ဖီယင်နု ကြယ်ပွင့်ကို အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းမှုလုပ်ဖို့ စီစဉ်နေတဲ့ ချယ်ဆီး

ချယ်ဆီးဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ တူရကီကွင်းလယ်လူ Orkun Kokcu ကို ခေါ်ယူဖို့ရာ အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းမယ်လို့ ဒေးလီးမေးက ဖော်ပြသွားပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီမှာ ဖီယင်နုအတွက် နေရာရလာသူဖြစ်ပြီး အမှတ်ပေးပွဲ ၁၈ ပွဲ ပါဝင်ကစားကာ ၂ ဂိုး သွင်းယူထားသူဖြစ်တယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၅ သန်း ကျသင့်မယ်လို့ သိရပြီး ၂၀၂၀ ယူရို ပြိုင်ပွဲမတိုင်ခင် အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းမှုလုပ်ဖွယ် ရှိနေပါတယ်။

လူငယ်ကစားသမားတွေကို ကိုင်တွယ်ဖို့ စိတ်ဝင်စားတဲ့ လမ်းပတ်ဟာ ဆယ်ကျော်သက်လေးရဲ့ အလားအလာကို နှစ်သက်မှုတွေ ရှိတာကြောင့် လန်ဒန်ပြိုင်ဘက်နဲ့အပြိုင် ကမ်းလှမ်းမှု လုပ်မယ်လို့ သတင်းထွက်လာတာပါ။ နယ်သာလန်မှာ မွေးဖွားခဲ့ပြီး ယူ-၁၈ နဲ့ ယူ-၁၉ အသင်းတွေမှာ ကိုယ်စားပြုခဲ့ပေမယ့် ယူ-၂၁ ကိုတော့ တူရကီကို ပြောင်းလဲ ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။

သူဟာ ယူ-၂၁ ဥရောပ လူငယ်ပြိုင်ပွဲမှာလည်း တူရကီအတွက် ပါဝင်ကစားပေးခဲ့သေးသူဖြစ်တယ်။ သက်တမ်းအလိုက်တွေမှာ ခြေစွာခဲ့တာကြောင့် ဒီရာသီမှာ ဖီယင်နုက သူ့ကို ထည့်သုံးလာတာဖြစ်ကာ တစ်ရာသီလုံး အနေအထားအဖြစ် ပြိုင်ပွဲစုံ ၂၉ ပွဲထိ ကစားထားကာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။

နွေမှာ ကစားသမား ခေါ်ယူမှုတွေ လုပ်တဲ့အခါ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေကို အဓိက ခေါ်ယူဖို့ ချယ်စီးဘက်က စီစဉ်ထားပါတယ်။ အထူးသဖြင့် မန်နေဂျာကွန်တီလက်ထက် မှားယွင်းတဲ့ ခေါ်ယူမှုတွေက အသင်းရဲ့ အင်အားတောင့်တင်းမှုကို ထိခိုက်စေခဲ့တာကြောင့် အသင်းပေါ်လစီပိုင်း တင်းကျပ်ထားဖို့ကို စီစဉ်ထားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ နယ္သာလန္ကလပ္ ဖီယင္ႏုအသင္းမွ တူရကီကြင္းလယ္လူ Orkun Kokcu ကို ေခၚယူဖို႔ရာ အာဆင္နယ္နဲ႔အျပိဳင္ ကမ္းလွမ္းမယ္လို႔ ေဒးလီးေမးက ေဖာ္ျပသြားပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီရာသီမွာ ဖီယင္ႏုအတြက္ ေနရာရလာသူျဖစ္ျပီး အမွတ္ေပးပြဲ ၁၈ ပြဲ ပါဝင္ကစားကာ ၂ ဂိုး သြင္းယူထားသူျဖစ္တယ္။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၅ သန္း က်သင့္မယ္လို႔ သိရျပီး ၂၀၂၀ ယူရို ျပိဳင္ပြဲမတိုင္ခင္ အာဆင္နယ္နဲ႔အျပိဳင္ ကမ္းလွမ္းမႈလုပ္ဖြယ္ ရွိေနပါတယ္။

လူငယ္ကစားသမားေတြကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားတဲ့ လမ္းပတ္ဟာ ဆယ္ေက်ာ္သက္ေလးရဲ႕ အလားအလာကို ႏွစ္သက္မႈေတြ ရွိတာေၾကာင့္ လန္ဒန္ျပိဳင္ဘက္နဲ႔အျပိဳင္ ကမ္းလွမ္းမႈ လုပ္မယ္လို႔ သတင္းထြက္လာတာပါ။ နယ္သာလန္မွာ ေမြးဖြားခဲ့ျပီး ယူ-၁၈ နဲ႔ ယူ-၁၉ အသင္းေတြမွာ ကိုယ္စားျပဳခဲ့ေပမယ့္ ယူ-၂၁ ကိုေတာ့ တူရကီကို ေျပာင္းလဲ ကိုယ္စားျပဳခဲ့တာျဖစ္ပါတယ္။

သူဟာ ယူ-၂၁ ဥေရာပ လူငယ္ျပိဳင္ပြဲမွာလည္း တူရကီအတြက္ ပါဝင္ကစားေပးခဲ့ေသးသူျဖစ္တယ္။ သက္တမ္းအလိုက္ေတြမွာ ေျခစြာခဲ့တာေၾကာင့္ ဒီရာသီမွာ ဖီယင္ႏုက သူ႔ကို ထည့္သံုးလာတာျဖစ္ကာ တစ္ရာသီလံုး အေနအထားအျဖစ္ ျပိဳင္ပြဲစံု ၂၉ ပြဲထိ ကစားထားကာ ကိုယ္တိုင္ ၃ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ လုပ္ထားႏုိင္တာ ျဖစ္ပါတယ္။

ေႏြမွာ ကစားသမား ေခၚယူမႈေတြ လုပ္တဲ့အခါ ငယ္ရြယ္ျပီး အရည္အခ်င္းရွိတဲ့ ကစားသမားေတြကို အဓိက ေခၚယူဖို႔ ခ်ယ္စီးဘက္က စီစဥ္ထားပါတယ္။ အထူးသျဖင့္ မန္ေနဂ်ာကြန္တီလက္ထက္ မွားယြင္းတဲ့ ေခၚယူမႈေတြက အသင္းရဲ႕ အင္အားေတာင့္တင္းမႈကို ထိခိုက္ေစခဲ့တာေၾကာင့္ အသင္းေပၚလစီပိုင္း တင္းက်ပ္ထားဖို႔ကို စီစဥ္ထားဖြယ္ ရွိေနတာ ျဖစ္ပါတယ္။