ထိပ်တန်းမန်နေဂျာဟောင်းတွေနဲ့ နှိုင်းယှဉ်ပြီး လမ်းပတ်ရဲ့ နည်းစနစ်ကို ထောက်ခံတဲ့ ကိုဗာဆစ်

၂၀၁၈ ဘောလုံးရာသီမှာ ချယ်ဆီးကို ကာလရှည် အငှားနဲ့ ရောက်ရှိခဲ့တဲ့ ကိုဗာဆစ်ဟာ ဒီနွေမှာပဲ ကလပ်ကို အပြီးသတ် စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မနှစ်က မန်နေဂျာဆာရီလက်ထက် ယူရိုပါလိဂ် အနိုင်ရပြီး ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့ ချယ်ဆီးအသင်းအတွက် သူဟာ ၃၂ ပွဲ ပါဝင်ကစားခွင့်ရခဲ့တယ်။ ဒီရာသီမှာလည်း မန်နေဂျာလမ်းပတ်ရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။

အားကစားမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ကိုဗာဆစ်က “ ချယ်ဆီးအတွက် မန်နေဂျာသစ်ကို ကြေညာတဲ့အခါ ဘာကို မျှော်လင့်ရမယ်ဆိုတာကို ကျနော် မသေချာခဲ့ဘူး။ ဆာရီလက်ထက် ချယ်ဆီးကို ရောက်လာခဲ့ပြီး လမ်းပတ်ကလည်း မန်နေဂျာကောင်းဖြစ်ပါတယ်။

ကစားသမားဘဝမှာ ရှိခဲ့တဲ့ ပုံစံကို မန်နေဂျာတစ်ယောက်အနေနဲ့ သူဆက်ပြီး ထိန်းသိမ်းခဲ့တယ်။ အဲ့တာက ကျနေ်ာတို့ အားလုံးကို လုံ့ဆော်မှု ဖြစ်စေပါတယ်။ သူ့က ကိုယ်တိုင်လည်း အားထုတ်သလို လေ့ကျင့်ရေးက စိန်ခေါ်မှုတွေက မနှစ်ကနဲ့ ခြားနားလွန်းခဲ့တယ်။ ဒါက ဆာရီနဲ့ လမ်းပတ်ကြား အဓိက ကွာခြားမှုပဲဖြစ်ပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေမှာတော့ တူညီတဲ့ လေ့ကျင့်ရေးတွေ ရှိပပါတယ်။ ဖရန့်က တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားပြီး အချိန်ရမယ်ဆိုရင် ပိုပြီး အောင်မြင်တဲ့ မန်နျောဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်။ သူ့ရဲ့နည်းစနစ်မှာ ကျနော် ပျော်ရွှင်တယ်ဆိုတာကို ဝန်ခံရမယ်။

ဆာရီက ခံစစ်ကနေ အဝေးဘောတွေ သိပ်မကစားစေလိုဘူး။ လမ်းပတ်ကတော့ ကျနေ်ာတို့ကို ပိုပြီး လွတ်လွတ်လပ်လပ် ကစားစေပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ နည်းစနစ်ဖြစ်ပြီး ကြိုတင်ခန့်မှန်းရ ခက်ခဲလာစေတယ်။ ဒီရာသီမှာ မတူညီတဲ့ သွင်းဂိုးတွေလည်း ကျနေ်ာတို့ ရယူထားနိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

၂၀၁၈ ေဘာလံုးရာသီမွာ ခ်ယ္ဆီးကို ကာလရွည္ အငွားနဲ႔ ေရာက္ရွိခဲ့တဲ့ ကိုဗာဆစ္ဟာ ဒီေႏြမွာပဲ ကလပ္ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔ခဲ့တာျဖစ္ပါတယ္။

မႏွစ္က မန္ေနဂ်ာဆာရီလက္ထက္ ယူရိုပါလိဂ္ အႏုိင္ရျပီး ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာမွာ ရပ္တည္ခဲ့တဲ့ ခ်ယ္ဆီးအသင္းအတြက္ သူဟာ ၃၂ ပြဲ ပါဝင္ကစားခြင့္ရခဲ့တယ္။ ဒီရာသီမွာလည္း မန္ေနဂ်ာလမ္းပတ္ရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပေနတာျဖစ္ပါတယ္။

အားကစားမဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ကိုဗာဆစ္က “ ခ်ယ္ဆီးအတြက္ မန္ေနဂ်ာသစ္ကို ေၾကညာတဲ့အခါ ဘာကို ေမွ်ာ္လင့္ရမယ္ဆိုတာကို က်ေနာ္ မေသခ်ာခဲ့ဘူး။ ဆာရီလက္ထက္ ခ်ယ္ဆီးကို ေရာက္လာခဲ့ျပီး လမ္းပတ္ကလည္း မန္ေနဂ်ာေကာင္းျဖစ္ပါတယ္။

ကစားသမားဘဝမွာ ရွိခဲ့တဲ့ ပံုစံကို မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ သူဆက္ျပီး ထိန္းသိမ္းခဲ့တယ္။ အဲ့တာက က်ေန္ာတို႔ အားလံုးကို လံု႔ေဆာ္မႈ ျဖစ္ေစပါတယ္။ သူ႔က ကိုယ္တိုင္လည္း အားထုတ္သလို ေလ့က်င့္ေရးက စိန္ေခၚမႈေတြက မႏွစ္ကနဲ႔ ျခားနားလြန္းခဲ့တယ္။ ဒါက ဆာရီနဲ႔ လမ္းပတ္ၾကား အဓိက ကြာျခားမႈပဲျဖစ္ပါတယ္။

နည္းစနစ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြမွာေတာ့ တူညီတဲ့ ေလ့က်င့္ေရးေတြ ရွိပပါတယ္။ ဖရန္႔က ေတာက္ပတဲ့ အနာဂတ္ေတြကို ပိုင္ဆိုင္ထားျပီး အခ်ိန္ရမယ္ဆိုရင္ ပိုျပီး ေအာင္ျမင္တဲ့ မန္ေန်ာျဖစ္လာမယ္လို႔ က်ေနာ္ ထင္ပါတယ္။ သူ႔ရဲ႕နည္းစနစ္မွာ က်ေနာ္ ေပ်ာ္ရႊင္တယ္ဆိုတာကို ဝန္ခံရမယ္။

ဆာရီက ခံစစ္ကေန အေဝးေဘာေတြ သိပ္မကစားေစလိုဘူး။ လမ္းပတ္ကေတာ့ က်ေန္ာတို႔ကို ပိုျပီး လြတ္လြတ္လပ္လပ္ ကစားေစပါတယ္။ အဲ့တာက ေကာင္းမြန္တဲ့ နည္းစနစ္ျဖစ္ျပီး ၾကိဳတင္ခန္႔မွန္းရ ခက္ခဲလာေစတယ္။ ဒီရာသီမွာ မတူညီတဲ့ သြင္းဂိုးေတြလည္း က်ေန္ာတို႔ ရယူထားႏုိင္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။