ဇန်နဝါရီ အကုန်မှာမှ ဆွီဒင်ကြယ်ပွင့်အား ယူနိုက်တက်ကို ကျော်လွန်ပြီး ခေါ်ယူနိုင်ခဲ့တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ IFK Gothenburg ကလပ် တောင်ပံသမား အဒ်ဝင် အန်ဒါဆန်ကို ခေါ်ယူဖို့ ၎င်းကလပ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာမှာ အသက် ၁၇ နှစ်ပြည့်မယ့် တောင်ပံသမားကို ခေါ်ယူနိုင်ဖို့ ကလပ်ဘက်က သီတင်းပတ် အနည်းငယ် စကားပြောနေရတာဖြစ်ပြီး ဆွီဒင်ကလပ်ဘက်က အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ကာ တောင်ပံသမားလေးဟာ ချယ်ဆီးထံ ပြောင်းရွှေ့ပါတော့မယ်လို့ အတည်ပြုခဲ့တာဖြစ်တယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ချယ်ဆီးဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ ကမ်းလှမ်းမှုကိုတော့ ကြိုးစားနေတာဖြစ်ပြီး အန်ဒါဆန်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်ကလည်း အတော်လေး ကြိုးစားခဲ့ပါသေးတယ်။

အန်ဒါဆန်ဟာ တောင်ပံသမားဖြစ်သလို ကွင်းလယ်လူလည်းဖြစ်ပြီး ဆွီဒင်ရဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်လေးအဖြစ် အမှတ်ပေးခံထားရသူဖြစ်ပါတယ်။

IFK Gothenburg အသင်း ဝဘ်ဆိုဒ်ကနေပဲ အကယ်ဒမီ မန်နေဂျာ onas Olsson က ” အဒ်ဝင်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ သူ့ကို အသင်းမှာပဲ ဆက်နေလိုပေမယ့် ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကျနေ်ာတို့ လူငယ်အစီအစဉ်အတွက် ကောင်းမွန်တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ IFK Gothenburg ကလပ္ ေတာင္ပံသမား အဒ္ဝင္ အန္ဒါဆန္ကို ေခၚယူဖို႔ ၄င္းကလပ္နဲ႔ ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။

ႏိုဝင္ဘာမွာ အသက္ ၁၇ ႏွစ္ျပည့္မယ့္ ေတာင္ပံသမားကို ေခၚယူႏုိင္ဖို႔ ကလပ္ဘက္က သီတင္းပတ္ အနည္းငယ္ စကားေျပာေနရတာျဖစ္ျပီး ဆီြဒင္ကလပ္ဘက္က အေျပာင္းအေရႊ႔ သေဘာတူညီမႈ ရခဲ့ကာ ေတာင္ပံသမားေလးဟာ ခ်ယ္ဆီးထံ ေျပာင္းေရႊ႔ပါေတာ့မယ္လို႔ အတည္ျပဳခဲ့တာျဖစ္တယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမားသစ္ ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ ခ်ယ္ဆီးဟာ အနာဂတ္အတြက္ ရည္ရြယ္တဲ့ ကမ္းလွမ္းမႈကိုေတာ့ ၾကိဳးစားေနတာျဖစ္ျပီး အန္ဒါဆန္ကို ေခၚယူႏုိင္ခဲ့တာျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ ယူႏုိက္တက္ကလည္း အေတာ္ေလး ၾကိဳးစားခဲ့ပါေသးတယ္။

အန္ဒါဆန္ဟာ ေတာင္ပံသမားျဖစ္သလို ကြင္းလယ္လူလည္းျဖစ္ျပီး ဆီြဒင္ရဲ႕ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ လူငယ္ေလးအျဖစ္ အမွတ္ေပးခံထားရသူျဖစ္ပါတယ္။

IFK Gothenburg အသင္း ဝဘ္ဆိုဒ္ကေနပဲ အကယ္ဒမီ မန္ေနဂ်ာ onas Olsson က ” အဒ္ဝင္ကို ကံေကာင္းပါေစလို႔ ဆုေတာင္းေပးပါတယ္။ သူ႔ကို အသင္းမွာပဲ ဆက္ေနလိုေပမယ့္ ခ်ယ္ဆီးအသင္းက ေခၚယူႏုိင္ခဲ့တာျဖစ္ျပီး က်ေန္ာတို႔ လူငယ္အစီအစဥ္အတြက္ ေကာင္းမြန္တဲ့ ကိစၥလည္း ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။