ဒီရာသီမှာ ဆိုးရှားအတွက် ခေါ်ယူမှုအသစ် ကစားသမားသစ် လို ဖြစ်လာသူ

မန္ခ်က္စတာယူနုိက္တက္ ကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆန္က ဘရာဇီးသား ကြင္းလယ္ကစားသမား ဖရက္ဟာ ဒီရာသီ နည္းျပ ဆိုးရွားအတြက္ ေခၚယူမႈအသစ္ ကစားသမားသစ္ တစ္ဦးပမာ ေကာင္းစြာ အေထာက္အကူျဖစ္ေစခဲ့တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

ဘရာဇီးကြင္းလယ္ေဟာင္းၾကီးက သူနဲ႕ နုိင္ငံတူ ကြင္းလယ္သမား ဖရက္ဟာ ယူနုိက္တက္ ကြင္းလယ္မွာ ေတာ္မီေနးနဲ႕ အတူ တာ၀န္ ေက်ေနတယ္ လို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာပါ။

ေပါ့ဘာ ဒဏ္ရာေၾကာင့္ မပါ၀င္နိုင္ခ်ိန္ ဟာရဲရားကလည္း ျပီးခဲ့တဲ့ ေႏြကပဲ ပီအက္စ္ဂ်ီသို႔ ေျပာင္းေရႊ႕သြားတာေၾကာင့္ အင္အားနည္းသြားတဲ့ ယူနိုက္တက္ ကြင္းလယ္မွာ ဖရက္နဲ႕ ေတာ္မီေနးက ၀င္ေရာက္ တာ၀န္ယူခဲ့ျပီး အေပးအယူ အခ်ိတ္ဆက္မိစြာ အစြမ္းျပလာနို္ငတာ ျဖစ္ပါတယ္။ ကလီဘာဆန္က ဖရက္နဲ႕ ေတာ္မီေနးကာ ေကာင္းမြန္တဲ့ အတြဲအဖက္ ျဖစ္တယ္လို႔ သံုးသပ္ ခ်ီးက်ဴးခဲ့ပါတယ္။

” ဖရက္နဲ႕ ေတာ္မီေနးကေတာ့ အတူတူ ေကာငး္ေကာင္း လုပ္ျပထားတယ္။ ဖရက္က ဒီရာသီ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ကစားသမား သစ္ တစ္ဦး ရလိုက္သလိုပါပဲ။ အသင္း အတြက္ ပိုျပီး လုပ္ျပနိုင္တာေတြ ရွိလာတယ္။ ကြင္းထဲမွာ ေနရာတိုင္း သူ ေရြ႕လ်ား ေနရာယူမႈေတြက ခံစစ္ကို အကာအကြယ္ ေပးေနျပီး ကြင္းလယ္ကေန ျပိဳင္ဘက္ ဧရိယာထဲ တိုက္စစ္ဆင္မႈေတြ ျမန္ျမန္ စတင္ဖို႔လည္း သက္ေရာက္ေနပါတယ္။”

” သူက ပြဲထဲမွာ အျမဲ အကူအညီ ျဖစ္ေနျပီး ေတာ္မီေနး အစြမ္းျပနုိင္ေအာင္လည္း ပ့ံပိုးေပးေနတယ္။ ကြင္းလယ္ ဒီအတြဲအဖက္က ယူနိုက္တက္ကို ဟန္ခ်က္ညီေအာင္ လုပ္ေပးေနျပီး ခံစစ္ကိုလည္း က်စ္လစ္ေစသလို တိုက္စစ္ကိုလည္း လြတ္လြတ္လပ္လပ္ လႈပ္ရွားခြင့္ ရေအာင္ ထိန္းေပးေနတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။

ဆိုးရွားဟာ ေပါ့ဘာမပါ၀င္နုိင္ေသးတဲ့ ကြင္းလယ္အတြက္ ၀က္ဖို႕ဒ္နဲ႕ ပြဲမွာလည္း ဖရက္နဲ႕ ေတာ္မီေနးကိုသာ ဆက္လက္ အားထားရဖြယ္ ရွိပါတယ္။ ၄င္းတို႔ နွစ္ဦးက ယူနုိ္ကတက္က စပါးနဲ႕ မန္စီးတီးကို နုိင္တဲ့ပြဲေတြမွာ အခရာက်ခဲ့ျပီး အသင္းကြင္းလယ္ကေန နိုင္ပြဲၾကီးေတြ ရေအာင္ ခ်ိတ္ဆက္ေပးေနသူေတြ ျဖစ္ပါတယ္။

Unicode – မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ကလီဘာဆန်က ဘရာဇီးသား ကွင်းလယ်ကစားသမား ဖရက်ဟာ ဒီရာသီ နည်းပြ ဆိုးရှားအတွက် ခေါ်ယူမှုအသစ် ကစားသမားသစ် တစ်ဦးပမာ ကောင်းစွာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ချီးကျူးလိုက်ပါတယ်။

ဘရာဇီးကွင်းလယ်ဟောင်းကြီးက သူနဲ့ နိုင်ငံတူ ကွင်းလယ်သမား ဖရက်ဟာ ယူနိုက်တက် ကွင်းလယ်မှာ တော်မီနေးနဲ့ အတူ တာဝန် ကျေနေတယ် လို့ ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

ပေါ့ဘာ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန် ဟာရဲရားကလည်း ပြီးခဲ့တဲ့ နွေကပဲ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားတာကြောင့် အင်အားနည်းသွားတဲ့ ယူနိုက်တက် ကွင်းလယ်မှာ ဖရက်နဲ့ တော်မီနေးက ဝင်ရောက် တာဝန်ယူခဲ့ပြီး အပေးအယူ အချိတ်ဆက်မိစွာ အစွမ်းပြလာနိုငတာ ဖြစ်ပါတယ်။ ကလီဘာဆန်က ဖရက်နဲ့ တော်မီနေးကာ ကောင်းမွန်တဲ့ အတွဲအဖက် ဖြစ်တယ်လို့ သုံးသပ် ချီးကျူးခဲ့ပါတယ်။

” ဖရက်နဲ့ တော်မီနေးကတော့ အတူတူ ကောင်းကောင်း လုပ်ပြထားတယ်။ ဖရက်က ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမား သစ် တစ်ဦး ရလိုက်သလိုပါပဲ။ အသင်း အတွက် ပိုပြီး လုပ်ပြနိုင်တာတွေ ရှိလာတယ်။ ကွင်းထဲမှာ နေရာတိုင်း သူ ရွေ့လျား နေရာယူမှုတွေက ခံစစ်ကို အကာအကွယ် ပေးနေပြီး ကွင်းလယ်ကနေ ပြိုင်ဘက် ဧရိယာထဲ တိုက်စစ်ဆင်မှုတွေ မြန်မြန် စတင်ဖို့လည်း သက်ရောက်နေပါတယ်။”

” သူက ပွဲထဲမှာ အမြဲ အကူအညီ ဖြစ်နေပြီး တော်မီနေး အစွမ်းပြနိုင်အောင်လည်း ပံ့ပိုးပေးနေတယ်။ ကွင်းလယ် ဒီအတွဲအဖက်က ယူနိုက်တက်ကို ဟန်ချက်ညီအောင် လုပ်ပေးနေပြီး ခံစစ်ကိုလည်း ကျစ်လစ်စေသလို တိုက်စစ်ကိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရအောင် ထိန်းပေးနေတယ်။ ” လို့ ၎င်းက ဆိုပါတယ်။

ဆိုးရှားဟာ ပေါ့ဘာမပါဝင်နိုင်သေးတဲ့ ကွင်းလယ်အတွက် ဝက်ဖို့ဒ်နဲ့ ပွဲမှာလည်း ဖရက်နဲ့ တော်မီနေးကိုသာ ဆက်လက် အားထားရဖွယ် ရှိပါတယ်။ ၎င်းတို့ နှစ်ဦးက ယူနိုကတက်က စပါးနဲ့ မန်စီးတီးကို နိုင်တဲ့ပွဲတွေမှာ အခရာကျခဲ့ပြီး အသင်းကွင်းလယ်ကနေ နိုင်ပွဲကြီးတွေ ရအောင် ချိတ်ဆက်ပေးနေသူတွေ ဖြစ်ပါတယ်။