ပြန်ဝယ်ခွင့်တွေနဲ့ ချယ်ဆီး စဉ်းစားနေရသူများ၊ လီဗာပူး မကျေနပ်တဲ့ အက်ဖ်အေပွဲနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီး၊ လီဗာပူးတို့ အပြင် အင်တာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို မက်ဒရစ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာ ရဲ့ လာမယ့်နွေရာသီ တန်ကြေးက ပေါင် ၅၁ သန်း ဝန်းကျင် ရှိမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေမှာ ချယ်ဆီးကို ကျော်ဖြတ်ပြီး ဒေါ့မွန်အသင်းမှ ဆန်ချိုကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနများ က ဖော်ပြနေပါတယ်။

ချယ်ဆီးက ရောင်းချထားတဲ့ ဘုန်းမောက် ခံစစ်မှူး အကီကို လာမယ့်နွေအထိ ပြန်လည် ဝယ်ယူခွင့် အသက်ဝင်ဆဲ ဖြစ်ပြီး ပေါင် သန်း ၄၀ နဲ့ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွက် လီဗာပူးအသင်းက ပွဲကြည့်စင်မှာ ၅၄၆၆ ခုံ အရေအတွက် ခွဲတမ်း ရရှိထားပြီး လီဗာပူးအသင်းက ရသင့်တဲ့ ၁၅% ထက် နည်းပါးနေတာကြောင့် အက်ဖ်အေထံ စောဒကတက် တောင်းဆိုထားပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ချယ်ဆီးအသင်းဟာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးလို့ မိုက်ကယ် ဘောလက်က ခန့်မှန်းလိုက်ပါတယ်။ အတွေ့အကြုံနဲ့ သဘာပိုင်းမှာ ချယ်ဆီးက ဘိုင်ယန်ကို မယှဉ်နိုင်သေးဘူး ၎င်းကဆိုပါတယ်။

အီတလီ စီးရီးအေမှာ ဆက်ဆိုလို အသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ အသက် ၂၃ နှစ် အရွယ် ကွင်းလယ်ကစားသမား ဂျယ်ရီမီ ဘော့ဂါကို ချယ်ဆီးအသင်းက ပြန်ခေါ်ဖို့ စဉ်းစားနေပါတယ်။ ပြင်သစ်သားဟာ ၂၀၁၈ မှာ ချယ်ဆီးက ရောင်းချခံခဲ့ရတာ ဖြစ်ပြီး လန်ဒန်ကလပ်က အလိုရှိရင် ပေါင် ၁၂.၇ သန်းနဲ့ ပြန် ဝယ်ခွင့် ရရှိဦးမှာပါ။

Zawgyi – ခ်ယ္ဆီး၊ လီဗာပူးတို႔ အျပင္ အင္တာ၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကို မက္ဒရစ္တို႔ အျပိဳင္ စိတ္၀င္စားေနတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာ ရဲ႕ လာမယ့္ေႏြရာသီ တန္ေၾကးက ေပါင္ ၅၁ သန္း ၀န္းက်င္ ရွိမယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ေႏြမွာ ခ်ယ္ဆီးကို ေက်ာ္ျဖတ္ျပီး ေဒါ့မြန္အသင္းမွ ဆန္ခ်ိဳကို ေခၚယူနုိင္မယ္လုိ႔ ယံုၾကည္မႈ ရွိေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနမ်ား က ေဖာ္ျပေနပါတယ္။

ခ်ယ္ဆီးက ေရာင္းခ်ထားတဲ့ ဘုန္းေမာက္ ခံစစ္မွဴး အကီကို လာမယ့္ေႏြအထိ ျပန္လည္ ၀ယ္ယူခြင့္ အသက္၀င္ဆဲ ျဖစ္ျပီး ေပါင္ သန္း ၄၀ နဲ႕ ၀ယ္ယူနိုင္ဦးမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႕ အက္ဖ္ေအဖလား ပြဲစဥ္အတြက္ လီဗာပူးအသင္းက ပြဲၾကည့္စင္မွာ ၅၄၆၆ ခံု အေရအတြက္ ခြဲတမ္း ရရွိထားျပီး လီဗာပူးအသင္းက ရသင့္တဲ့ ၁၅% ထက္ နည္းပါးေနတာေၾကာင့္ အက္ဖ္ေအထံ ေစာဒကတက္ ေတာင္းဆိုထားပါတယ္။

ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ခ်ယ္ဆီးအသင္းဟာ ျပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္ကို ျဖတ္ေက်ာ္နုိင္မွာ မဟုတ္ဘူးလို႔ မိုက္ကယ္ ေဘာလက္က ခန္႔မွန္းလိုက္ပါတယ္။ အေတြ႕အၾကံဳနဲ႕ သဘာပိုင္းမွာ ခ်ယ္ဆီးက ဘိုင္ယန္ကို မယွဥ္နိုင္ေသးဘူး ၄င္းကဆိုပါတယ္။

အီတလီ စီးရီးေအမွာ ဆက္ဆိုလို အသင္းနဲ႕ အတူ ေျခစြမ္းျပေနတဲ့ အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္ကစားသမား ဂ်ယ္ရီမီ ေဘာ့ဂါကို ခ်ယ္ဆီးအသင္းက ျပန္ေခၚဖို႔ စဥ္းစားေနပါတယ္။ ျပင္သစ္သားဟာ ၂၀၁၈ မွာ ခ်ယ္ဆီးက ေရာင္းခ်ခံခဲ့ရတာ ျဖစ္ျပီး လန္ဒန္ကလပ္က အလိုရွိရင္ ေပါင္ ၁၂.၇ သန္းနဲ႕ ျပန္ ၀ယ္ခြင့္ ရရွိဦးမွာပါ။