ျမန္မာႏိုင္ငံမွာေတြ႕တဲ့ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာကို ပိုးမရွိလို႔ ေဆး႐ုံဆင္းခြင့္ေပးလိုက္ျပီ

ကြမ္က်ိဳးကေန China Southern ေလေၾကာင္းနဲ႔ ျမန္မာျပည္ကိုေရာက္လာတဲ့ တ႐ုတ္အမ်ိဳးသားကို ဓာတ္ခြဲစစ္ေဆးရာမွာ ကို႐ိုနာဗိုင္းရပ္စ္ မရွိဘူးလို႔ က်န္မာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

အမ်ိဳးသားထံမွ ႏွာေခါင္းတို႔ဖတ္ နမူနာကို ရည္ၫႊန္းဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ေရာဂါပိုးမရွိတဲ့အျပင္ အဲဒီတ႐ုတ္အမ်ိဳးသားဟာ က်န္းမာေရးလည္း ေကာင္းတယ္လို႔ ဆိုပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသားဟာ ကိုယ္အပူခ်ိန္အနည္းငယ္ျမင့္တာ၊ ေခ်ာင္းဆိုးတာ၊ ႏွာေဆးၿပီးလည္ေခ်ာင္းတာတာ စတဲ့ လကၡဏာေတြ စစ္ေဆးေတြ႕ရွိရလို႔ ေဝဘာဂီအထူးကုေဆး႐ုံရွိ သီးျခားခန္းမွာ ထားရွိၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသားဟာ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္ ပထဆုံးေတြ႕ရွိခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးေတာ့လည္း အဲဒီေလယာဥ္ေပၚမွာပါလာတဲ့ ျမန္မာအမ်ိဳးသားခရီးသည္ႏွစ္ဦးကို ကိုယ္ပူတာ၊ ဖ်ားနာတာမရွိေပမယ့္ လည္း ေဝဘာဂီအထူးကုေဆး႐ုံမွာ သီးျခားထားၿပီး ေရာဂါကူးစက္မႈရွိ၊ မရွိ ေစာင့္ၾကပ္ၾကည့္ရႈခဲ့တယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

အဲဒီျမန္မာႏိုင္ငံသား ခရီးသည္ႏွစ္ဦးဟာလည္း က်န္းမာေရးအေျခအေန ေကာင္းမြန္ေနၿပီး ေရာဂါ ကူးစက္မႈ ရွိ မရွိ ေစာင့္ၾကပ္ၾကည့္ရႈမႈ ဆက္လက္ ေစာင့္ၾကည့္ဖို႔ မလိုအပ္ေတာ့ဘူးလို႔သိရပါတယ္။ ဒါေၾကာင့္ ေဆး႐ုံမွာ ေစာင့္ၾကည့္ထားတဲ့ ျမန္မာအမ်ိဳးသားႏွစ္ဦးေရာ၊ တ႐ုတ္ႏိုင္ငံသားကိုပါ ေဆး႐ုံက ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။

UNUCIDE – ကွမ်ကျိုးကနေ China Southern လေကြောင်းနဲ့ မြန်မာပြည်ကိုရောက်လာတဲ့ တရုတ်အမျိုးသားကို ဓာတ်ခွဲစစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် မရှိဘူးလို့ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားထံမှ နှာခေါင်းတို့ဖတ် နမူနာကို ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရောဂါပိုးမရှိတဲ့အပြင် အဲဒီတရုတ်အမျိုးသားဟာ ကျန်းမာရေးလည်း ကောင်းတယ်လို့ ဆိုပါတယ်။

အဲဒီတရုတ်နိုင်ငံသားဟာ ကိုယ်အပူချိန်အနည်းငယ်မြင့်တာ၊ ချောင်းဆိုးတာ၊ နှာဆေးပြီးလည်ချောင်းတာတာ စတဲ့ လက္ခဏာတွေ စစ်ဆေးတွေ့ရှိရလို့ ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းမှာ ထားရှိပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီတရုတ်နိုင်ငံသားဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် ပထဆုံးတွေ့ရှိခဲ့သူလည်းဖြစ်ပါတယ်။

ပြီးတော့လည်း အဲဒီလေယာဉ်ပေါ်မှာပါလာတဲ့ မြန်မာအမျိုးသားခရီးသည်နှစ်ဦးကို ကိုယ်ပူတာ၊ ဖျားနာတာမရှိပေမယ့် လည်း ဝေဘာဂီအထူးကုဆေးရုံမှာ သီးခြားထားပြီး ရောဂါကူးစက်မှုရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီမြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးဟာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ရောဂါ ကူးစက်မှု ရှိ မရှိ စောင့်ကြပ်ကြည့်ရှုမှု ဆက်လက် စောင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဆေးရုံမှာ စောင့်ကြည့်ထားတဲ့ မြန်မာအမျိုးသားနှစ်ဦးရော၊ တရုတ်နိုင်ငံသားကိုပါ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။