BREAKING: အေဂျက်မှ ဇီယက်ကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ အေဂျက်တိုက်စစ်အားသန် ကစားသမား ဇီယက်ကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း နယ်သာလန်သတင်းဌာနတွေက အတည်ပြုသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အေးဂျက်တောင်ပံသမား ဇီးယက်ကို ခေါ်ယူဖို့ ကင်းထောက် စောင့်ကြည့်မှုကို ရာသီဝက် တစ်ခုလုံး လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်း ကြိုသိထားရတာပါ။ နယ်သာလန်သတင်းတွေကတော့ ချယ်ဆီးတာဝန်ရှိသူတွေက မန်နေဂျာလမ်းပတ် အလိုရှိတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဒီရာသီမှာတင် ကြိုတင် ခေါ်ယူခဲ့တာလို့ သိရတယ်။

အသက် ၂၇ နှစ် အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့တဲ့ အေဂျက်အသင်းမှာ အဓိက အသင်းသား အဖြစ် ပါဝင်ခဲ့သူပါ။ အေဂျက်ဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့လို အင်အားကြီး အသင်းတွေကို ကျော်ဖြတ် အနိုင်ယူခဲ့ပြီး စပါးအသင်းကို ရှုံးလို့သာ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

မနှစ်တုန်းက တောက်ပတဲ့ လူငယ်ကစားသမားတွေနဲ့ ကစားသမားကောင်းတွေ များစွာ ပေါ်ထွက်လာတဲ့အထဲမှာ နယ်သာလန်ကလပ် အေဂျက်အသင်းမှ အသင်းသား အများအပြားလည်း ပါဝင်ပါတယ်။ ဇီယက်ဟာ ကွင်းလယ်နေရာကော တောင်ပံနေရာမှာပါ ကစားနိုင်သူဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးဟာ ယူရို ၄၅ သန်းပဲ ကျသင့်တာပါ။

ဇီယက်ဟာ တစ်ရာသီလုံး သူပြသထားတဲ့ ခြေစွမ်းတွေကြောင့် မနှစ်က အေဂျက်ရဲ့ တစ်ရာသီ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။ သူဟာ ပြည်တွင်းဖလားနှစ်လုံး အနိုင်ရ အေဂျက်အတွက် သွင်းဂိုး ၂၁ ဂိုး သွင်းယူပေးခဲ့သလို ဂိုးထောက်ပံ့မှု ၂၄ ကြိမ်ထိ ပြုလုပ်ပေးခဲ့သူလည်းဖြစ်တယ်။

ဒီရာသီ နယ်သာလန်လိဂ်မှာလည်း ကိုယ်တိုင် ၆ ဂိုးသွင်းယူကာ ဂိုးထောက်ပံ့မှု ၁၂ ကြိမ်ထိ လုပ်ထားပေးသူဖြစ်တယ်။ ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၃ ဂိုး ရယူထားပါတယ်။ သူ့ကို ခေါ်ယူလိုတာက ချယ်ဆီး တိုက်စစ်ပိုင်းမှာ လိုအပ်နေတဲ့ ဖန်တီးမှုတွေအတွက် အကျိုးသက်ရောက်မှာဖြစ်ပြီး နွေမှ အပြီးသတ် ပြောင်းလာမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္တိုက္စစ္အားသန္ ကစားသမား ဇီယက္ကို ယူရို ၄၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ေၾကာင္း နယ္သာလန္သတင္းဌာနေတြက အတည္ျပဳသြားျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ေအးဂ်က္ေတာင္ပံသမား ဇီးယက္ကို ေခၚယူဖို႔ ကင္းေထာက္ ေစာင့္ၾကည့္မႈကို ရာသီဝက္ တစ္ခုလံုး လုပ္ေဆာင္သြားေတာ့မွာျဖစ္ေၾကာင္း ၾကိဳသိထားရတာပါ။ နယ္သာလန္သတင္းေတြကေတာ့ ခ်ယ္ဆီးတာဝန္ရွိသူေတြက မန္ေနဂ်ာလမ္းပတ္ အလိုရွိတဲ့ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ ဒီရာသီမွာတင္ ၾကိဳတင္ ေခၚယူခဲ့တာလို႔ သိရတယ္။

အသက္ ၂၇ နွစ္ အရြယ္ ကြင္းလယ္ကစားသမားဟာ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ထိ ေရာက္ခဲ့တဲ့ ေအဂ်က္အသင္းမွာ အဓိက အသင္းသား အျဖစ္ ပါ၀င္ခဲ့သူပါ။ ေအဂ်က္ဟာ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္တို႔လို အင္အားၾကီး အသင္းေတြကို ေက်ာ္ျဖတ္ အနိုင္ယူခဲ့ျပီး စပါးအသင္းကို ရွံဳးလို႔သာ ဗိုလ္လုပြဲနဲ႕ လြဲေခ်ာ္ခဲ့ရပါတယ္။

မႏွစ္တုန္းက ေတာက္ပတဲ့ လူငယ္ကစားသမားေတြနဲ႔ ကစားသမားေကာင္းေတြ မ်ားစြာ ေပၚထြက္လာတဲ့အထဲမွာ နယ္သာလန္ကလပ္ ေအဂ်က္အသင္းမွ အသင္းသား အမ်ားအျပားလည္း ပါဝင္ပါတယ္။ ဇီယက္ဟာ ကြင္းလယ္ေနရာေကာ ေတာင္ပံေနရာမွာပါ ကစားႏုိင္သူျဖစ္ျပီး သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးဟာ ယူရို ၄၅ သန္းပဲ က်သင့္တာပါ။

ဇီယက္ဟာ တစ္ရာသီလံုး သူျပသထားတဲ့ ေျခစြမ္းေတြေၾကာင့္ မႏွစ္က ေအဂ်က္ရဲ႕ တစ္ရာသီ အေကာင္းဆံုးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါေသးတယ္။ သူဟာ ျပည္တြင္းဖလားႏွစ္လံုး အႏုိင္ရ ေအဂ်က္အတြက္ သြင္းဂိုး ၂၁ ဂိုး သြင္းယူေပးခဲ့သလို ဂိုးေထာက္ပံ့မႈ ၂၄ ၾကိမ္ထိ ျပဳလုပ္ေပးခဲ့သူလည္းျဖစ္တယ္။

ဒီရာသီ နယ္သာလန္လိဂ္မွာလည္း ကိုယ္တိုင္ ၆ ဂိုးသြင္းယူကာ ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ထိ လုပ္ထားေပးသူျဖစ္တယ္။ ခ်န္ပီယံလိဂ္မွာလည္း သြင္းဂိုး ၃ ဂိုး ရယူထားပါတယ္။ သူ႔ကို ေခၚယူလိုတာက ခ်ယ္ဆီး တိုက္စစ္ပိုင္းမွာ လိုအပ္ေနတဲ့ ဖန္တီးမႈေတြအတြက္ အက်ိဳးသက္ေရာက္မွာျဖစ္ျပီး ေႏြမွ အျပီးသတ္ ေျပာင္းလာမွာ ျဖစ္ပါတယ္။