စီနီယာတွေအပေါ် သဘောထား တင်းမာခြင်းက ပြဿနာတွေဖြစ်နိုင်ကြောင်း လမ်းပတ်ကို တိုက်တွန်း

ပရီးမီးယားလိဂ် ကစားသမားဟောင်းနဲ့ သုံးသပ်သူဖြစ်တဲ့ ဂျာမိန်း ဂျီးနပ်က ချယ်ဆီးအသင်းမှာ လမ်းပတ် လက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားက ပြဿနာတွေဖြစ်လာဖို့ ဦးတည်နေတယ်လို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

လမ်းပတ်က ဇန်နဝါရီမှာ တိုက်စစ်သမားသစ် ခေါ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကလပ်ဘက်က မခေါ်ပေးနိုင်ခဲ့ပါဘူး။ နောက်ဆက်တွဲအဖြစ် ဇန်နဝါရီအပြီး ယှဉ်ပြိုင်ရတဲ့ လက်စတာပွဲမှာ လမ်းပတ်ဟာ ကီပါကို ခေါက်ထားပြီး ဂိုးသမား အပြောင်းအလဲ လုပ်ခဲ့သလို သူဟာ စီနီယာအချို့ကို ပစ်ပယ်လာတာမျိုးတွေ မြင်နေရတာဖြစ်တယ်။

ဂျီးနပ်က ” ချယ်ဆီးဟာ နောက်ပိုင်းပွဲတွေမှာ အိမ်းကွင်းကော အဝေးကွင်းပါ ဦးဆောင်ဂိုး ရယူထားမှုတွေကို မထိန်းသိမ်းနိုင်ပါဘူး။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာနဲ့ပွဲမှာဆိုရင် လမ်းပတ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကို မကျေနပ်တာကို မြင်တွေ့ခဲ့ရပါတယ်။

လမ်းပတ်က သူလိုတဲ့ ကစားသမားတွေ မရတာအတွက် မပျော်ရွှင်သလို လက်ရှိ သူ့အသင်းသားတွေနဲ့ ပက်သက်လို့လည်း ကျေနပ်နေခြင်း မရှိဘူး။ ကီပါ၊ ဂျီရူး၊ ဝီလီယမ်နဲ့ အလွန်ဆိုတို့ဟာ ကလပ်အသင်းအပေါ် သက်ရောက်မှုရှိတဲ့ ကစားသမားတွေပါ။ သူတို့ဟာ အဝတ်လဲခန်းကိုလည်း လွှမ်းမိုးနိုင်ဖို့ သူတို့ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိတာက လမ်းပတ်အတွက် ပြဿနာ ဖြစ်လာနိုင်တယ်။

စီနီယာတွေက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမလားနဲ့ ထိပ်ဆုံး လေးသင်းထဲ ဝင်နိုင်မလားက မေးခွန်းဖြစ်လာနေတယ်။ လူငယ်တွေကတော့ လမ်းပတ်ကို ထောက်ခံပေးကြမှာပါပဲ။ ဒါပေမယ့် သူတို့က ချယ်ဆီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးခဲ့ခြင်း မရှိသလို သူတို့ လုပ်နိုင်မလားဆိုတာက မသေချာပါဘူး။

လာမယ့် သီတင်းပတ်တွေမှာ ချယ်ဆီး ရင်ဆိုင်ရမယ့် ပွဲတွေကလည်း စိတ်လှုပ်ရှားစရာပါပဲ။ လက်စတာနဲ့ပွဲ ရလဒ်က ပြိုင်ဘက် စပါးကို ယုံကြည်မှု မြင့်မားစေပြီး လမ်းပတ်ရဲ့ ချယ်ဆီးအတွက်ကတော့ ဖိအားတွေ ဝင်သွားစေပါတယ် ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းနဲ႔ သံုးသပ္သူျဖစ္တဲ့ ဂ်ာမိန္း ဂ်ီးနပ္က ခ်ယ္ဆီးအသင္းမွာ လမ္းပတ္ လက္ရွိ ရင္ဆိုင္ေနရတဲ့ အေနအထားက ျပႆနာေတြျဖစ္လာဖို႔ ဦးတည္ေနတယ္လို႔ သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

လမ္းပတ္က ဇန္နဝါရီမွာ တိုက္စစ္သမားသစ္ ေခၚေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ကလပ္ဘက္က မေခၚေပးႏုိင္ခဲ့ပါဘူး။ ေနာက္ဆက္တြဲအျဖစ္ ဇန္နဝါရီအျပီး ယွဥ္ျပိဳင္ရတဲ့ လက္စတာပြဲမွာ လမ္းပတ္ဟာ ကီပါကို ေခါက္ထားျပီး ဂိုးသမား အေျပာင္းအလဲ လုပ္ခဲ့သလို သူဟာ စီနီယာအခ်ိဳ႔ကို ပစ္ပယ္လာတာမ်ိဳးေတြ ျမင္ေနရတာျဖစ္တယ္။

ဂ်ီးနပ္က ” ခ်ယ္ဆီးဟာ ေနာက္ပိုင္းပြဲေတြမွာ အိမ္းကြင္းေကာ အေဝးကြင္းပါ ဦးေဆာင္ဂိုး ရယူထားမႈေတြကို မထိန္းသိမ္းႏုိင္ပါဘူး။ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ လက္စတာနဲ႔ပြဲမွာဆိုရင္ လမ္းပတ္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔ကို မေက်နပ္တာကို ျမင္ေတြ႔ခဲ့ရပါတယ္။

လမ္းပတ္က သူလိုတဲ့ ကစားသမားေတြ မရတာအတြက္ မေပ်ာ္ရႊင္သလို လက္ရွိ သူ႔အသင္းသားေတြနဲ႔ ပက္သက္လို႔လည္း ေက်နပ္ေနျခင္း မရွိဘူး။ ကီပါ၊ ဂ်ီရူး၊ ဝီလီယမ္နဲ႔ အလြန္ဆိုတို႔ဟာ ကလပ္အသင္းအေပၚ သက္ေရာက္မႈရွိတဲ့ ကစားသမားေတြပါ။ သူတို႔ဟာ အဝတ္လဲခန္းကိုလည္း လႊမ္းမိုးႏုိင္ဖို႔ သူတို႔ကို ေကာင္းမြန္စြာ အုပ္ခ်ဳပ္ႏုိင္ျခင္း မရွိတာက လမ္းပတ္အတြက္ ျပႆနာ ျဖစ္လာႏုိင္တယ္။

စီနီယာေတြက သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ကို ေထာက္ခံမလားနဲ႔ ထိပ္ဆံုး ေလးသင္းထဲ ဝင္ႏုိင္မလားက ေမးခြန္းျဖစ္လာေနတယ္။ လူငယ္ေတြကေတာ့ လမ္းပတ္ကို ေထာက္ခံေပးၾကမွာပါပဲ။ ဒါေပမယ့္ သူတို႔က ခ်ယ္ဆီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ၾကိဳးစားေပးခဲ့ျခင္း မရွိသလို သူတို႔ လုပ္ႏုိင္မလားဆိုတာက မေသခ်ာပါဘူး။

လာမယ့္ သီတင္းပတ္ေတြမွာ ခ်ယ္ဆီး ရင္ဆိုင္ရမယ့္ ပြဲေတြကလည္း စိတ္လႈပ္ရွားစရာပါပဲ။ လက္စတာနဲ႔ပြဲ ရလဒ္က ျပိဳင္ဘက္ စပါးကို ယံုၾကည္မႈ ျမင့္မားေစျပီး လမ္းပတ္ရဲ႕ ခ်ယ္ဆီးအတြက္ကေတာ့ ဖိအားေတြ ဝင္သြားေစပါတယ္ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။