ဥရောပ ဝင်ငွေအကောင်းဆုံး အသင်းအဖြစ် ထိပ်ဆုံးရောက်သွားတဲ့ ချယ်ဆီး

အားကစားဆိုင်ရာ အချက်အလက်တွေကို ဖော်ပြနေတဲ့ CIES ရဲ့ စာရင်းထုတ်ပြန်မှုအရ ဒီရာသီ အပြောင်းအရွှေ့တွေမှာ အမြတ်အများဆုံး ရတဲ့အသင်းအဖြစ် ချယ်ဆီးက ထိပ်ဆုံးကို ရောက်ရှိနေပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူခွင့် ပိတ်ခံထားရပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ် တစ်ဦးတောင် မခေါ်ယူခဲ့တဲ့ ချယ်ဆီးဟာ အသုံးစရိတ် အထွက်မရှိပဲ အဝင်ပဲရှိတာကြောင့် အသာတင် အမြတ်အများဆုံး စာရင်းမှာ အခုလို ထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ စာရင်းမှာတော့ ပရီးမီးယားလိဂ်ကလပ် တစ်သင်းမှ မပါနိုင်ခဲ့သလို လာလီဂါကလပ်တွေလည်း ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ချယ်ဆီးဟာ အပြောင်းအရွှေ့ နှစ်ခုကနေ အနည်းဆုံး ပေါင် ၁၅၀ သန်း ဝင်ငွေရရှိခဲ့တာဖြစ်ပြီး မိုရာတာ၊ ဟာဇက်တို့လို တိုက်စစ်သမားတွေ ရောင်းထုတ်ရာမှ ဝင်ငွေတွေ ရခဲ့တာဖြစ်ပါတယ်။

အသာတင် အကျိုးအမြတ်အားဖြင့် ယူရို ၂၀၅ သန်း ရခဲ့တဲ့ ချယ်ဆီးနောက် နီးနီးကပ်ကပ် လိုက်နိုင်ခဲ့တဲ့ အသင်းတွေအဖြစ် ဘင်ဖီကာ ယူရို ၁၆၆ သန်း၊ အေဂျက် ယူရို ၁၃၇ သန်း၊ စပို့တင်း ယူရို ၉၂ သန်းနဲ့ ဆဲလ်ဘတ် ယူရို ၇၅ သန်းတို့ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဝင်ရောက် လှုပ်ရှားခွင့်အတွက် အယူခံ အောင်မြင်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘူး။ ချယ်ဆီးဘက်က မာတင်၊ ကာဗာနီ၊ ဒမ်ဘီလီ အစရှိတဲ့ တိုက်စစ်သမားတွေကို ချဉ်းကပ်ရာမှာ မအောင်မြင်ခဲ့တာဖြစ်ပြီး နွေမှာတော့ ဆန်ချို၊ ဝါနာတို့လို လူငယ်တိုက်စစ်သမားတွေကို မြင့်မားတဲ့ အသုံးစရိတ်တွေနဲ့ ကမ်းလှမ်းမယ်လို့ သိထားရပါတယ်။

ZAWGYI

အားကစားဆိုင္ရာ အခ်က္အလက္ေတြကို ေဖာ္ျပေနတဲ့ CIES ရဲ႕ စာရင္းထုတ္ျပန္မႈအရ ဒီရာသီ အေျပာင္းအေရႊ႔ေတြမွာ အျမတ္အမ်ားဆံုး ရတဲ့အသင္းအျဖစ္ ခ်ယ္ဆီးက ထိပ္ဆံုးကို ေရာက္ရွိေနပါတယ္။

ေႏြရာသီ အေျပာင္းအေရႊ႔မွာ ကစားသမား ေခၚယူခြင့္ ပိတ္ခံထားရျပီး ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လူသစ္ တစ္ဦးေတာင္ မေခၚယူခဲ့တဲ့ ခ်ယ္ဆီးဟာ အသံုးစရိတ္ အထြက္မရွိပဲ အဝင္ပဲရွိတာေၾကာင့္ အသာတင္ အျမတ္အမ်ားဆံုး စာရင္းမွာ အခုလို ထိပ္ဆံုးကို ေရာက္လာခဲ့တာျဖစ္ပါတယ္။

အဆိုပါ စာရင္းမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းမွ မပါႏုိင္ခဲ့သလို လာလီဂါကလပ္ေတြလည္း ပါဝင္လာခဲ့ျခင္း မရွိပါဘူး။ ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ ႏွစ္ခုကေန အနည္းဆံုး ေပါင္ ၁၅၀ သန္း ဝင္ေငြရရွိခဲ့တာျဖစ္ျပီး မိုရာတာ၊ ဟာဇက္တို႔လို တိုက္စစ္သမားေတြ ေရာင္းထုတ္ရာမွ ဝင္ေငြေတြ ရခဲ့တာျဖစ္ပါတယ္။

အသာတင္ အက်ိဳးအျမတ္အားျဖင့္ ယူရို ၂၀၅ သန္း ရခဲ့တဲ့ ခ်ယ္ဆီးေနာက္ နီးနီးကပ္ကပ္ လိုက္ႏုိင္ခဲ့တဲ့ အသင္းေတြအျဖစ္ ဘင္ဖီကာ ယူရို ၁၆၆ သန္း၊ ေအဂ်က္ ယူရို ၁၃၇ သန္း၊ စပို႔တင္း ယူရို ၉၂ သန္းနဲ႔ ဆဲလ္ဘတ္ ယူရို ၇၅ သန္းတို႔ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ အေျပာင္းအေရႊ႔ ဝင္ေရာက္ လႈပ္ရွားခြင့္အတြက္ အယူခံ ေအာင္ျမင္ခဲ့ေပမယ့္ ေခၚယူႏုိင္ခဲ့ျခင္း မရွိဘူး။ ခ်ယ္ဆီးဘက္က မာတင္၊ ကာဗာနီ၊ ဒမ္ဘီလီ အစရွိတဲ့ တိုက္စစ္သမားေတြကို ခ်ဥ္းကပ္ရာမွာ မေအာင္ျမင္ခဲ့တာျဖစ္ျပီး ေႏြမွာေတာ့ ဆန္ခ်ိဳ၊ ဝါနာတို႔လို လူငယ္တိုက္စစ္သမားေတြကို ျမင့္မားတဲ့ အသံုးစရိတ္ေတြနဲ႔ ကမ္းလွမ္းမယ္လို႔ သိထားရပါတယ္။