၁၈ နှစ်သား လော့တပ်ချိစ် လက်သစ်လေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီး လူငယ်အသင်း ကွင်းလယ်လူ တီနို အန်ဂျိုရင်းကစားတာကို မကြည့်ဖူးတဲ့ ချယ်ဆီးပရိသတ်တွေအနေနဲ့ သူ့ရဲ့ ကစားဟန်ကို ကြည့်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းပရစေ။

အက်ဖ်အေ လူငယ်ဖလားမှာ အဓိက ပွဲထွက်နေတဲ့ အန်ဂျိုရန်းဟာ အဆိုပါ ပြိုင်ပွဲမှာ ထူးချွန်လှတဲ့ ခြေစွမ်းတွေ ပြသနေတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်မှုတွေဟာ ချယ်ဆီးအကယ်ဒမီအတွက် အားတက်စရာပဲဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းဟာ လော့တပ်ချိစ် လူငယ်အသင်းကနေ စီနီယာအသင်းကို ရောက်လာစဉ်ကနဲ့ ဆင်တူလှပါတယ်။

မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ အက်ဖ်အေလူငယ်ပွဲ ပဉ္စမအဆင့်မှာဆိုရင် အန်ဂျိုရင်းဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က တစ်ပွဲလုံးမှာ ထင်းလင်းတောက်ပနေခဲ့တာပါ။ ဘောလုံးကို ခြေထောက်ထဲမှာထိန်းထားနိုင်ပြီး ကွင်းလယ်ကနေ မောင်းနှင်ပြခဲ့တာက စီနီယာကစားသမားတစ်ဦးလို့တောင် ထင်မှတ်မှားစရာရှိပါတယ်။

ချယ်ဆီးရဲ့ တိုက်စစ်အသားပေး ကစားဟန်မှာ အင်္ဂလန်သား လူငယ်လေးဟာ ကွင်းလယ်တိုက်စစ်နေရာကနေ ကစားခဲ့တာဖြစ်ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းခဲ့ကာ ပရိသတ်တွေကို အံ့အားသင့်စေမယ့် ခြေစွမ်းတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ ကိုဟမ်ကနေ ပေါ်ထွက်လာတဲ့ အရည်အချင်းအရှိဆုံး လူငယ်ကြယ်ပွင့်ဆိုတဲ့ မှတ်ချက်တွေလည်း ရနေတာဖြစ်တယ်။

အန်ဂျိုရင်းရဲ့ အားသာချက်က ရုပ်ပိုင်းဆိုင်ရာ သန်မာမှုတင်မကပဲ ကိုယ်ဘာသာ ယုံကြည်ချက် မြင့်မားလွန်းတာဖြစ်တယ်။ သူဟာ ပြိုင်ဘက် ဧရိယာအတွင်း ဝုဗ်ခံစစ်သမားတွေကို ကျော်ဖြတ်ကာ ထူးချွန်တဲ့ ဘောလုံးစကေးကို ပြသခဲ့ပြီး သွင်းဂိုးတစ်ဂိုးကို ယုံကြည်ချက် ကောင်းကောင်းနဲ့ ရယူပြခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီး လူငယ္အသင္း ကြင္းလယ္လူ တီႏို အန္ဂ်ိဳရင္းကစားတာကို မၾကည့္ဖူးတဲ့ ခ်ယ္ဆီးပရိသတ္ေတြအေနနဲ႔ သူ႔ရဲ႕ ကစားဟန္ကို ၾကည့္ဖို႔ လိုအပ္ေနျပီလို႔ တိုက္တြန္းပရေစ။

အက္ဖ္ေအ လူငယ္ဖလားမွာ အဓိက ပြဲထြက္ေနတဲ့ အန္ဂ်ိဳရန္းဟာ အဆိုပါ ျပိဳင္ပြဲမွာ ထူးခၽြန္လွတဲ့ ေျခစြမ္းေတြ ျပသေနတာျဖစ္ျပီး ရုပ္ပိုင္းဆိုင္ရာ သန္မာမႈနဲ႔ ေပါက္ကြဲအားေကာင္းေကာင္း ကစားႏုိင္မႈေတြဟာ ခ်ယ္ဆီးအကယ္ဒမီအတြက္ အားတက္စရာပဲျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းဟာ ေလာ့တပ္ခ်ိစ္ လူငယ္အသင္းကေန စီနီယာအသင္းကို ေရာက္လာစဥ္ကနဲ႔ ဆင္တူလွပါတယ္။

မနက္က ယွဥ္ျပိဳင္ကစားခဲ့တဲ့ ဝုဗ္အသင္းနဲ႔ အက္ဖ္ေအလူငယ္ပြဲ ပဥၥမအဆင့္မွာဆိုရင္ အန္ဂ်ိဳရင္းဟာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္က တစ္ပြဲလံုးမွာ ထင္းလင္းေတာက္ပေနခဲ့တာပါ။ ေဘာလံုးကို ေျခေထာက္ထဲမွာထိန္းထားႏုိင္ျပီး ကြင္းလယ္ကေန ေမာင္းႏွင္ျပခဲ့တာက စီနီယာကစားသမားတစ္ဦးလို႔ေတာင္ ထင္မွတ္မွားစရာရွိပါတယ္။

ခ်ယ္ဆီးရဲ႕ တိုက္စစ္အသားေပး ကစားဟန္မွာ အဂၤလန္သား လူငယ္ေလးဟာ ကြင္းလယ္တိုက္စစ္ေနရာကေန ကစားခဲ့တာျဖစ္ျပီး ကိုယ္တိုင္ တစ္ဂိုးသြင္းခဲ့ကာ ပရိသတ္ေတြကို အံ့အားသင့္ေစမယ့္ ေျခစြမ္းေတြကို လုပ္ျပႏုိင္ခဲ့ပါတယ္။ ကိုဟမ္ကေန ေပၚထြက္လာတဲ့ အရည္အခ်င္းအရွိဆံုး လူငယ္ၾကယ္ပြင့္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ရေနတာျဖစ္တယ္။

အန္ဂ်ိဳရင္းရဲ႕ အားသာခ်က္က ရုပ္ပိုင္းဆိုင္ရာ သန္မာမႈတင္မကပဲ ကိုယ္ဘာသာ ယံုၾကည္ခ်က္ ျမင့္မားလြန္းတာျဖစ္တယ္။ သူဟာ ျပိဳင္ဘက္ ဧရိယာအတြင္း ဝုဗ္ခံစစ္သမားေတြကို ေက်ာ္ျဖတ္ကာ ထူးခၽြန္တဲ့ ေဘာလံုးစေကးကို ျပသခဲ့ျပီး သြင္းဂိုးတစ္ဂိုးကို ယံုၾကည္ခ်က္ ေကာင္းေကာင္းနဲ႔ ရယူျပခဲ့ေသးတာျဖစ္ပါတယ္။