အခက်တွေ့နေတဲ့ စတန်းဖို့ဘရစ် စီမံကိန်း၊ အဓိက ကွင်းလယ်တွေ မပါဘဲ လာမယ့် ပြိုင်ဘက် အပါအဝင် ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းဟာ ဒီရာသီမှာ အကယ်ဒမီ ကစားသမားတွေကို စာချုပ်သစ်များ တွန်းအားပေး ချုပ်ဆိုနေရာ နောက်ထပ် သက်တမ်းတိုးရန် စာရင်းထဲ အန်ဂျိုရင်နဲ့ မက်ဆန်တို့ ရှိနေပါတယ်။

အေဂျက်မှ ဂိုးသမား အိုနာနာဟာ လာမယ့်နွေမှာ အသင်းပြောင်းဖို့ ရှာဖွေနေပြီး ချယ်ဆီးအသင်းကလည်း ကီပါ နေရာ အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား ရှာဖွေနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

စတန်းဖို့ဘရစ်ချ် ကွင်းမှာ ကွင်းဝင် ပရိသတ် ပိုများလာအောင် တိုးချဲ့ဖို့ စီစဉ်ထားတဲ့ ချယ်ဆီးအသင်းဟာ ဆောက်လုပ်ရေး လုပ်ငန်းစဉ် ပထမ အဆင့်ကို မတ်လ ၃၁ အမှီ ပြီးစီးရမှာ ဖြစ်ပေမယ့် အခုထိ ရုပ်လုံးပေါ်အောင် ဆောင်ရွက်ထားနိုင်ခြင်း မရှိသေးဘဲ အခက်တွေ့နေပါတယ်။

လက်ကျန်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ဖို့ လူစာရင်းသစ်များ ထပ်မံ တင်သွင်းကြရာ ချယ်ဆီးအသင်း လူစာရင်းမှာ အငှား စေလွှတ်ထားတဲ့ ဘာကာယိုကို၊ ဇက်ပါကော်စတာနဲ့ ကင်နဒီတို့ ပါဝင်နေပါတယ်။

ဆောင်းရာသီ အားလပ်ရက် ပြီးပါက ချယ်ဆီး ပွဲဦးထွက် ရင်ဆိုင်ရမယ့် ယူနိုက်တက် အသင်းဘက်မှာ ကွင်းလယ်မှ ပေါ့ဘာရော တော်မီနေး ပါ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒဏ်ရာကနေ ပြန်လည် သက်သာ ကောင်းမွန်လာတဲ့ စီနီယာ ကစားသမား လော့ဖ်တပ်ချိစ်ဟာ ချယ်ဆီး U23 နဲ့ အတူ ဘရန့်ဖို့ဒ် ဘီ အသင်းနဲ့ တံခါးပိတ် ချစ်ကြည်ရေးပွဲ ပါဝင်ကစားထားပါတယ်။ လမ်းပတ်ရဲ့ စီနီယာ အသင်းကြီးမှာတော့ လော့ဖ်တပ်ချိစ် ဘယ်အချိန် ပါဝင်လာမယ် အတည်ပြုခြင်း မရှိသေးပါဘူး။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီရာသီမွာ အကယ္ဒမီ ကစားသမားေတြကို စာခ်ဳပ္သစ္မ်ား တြန္းအားေပး ခ်ဳပ္ဆိုေနရာ ေနာက္ထပ္ သက္တမ္းတိုးရန္ စာရင္းထဲ အန္ဂ်ိဳရင္နဲ႕ မက္ဆန္တို႔ ရွိေနပါတယ္။

ေအဂ်က္မွ ဂိုးသမား အိုနာနာဟာ လာမယ့္ေႏြမွာ အသင္းေျပာင္းဖို႔ ရွာေဖြေနျပီး ခ်ယ္ဆီးအသင္းကလည္း ကီပါ ေနရာ အစား၀င္နုိင္မယ့္ ထိပ္တန္း ဂိုးသမား ရွာေဖြေနတာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ ေရပန္းစားေနပါတယ္။

စတန္းဖို႔ဘရစ္ခ်္ ကြင္းမွာ ကြင္း၀င္ ပရိသတ္ ပိုမ်ားလာေအာင္ တိုးခ်ဲ႕ဖို႔ စီစဥ္ထားတဲ့ ခ်ယ္ဆီးအသင္းဟာ ေဆာက္လုပ္ေရး လုပ္ငန္းစဥ္ ပထမ အဆင့္ကို မတ္လ ၃၁ အမွီ ျပီးစီးရမွာ ျဖစ္ေပမယ့္ အခုထိ ရုပ္လံုးေပၚေအာင္ ေဆာင္ရြက္ထားနုိင္ျခင္း မရွိေသးဘဲ အခက္ေတြ႕ေနပါတယ္။

လက္က်န္ရာသီ ပရီးမီးယားလိဂ္မွာ ဆက္လက္ ယွဥ္ျပိဳင္ဖို႔ လူစာရင္းသစ္မ်ား ထပ္မံ တင္သြင္းၾကရာ ခ်ယ္ဆီးအသင္း လူစာရင္းမွာ အငွား ေစလႊတ္ထားတဲ့ ဘာကာယိုကို၊ ဇက္ပါေကာ္စတာနဲ႕ ကင္နဒီတို႔ ပါ၀င္ေနပါတယ္။

ေဆာင္းရာသီ အားလပ္ရက္ ျပီးပါက ခ်ယ္ဆီး ပြဲဦးထြက္ ရင္ဆိုင္ရမယ့္ ယူနိုက္တက္ အသင္းဘက္မွာ ကြင္းလယ္မွ ေပါ့ဘာေရာ ေတာ္မီေနး ပါ ပါ၀င္နုိင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဒဏ္ရာကေန ျပန္လည္ သက္သာ ေကာင္းမြန္လာတဲ့ စီနီယာ ကစားသမား ေလာ့ဖ္တပ္ခ်ိစ္ဟာ ခ်ယ္ဆီး U23 နဲ႕ အတူ ဘရန္႔ဖို႔ဒ္ ဘီ အသင္းနဲ႕ တံခါးပိတ္ ခ်စ္ၾကည္ေရးပြဲ ပါ၀င္ကစားထားပါတယ္။ လမ္းပတ္ရဲ႕ စီနီယာ အသင္းၾကီးမွာေတာ့ ေလာ့ဖ္တပ္ခ်ိစ္ ဘယ္အခ်ိန္ ပါ၀င္လာမယ္ အတည္ျပဳျခင္း မရွိေသးပါဘူး။