နွေ အသုံးစရိတ်၊ ဆာရီကို ရှုံ့ချပြီး လမ်းပတ်ကို ချီးကျူးခြင်းနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ကွင်းလယ်ကစားသမား ကိုဗာဆစ်က ယခင် ချယ်ဆီးနည်းပြဟောင်း ဆာရီရဲ့ အသင်း ထရိန်နင်ဟာ တသမှတ်တည်း ဆန်လွန်းပြီး လမ်းပတ် ထရိန်နင် အစီအစဉ်များကဲ့သို့ စိတ်ဝင်စားဖွယ် မကောင်းကြောင်း ဝေဖန်လိုက်ပါတယ်။ ကိုဗာဆစ်က လမ်းပတ်ကိုတော့ ယခင်ကလပ် ရီးရဲလ်မှ ဇီဒန်းကဲ့သို့ ထူးခြားသူလို့ ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးအကယ်ဒမီမှ လူငယ် ဂိုးသမား နသန် ဘက်စ်တာက စီနီယာ အသင်းကြီး အတွက် ပွဲထွက် ကစားခွင့် ရဖို့ ပစ်မှတ်ထားနေပြီး အသင်းကြီးမှာ မတည်ငြိမ် ဖြစ်နေတဲ့ ကီပါရဲ့ ဦးစားပေး ဂိုးသမားနေရာကို အလိုရှိနေပါတယ်။

ဂိုးသမား ကီပါ ဒီတလော လက်စွမ်းတွေ ကျဆင်းနေမှုမှာ ၎င်းနဲ့ ၇ နှစ်ကြာ ချစ်ကျွမ်းဝင်ခဲ့တဲ့ ချစ်သူ ပီရက်ဇ်နဲ့ ကွဲကွာသွားတာကြောင့် စိတ်ထိခိုက်နေခြင်း ပါဝင်ကြောင်း စပိန်သတင်းဌာနများက ဖော်ပြနေပါတယ်။

စပါး တိုက်စစ်သမား ဆွန်ယောင်မင်က ချယ်ဆီးအသင်းကို ကျော်ဖြတ်ကာ စပါးက အဆင့် ၄ နေရာ ရယူသွားဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟ ထားပါတယ်။ စပါးက အဆင့် ၅ နေရာ ရောက်ရှိနေပြီး ချယ်ဆီးနဲ့ ၄ မှတ် ကွာနေပါတယ်။

ချယ်ဆီးနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် မတိုင်ခင် ထိုးနှက်မှု အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်သမား ပါရီဆစ်ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ပထမ အကျော့ ပွဲစဉ်က ဖေဖော်ဝါရီ ၂၅ ရက် စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုငရမှာ ဖြစ်ပါတယ်။

လန်ဒန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ထုတ်မှု အရ ဇန်နဝါရီမှာ ကစားသမားသစ် မခေါ်နိုင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ လာမယ့်နွေ အတွက် အသုံးစရိတ် ပေါင် သန်း ၁၅၀ ရရှိဦးမယ်လို့ သိရပါတယ်။

Zawgyi – ကြင္းလယ္ကစားသမား ကိုဗာဆစ္က ယခင္ ခ်ယ္ဆီးနည္းျပေဟာင္း ဆာရီရဲ႕ အသင္း ထရိန္နင္ဟာ တသမွတ္တည္း ဆန္လြန္းျပီး လမ္းပတ္ ထရိန္နင္ အစီအစဥ္မ်ားကဲ့သို႔ စိတ္၀င္စားဖြယ္ မေကာင္းေၾကာင္း ေ၀ဖန္လိုက္ပါတယ္။ ကိုဗာဆစ္က လမ္းပတ္ကိုေတာ့ ယခင္ကလပ္ ရီးရဲလ္မွ ဇီဒန္းကဲ့သို႔ ထူးျခားသူလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ခ်ယ္ဆီးအကယ္ဒမီမွ လူငယ္ ဂိုးသမား နသန္ ဘက္စ္တာက စီနီယာ အသင္းၾကီး အတြက္ ပြဲထြက္ ကစားခြင့္ ရဖို႔ ပစ္မွတ္ထားေနျပီး အသင္းၾကီးမွာ မတည္ျငိမ္ ျဖစ္ေနတဲ့ ကီပါရဲ႕ ဦးစားေပး ဂိုးသမားေနရာကို အလိုရွိေနပါတယ္။

ဂိုးသမား ကီပါ ဒီတေလာ လက္စြမ္းေတြ က်ဆင္းေနမႈမွာ ၄င္းနဲ႕ ၇ နွစ္ၾကာ ခ်စ္ကၽြမ္း၀င္ခဲ့တဲ့ ခ်စ္သူ ပီရက္ဇ္နဲ႕ ကြဲကြာသြားတာေၾကာင့္ စိတ္ထိခိုက္ေနျခင္း ပါ၀င္ေၾကာင္း စပိန္သတင္းဌာနမ်ားက ေဖာ္ျပေနပါတယ္။

စပါး တိုက္စစ္သမား ဆြန္ေယာင္မင္က ခ်ယ္ဆီးအသင္းကို ေက်ာ္ျဖတ္ကာ စပါးက အဆင့္ ၄ ေနရာ ရယူသြားဖို႔ ပစ္မွတ္ထားေနေၾကာင္း ဖြင့္ဟ ထားပါတယ္။ စပါးက အဆင့္ ၅ ေနရာ ေရာက္ရွိေနျပီး ခ်ယ္ဆီးနဲ႕ ၄ မွတ္ ကြာေနပါတယ္။

ခ်ယ္ဆီးနဲ႕ ခ်န္ပီယံလိဂ္ ရွံဳးထြက္ ပြဲစဥ္ မတိုင္ခင္ ထိုးနွက္မႈ အေနနဲ႕ ဘိုင္ယန္ျမဴးနစ္အသင္း တိုက္စစ္သမား ပါရီဆစ္ဟာ ေျခက်င္း၀တ္ ဒဏ္ရာ ရသြားခဲ့ပါတယ္။ ပထမ အေက်ာ့ ပြဲစဥ္က ေဖေဖာ္၀ါရီ ၂၅ ရက္ စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳ္ငရမွာ ျဖစ္ပါတယ္။

လန္ဒန္ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ထုတ္မႈ အရ ဇန္န၀ါရီမွာ ကစားသမားသစ္ မေခၚနုိင္ခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြ အတြက္ အသံုးစရိတ္ ေပါင္ သန္း ၁၅၀ ရရွိဦးမယ္လို႔ သိရပါတယ္။