နေမာ၊ ရော်နယ်ဒို၊ စတားလင်း၊ ကိုယ်တိုင် ဝင်လှုပ်ရှားနေတဲ့ ပိုင်ရှင်သစ်နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီး အသင်းရဲ့ အပြောင်းအရွှေ့တွေကို အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလေ ကိုယ်တိုင် ပါဝင် ကိုင်တွယ်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ စီ ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူထံ ချဉ်းကပ် မေးမြန်းခဲ့တဲ့ ချယ်ဆီးအသင်း ပိုင်ရှင် ရဲ့ လုပ်ရပ် အပေါ် အမျက်ထွက်နေကြပြီး ပေါ်တူဂီသားက ရောင်းရန် မဟုတ်ဘူး လို့ တုန့်ပြန် လိုက်ကြပါတယ်။

မန်စီးတီး တိုက်စစ်မှုး စတားလင်း အတွက် ချယ်ဆီး က ကမ်းလှမ်းတစ်ရပ် ပြုလုပ်တော့မှာ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ မာရီနာ ရှိစဉ်တည်းက စတားလင်း အတွက် ဆွေးနွေးထားခဲ့ပြီး လက်ရှိမှာတော့ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ က ဆက်လက် ညှိနှိုင်းတော့မှာပါ။

ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ရောင်းချဖို့ လုံးဝ ဆန္ဒ မရှိဘဲ ဆက်လက် ထိန်းထားဦးမှာ ဖြစ်ပါတယ်။

ဘရာဇီးသား တိုက်စစ်သမား နေမာက ဒီနွေမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့ နီးစပ်လာတာကြောင့် နေမာ ကို စောင့်ကြည့်နေတဲ့ ဂျူဗင်တပ်၊ ချယ်ဆီး၊ နယူးကာဆယ် တို့ လှုပ်ရှားလာဖွယ် ရှိပါတယ်။ ဒါပေမယ့် ကစားသမားက ပရီးမီးယားလိဂ် မှာ ဘယ်တော့မှ ပြောင်းမကစားဘူးလို့ ရည်ရွယ်ထားတာပါ။