကွင်းလယ်လူ ဘိုဂါကို ပေါင် ၁၂.၇ သန်းနဲ့ လန်ဒန်ထံ ပြန်လည် ခေါ်ယူဖို့နဲ့ ပက်သက်ပြီး စကားပြောမှု စတင်ဖို့ ပြင်ဆင်နေပါပြီ။

ဝုဗ်ကို ၇ ဂိုးပြတ် အနိုင်ရမှုမှာ သွင်းဂိုး ၅ ဂိုးအတွက် ပါဝင်ပက်သက်ခဲ့တဲ့ ချယ်ဆီး လူငယ်ကစားသမား ဘရိုဂျာဟာ အကယ်ဒမီ တိုက်စစ်သမားတွေထဲမှာ အလားအလာအကောင်းဆုံးဖြစ်ပြီး စီနီယာအသင်းထံ တိုးတက်ရောက်ရှိလာနိုင်သူလို့ နာမည်ရနေပါတယ်။

ချယ်ဆီးအသင်းက လူငယ်ကစားသမား ဘီလီ ဂေးလ်မားကို လမ်းပတ်ရဲ့ စီနီယာအသင်းကြီးထံ ခေါ်ယူပြီး လူစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အတည်ပြုလိုက်ခြင်းကြောင့် ကစားသမား ဘ၀ အတွက် ရည်မှန်းချက်ကြီး ရှိတဲ့ ဂေးလ်မားက ကျေနပ် ပျော်ရွှင်နေပြီး စိန်ခေါ်မှုတွေ အတွက် တက်ကြွနေပါတယ်။

ZAWGYI

ဇီယက္နဲ႔ ခ်ယ္ဆီးၾကား လက္မွတ္ထိုးဖို႔ သေဘာတူညီမႈ ရထားျပီျဖစ္ပါတယ္။ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ အဆံုးသတ္လုနီးပါးျဖစ္ျပီး ခ်ယ္ဆီးဘက္က ေအဂ်က္ကို ယူရို ၄၅ သန္း ေပးရပါမယ္လို႔ Fabrizio Romano က အတည္ျပဳပါတယ္။

ေအဂ်က္မန္ေနဂ်ာ တန္ဂန္က ဇီယက္ကို လြန္ခဲ့တဲ့ တစ္ႏွစ္ ႏွစ္ႏွစ္တည္းက အသင္းေျပာင္းသြားမယ္လို႔ ထင္ခဲ့ေပမယ့္ သူက ဆက္ေနခဲ့ျပီး ဒီရာသီမွာလည္း ရာသီကုန္ထိ ဆက္ေနေပးမွာျဖစ္တာေၾကာင့္ ေပ်ာ္ရႊင္မိပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ေအဂ်က္အသင္းေဖာ္ ဗန္ဒါဘိခ္က ” ဇီယက္ရဲ႕ အေျပာင္းအေရႊ႔အေၾကာင္း က်ေန္ာတို႔ သိထားျပီး သူ႔ကို အေကာင္းဆံုး ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ခ်ယ္ဆီးက အသင္းေကာင္းပါ သူနဲ႔လည္း ထိုက္တန္ပါတယ္။ သူက ထူးခၽြန္တဲ့ ကစားသမားျဖစ္ျပီး ကလပ္အသင္း အမ်ားအျပားနဲ႔ ကိုက္ညီသူပါ ” လို႔ ဆိုသြားပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ဆန္ခ်ိဳဟာ ေဒါ့မြန္ကို ေသခ်ာေပါက္ စြန္႔ခြာေတာ့မွာျဖစ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ ယူႏုိက္တက္က ေရပန္းအစားဆံုးျဖစ္ျပီး စိတ္ဝင္စားမႈ အရွိဆံုးအသင္းထဲမွာ ခ်ယ္ဆီးလည္း ပါဝင္ထားပါတယ္။

ခ်ယ္ဆီးဟာ ဆူဆိုလိုအို ကြင္းလယ္လူ ဘိုဂါကို ေပါင္ ၁၂.၇ သန္းနဲ႔ လန္ဒန္ထံ ျပန္လည္ ေခၚယူဖို႔နဲ႔ ပက္သက္ျပီး စကားေျပာမႈ စတင္ဖို႔ ျပင္ဆင္ေနပါျပီ။

ဝုဗ္ကို ၇ ဂိုးျပတ္ အႏုိင္ရမႈမွာ သြင္းဂိုး ၅ ဂိုးအတြက္ ပါဝင္ပက္သက္ခဲ့တဲ့ ခ်ယ္ဆီး လူငယ္ကစားသမား ဘရိုဂ်ာဟာ အကယ္ဒမီ တိုက္စစ္သမားေတြထဲမွာ အလားအလာအေကာင္းဆံုးျဖစ္ျပီး စီနီယာအသင္းထံ တိုးတက္ေရာက္ရွိလာႏုိင္သူလို႔ နာမည္ရေနပါတယ္။

ခ်ယ္ဆီးအသင္းက လူငယ္ကစားသမား ဘီလီ ေဂးလ္မားကို လမ္းပတ္ရဲ႕ စီနီယာအသင္းၾကီးထံ ေခၚယူျပီး လူစာရင္းထဲ ထည့္သြင္းလိုက္ေၾကာင္း အတည္ျပဳလိုုက္ျခင္းေၾကာင့္ ကစားသမား ဘ၀ အတြက္ ရည္မွန္္းခ်က္ၾကီး ရွိတဲ့ ေဂးလ္မားက ေက်နပ္ ေပ်ာ္ရႊင္ေနျပီး စိန္ေခၚမႈေတြ အတြက္ တက္ၾကြေနပါတယ္။