ယွန်းဘတ် အပါအဝင် နည်းပြအဖွဲ့ထဲ အာတီတာ အလိုရှိနေသူ ၆ ဦး

အာဆင္နယ္ အျမဲတမ္းနည္းျပ သစ္ ျဖစ္လာတဲ့ အာတီတာက လက္ရွိ ယာယီနည္းျပေနတဲ့ ယြန္းဘတ္ အပါအ၀င္ ၄င္းရဲ႕ နည္းျပ အဖြဲ႕ထဲ ပါ၀င္ေစလုိတဲ့ အဖြဲ႕၀င္ ၆ ဦး ရွိေၾကာင္း လန္ဒန္အေျခစိုက္ သတင္းေထာက္ ေဒးဗစ္အြန္စတိန္းက ေဖာ္ထုတ္ထားပါတယ္။

ေသခ်ာေပါက္ ပါ၀င္မယ့္သူက စတိဗ္ ေရာင္း ျဖစ္ျပီး အဲဗာတန္နဲ႕ ပြဲမွာ ၄င္းကို အာတီတာ၊ အီဒူးတို႔နဲ႕ အတူ ပြဲၾကည့္စင္မွာ ေတြ႔ခဲ့ရပါတယ္။ ေရာင္းက ယခင္ အဲဗာတန္နဲ႕ မန္ခ်က္စတာ ယူနို္ကတက္မွာ လက္ေထာက္ နည္းျပ အျဖစ္ တာ၀န္ယူဖူးျပီး အက္စတြန္ဗီလာမွာ ေဘာလံုး ဒါရိုက္တာ အျဖစ္ တာ၀န္ယူ ေဆာင္ရြက္ေနသူပါ။

ေနာက္တစ္ဦးကေတာ့ အိုင္နာကီ ကာနာ ျဖစ္ျပီး ဘရန္႔ဖို႔ဒ္ ဂိုးနည္းျပ ျဖစ္ပါတယ္။ ကာနာက ဘာစီလိုနာ အကယ္ဒမီမွာ လုပ္ကိုင္ဖူးသူ ျဖစ္ျပီး စပိန္မွာလည္း သူ႔ ကိုယ္ပိုင္း ဂိုးအကယ္ဒမီ တည္ေထာက္ထားသူပါ။ ဖရန္႔ဖို႔ဒ္က ခ်န္ပီယံရွစ္မွာေတာ့ ကာနာရဲ႕ အကူအညီနဲ႕ ဂိုးမွတ္တမ္းေကာင္းေတြ ရရွိေနပါတယ္။

အာတီတာက ယြန္းဘတ္ကိုလည္း ဆက္လက္ ေခၚယူထားလိုျပီး ဒါက အသင္း တ၀က္ကို သူ႔ဘက္ပါလာေအာင္ တပါတည္း ဆြဲေဆာင္နုိင္မယ္ လို႔ ယံုၾကည္ေနပါတယ္။ က်န္တဲ့ သံုးေယာက္ အတြက္ေတာ့ က်ယ္ျပန္႔တဲ့ သတင္းထြက္ေပၚမႈေတြ မရွိေသးပါဘူး။

သတင္းေတြ အဆိုအရ ဒိုမီနက္တိုရန္႔နဲ႕ မန္စီးတီး နည္းျပ အဖြဲ႕ထဲမွာ ရိုေဒါဖို ေဘာ္ရဲတို႔ ပါ၀င္မယ္လို႔ သိရပါတယ္။ ေဘာ္ရဲက လက္ရွိ အခ်ိန္ထိ စီးတီးမွာ ရွိေနေသးတာေၾကာင့္ တိုရန္႔ကေတာ့ အာတီတာနဲ႔ လက္တြဲဖို႔ ပိုမို အလားအလာ ရွီပါတယ္။ တိုရန္႔က နယူးေယာက္ စီးတီးအသင္းမွာ နည္းျပခ်ဳပ္ အျဖစ္ တာ၀န္ယူခဲ့ျပီး နုိ၀င္ဘာကမွ ထြက္ခြာလာတာ ျဖစ္ပါတယ္။

အာတီတာရဲ႕ နည္းျပအဖြဲ႕၀င္ေတြ အေၾကာင္းကို လာမယ့္ ၾကာသပေတးေန႔ အာတီတာရဲ႕ ပထမဆံုး အာဆင္နယ္ ပြဲစဥ္ မတိုင္ခင္ တရား၀င္ ေၾကျငာေပးဖြယ္ ရွိပါတယ္။

Unicode – အာဆင်နယ် အမြဲတမ်းနည်းပြ သစ် ဖြစ်လာတဲ့ အာတီတာက လက်ရှိ ယာယီနည်းပြနေတဲ့ ယွန်းဘတ် အပါအဝင် ၎င်းရဲ့ နည်းပြ အဖွဲ့ထဲ ပါဝင်စေလိုတဲ့ အဖွဲ့ဝင် ၆ ဦး ရှိကြောင်း လန်ဒန်အခြေစိုက် သတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ထုတ်ထားပါတယ်။

သေချာပေါက် ပါဝင်မယ့်သူက စတိဗ် ရောင်း ဖြစ်ပြီး အဲဗာတန်နဲ့ ပွဲမှာ ၎င်းကို အာတီတာ၊ အီဒူးတို့နဲ့ အတူ ပွဲကြည့်စင်မှာ တွေ့ခဲ့ရပါတယ်။ ရောင်းက ယခင် အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုကတက်မှာ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူဖူးပြီး အက်စတွန်ဗီလာမှာ ဘောလုံး ဒါရိုက်တာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူပါ။

နောက်တစ်ဦးကတော့ အိုင်နာကီ ကာနာ ဖြစ်ပြီး ဘရန့်ဖို့ဒ် ဂိုးနည်းပြ ဖြစ်ပါတယ်။ ကာနာက ဘာစီလိုနာ အကယ်ဒမီမှာ လုပ်ကိုင်ဖူးသူ ဖြစ်ပြီး စပိန်မှာလည်း သူ့ ကိုယ်ပိုင်း ဂိုးအကယ်ဒမီ တည်ထောက်ထားသူပါ။ ဖရန့်ဖို့ဒ်က ချန်ပီယံရှစ်မှာတော့ ကာနာရဲ့ အကူအညီနဲ့ ဂိုးမှတ်တမ်းကောင်းတွေ ရရှိနေပါတယ်။

အာတီတာက ယွန်းဘတ်ကိုလည်း ဆက်လက် ခေါ်ယူထားလိုပြီး ဒါက အသင်း တဝက်ကို သူ့ဘက်ပါလာအောင် တပါတည်း ဆွဲဆောင်နိုင်မယ် လို့ ယုံကြည်နေပါတယ်။ ကျန်တဲ့ သုံးယောက် အတွက်တော့ ကျယ်ပြန့်တဲ့ သတင်းထွက်ပေါ်မှုတွေ မရှိသေးပါဘူး။

သတင်းတွေ အဆိုအရ ဒိုမီနက်တိုရန့်နဲ့ မန်စီးတီး နည်းပြ အဖွဲ့ထဲမှာ ရိုဒေါဖို ဘော်ရဲတို့ ပါဝင်မယ်လို့ သိရပါတယ်။ ဘော်ရဲက လက်ရှိ အချိန်ထိ စီးတီးမှာ ရှိနေသေးတာကြောင့် တိုရန့်ကတော့ အာတီတာနဲ့ လက်တွဲဖို့ ပိုမို အလားအလာ ရှီပါတယ်။ တိုရန့်က နယူးယောက် စီးတီးအသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ပြီး နိုဝင်ဘာကမှ ထွက်ခွာလာတာ ဖြစ်ပါတယ်။

အာတီတာရဲ့ နည်းပြအဖွဲ့ဝင်တွေ အကြောင်းကို လာမယ့် ကြာသပတေးနေ့ အာတီတာရဲ့ ပထမဆုံး အာဆင်နယ် ပွဲစဉ် မတိုင်ခင် တရားဝင် ကြေငြာပေးဖွယ် ရှိပါတယ်။