ရီးရဲလ် ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး တိုက်စစ်မှုး ၂ဦး၊ ဘာကလေ၊ ဘတ်ရှုဝါယီနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအသင်းက နောက်တစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် နည်းပြ ဖရန့် လမ်းပတ်ရဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပါ။

ချဲလ်ဆီး ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး တီမိုဗာနာအနေနဲ့ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်လျက်ရှိနေကြောင်း El Larguero က ဖော်ပြထးပါတယ်။ ဗာနာအနေနဲ့ စတမ်းဖို့ဘရစ်ချ်မှာ ပုံမှန်ကစားခွင့် နည်းပါးနေတာကို စိတ်ပျက်လျက်ရှိနေတာပါ။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီမာ နေရာ အရန် အတွက် တိုက်စစ်မှုးသစ် ရှာဖွေနေရာ ချဲလ်ဆီး ကြယ်ပွင့် ဘရိုဂျာ ကို မျက်စိကျနေကြောင်း သိရပါတယ်။ တရားဝင် ကမ်းလှမ်းမှုတော့ ရီးရဲလ်ဘက်က မလှုပ်ရှားလာသေးပါဘူး။

အဲဗာတန်အသင်းဟာ ချယ်ဆီး ရှင်းထုတ်လိုနေတဲ့ ဘာကလေနဲ့ ဘတ်ရှုဝါယီ ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆိုနေပါတယ်။ ဘာကလေ က ဂွတ်ဒီဆင်ပါ့ခ်ကို ပြန်သွားဖို့ ဆွေးနွေးမှု အတော် ခရီးပေါက်နေပေမယ့် ဘတ်ရှုဝါယီကတော့ သိပ် မနီးစပ်သေးပါဘူး။

ဆီဗီလာနောက်ခံလူ ကွန်ဒီ ချဲလ်ဆီးနဲ့ သဘောတူညီမှုရရှိပြီးမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ခြင်းအပေါ် အားကစား ဒါရိုက်တာမွန်ချီက ရှင်းပြလာခဲ့ပါတယ်။ ဘာစီလိုနာက ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ် ဆိုပေမယ့် ကစားသမားကိုယ်တိုင်က ချဲလ်ဆီးကိုပြောင်းဖို့ ချီတုံချတုံဖြစ်နေခြင်းက အဓိကအချက်ဖြစ်တယ်လို့ မွန်ချီက ဆိုပါတယ်။

ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ နောက်ခံလူစာရင်းမှာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ပါဗတ်လည်း ပါဝင်လာခဲ့ပါတယ်။

တိုက်စစ်မှုး တီမိုဗာနာက အသင်းဟောင်း လိုက်ပ်ဇစ် ထံ ပြန်သွားလိုတယ်လို့လည်း သတင်း ထွက်နေပြီး လက်ရှိ လစာရဲ့ တဝက်ထိ လျှော့ပြီး ယူဖို့ပါ သဘောတူပေးနိုင်သည် ထိ စိတ်အားထက်သန်နေပါတယ်။ လိုက်ပ်ဇစ်ထံ ဗာနာ အငှားအနေနဲ့ ပြန်သွားဖို့က အတော် ဖြစ်နိုင်ခြေ ရှိနေတယ် လို့လည်း သိရပါတယ်။