လာမယ့်နွေမှာ ကွင်းလယ်ကစားသမားတစ်ဦး လက်လွှတ်ရနိုင်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာပြီး ဆရာဟောင်း ဆာရီရှိရာ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ဖွယ် ရှိကြောင်း ကစားသမားအေးဂျင့်က ဖွင်ဟခဲ့ပါတယ်။

အီတလီလက်ရွေးစင် ကစားသမားဟာ နာပိုလီမှာ ဆုံခဲ့တဲ့ နည်းပြ ဆာရီ ရှိရာ ချယ်ဆီးအသင်းထံ ၂၀၁၈ မှာ ပြောင်းရွှေ့လာခဲ့ပြီး ဆာရီ ထွက်ခွာသွားပြီးနောက် ဂျူဗင်တပ်သို့ လိုက်ပါလာဖွယ် ရှိပါတယ်။ အီတလီသား နည်းပြကြီး ဆာရီ ရှိစဉ်က ချယ်ဆီးမှာ အဓိက ပွဲထွက်ခွင့် ရခဲ့ပြီး ပရီးမီးယားလိဂ် ၃၇ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ဂျော်ဂျင်ဟို က ဖရန့်လမ်းပတ်ရဲ့ အသင်းမှာ ဒီရာသီလည်း ပွဲကစားခွင့် ရရှိနေပြီး ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားပြီးချိန်မှာ ၄ ဂိုး သွင်းထားပါတယ်။ ဒါပေမယ့် အေးဂျင့် ဆန်တို့စ်ကတော့ ဂျော်ဂျင်ဟို ဟာ လက်ရှိစာချုပ်မှာ သုံးနှစ် ကျန်ရှိနေသေးပေမယ့် လာမယ့် နွေမှာ ကမ်းလှမ်းမှုတွေ မျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။

” လာမယ့်နွေမှာ ကမ်းလှမ်းမှုတွေ ရှိဦးမှာပါ။ ဂျော်ဂျင်ဟို ချယ်ဆီးမှာ အဆင်ပြေနေပေမယ့် အရေးကြီးတဲ့ ကမ်းလှမ်းချက်တွေ ဝင်လာဦးမယ်လို့ သေချာပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ကလပ်အသင်းနဲ့ ပွဲတွေ ပြီးရင် နိုင်ငံအသင်းနဲ့ အတူ ဥရောပ ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းချက် ထားထားတယ်။

မန်စီနီရဲ့ အသင်းအတွက် မျှော်လင့်ချက်တွေကလည်း အများကြီး ရှိနေကြတယ်။ ဥရောပ ချန်ပီယံဆိုတာလည်း ဗီရိုထဲ ထည့်လို့ကောင်းတဲ့ ဆုတံဆိပ် တစ်ခုပါ။ ချယ်ဆီးမှာ ဂျော်ဂျင်ဟို ကောင်းစွာ လုပ်ပြနေပေမယ့် ကမ်းလှမ်းမှုတွေက လာဦးမယ်လို့ ကျနော် သေချာသိတယ်။ သူ့လို အနေအထားမြင့်မြင့် ကစားနိုင်တဲ့ သူ ဆိုတာကလည်း များများစားစား မရှိပါဘူး။” လို့ အေးဂျင့် ဖြစ်သူက ဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ရာသီအကုန္မွာ အသင္းကေန ထြက္ခြာျပီး ဆရာေဟာင္း ဆာရီရွိရာ ဂ်ဴဗင္တပ္သို႔ ေျပာင္းေရႊ႕ဖြယ္ ရွိေၾကာင္း ကစားသမားေအးဂ်င့္က ဖြင္ဟခဲ့ပါတယ္။

အီတလီလက္ေရြးစင္ ကစားသမားဟာ နာပိုလီမွာ ဆံုခဲ့တဲ့ နည္းျပ ဆာရီ ရွိရာ ခ်ယ္ဆီးအသင္းထံ ၂၀၁၈ မွာ ေျပာင္းေရႊ႕လာခဲ့ျပီး ဆာရီ ထြက္ခြာသြားျပီးေနာက္ ဂ်ဴဗင္တပ္သို႔ လိုက္ပါလာဖြယ္ ရွိပါတယ္။ အီတလီသား နည္းျပၾကီး ဆာရီ ရွိစဥ္က ခ်ယ္ဆီးမွာ အဓိက ပြဲထြက္ခြင့္ ရခဲ့ျပီး ပရီးမီးယားလိဂ္ ၃၇ ပြဲမွာ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟို က ဖရန္႔လမ္းပတ္ရဲ႕ အသင္းမွာ ဒီရာသီလည္း ပြဲကစားခြင့္ ရရွိေနျပီး ပရီးမီးယားလိဂ္ ၂၃ ပြဲ ကစားျပီးခ်ိန္မွာ ၄ ဂိုး သြင္းထားပါတယ္။ ဒါေပမယ့္ ေအးဂ်င့္ ဆန္တို႔စ္ကေတာ့ ေဂ်ာ္ဂ်င္ဟို ဟာ လက္ရွိစာခ်ဳပ္မွာ သံုးနွစ္ က်န္ရွိေနေသးေပမယ့္ လာမယ့္ ေႏြမွာ ကမ္းလွမ္းမႈေတြ ေမွ်ာ္လင့္ထားေၾကာင္း ဆိုခဲ့ပါတယ္။

” လာမယ့္ေႏြမွာ ကမ္းလွမ္းမႈေတြ ရွိဦးမွာပါ။ ေဂ်ာ္ဂ်င္ဟို ခ်ယ္ဆီးမွာ အဆင္ေျပေနေပမယ့္ အေရးၾကီးတဲ့ ကမ္းလွမ္းခ်က္ေတြ ၀င္လာဦးမယ္လို႔ ေသခ်ာပါတယ္။ ဒါေပမယ့္ ကစားသမားကေတာ့ ကလပ္အသင္းနဲ႕ ပြဲေတြ ျပီးရင္ နုိင္ငံအသင္းနဲ႕ အတူ ဥေရာပ ခ်န္ပီယံ ျဖစ္ဖို႔ ရည္မွန္းခ်က္ ထားထားတယ္။

မန္စီနီရဲ႕ အသင္းအတြက္ ေမွ်ာ္လင့္္ခ်က္ေတြကလည္း အမ်ားၾကီး ရွိေနၾကတယ္။ ဥေရာပ ခ်န္ပီယံဆိုတာလည္း ဗီရိုထဲ ထည့္လို႔ေကာင္းတဲ့ ဆုတံဆိပ္ တစ္ခုပါ။ ခ်ယ္ဆီးမွာ ေဂ်ာ္ဂ်င္ဟို ေကာင္းစြာ လုပ္ျပေနေပမယ့္ ကမ္းလွမ္းမႈေတြက လာဦးမယ္လုိ႔ က်ေနာ္ ေသခ်ာသိတယ္။ သူ႕လို အေနအထားျမင့္ျမင့္ ကစားနိုင္တဲ့ သူ ဆိုတာကလည္း မ်ားမ်ားစားစား မရွိပါဘူး။” လို႔ ေအးဂ်င့္ ျဖစ္သူက ဆိုထားပါတယ္။