ဝတ်ဖိုဒ့်နဲ့ ပွဲအတွက် ဆိုးရှား ထုတ်သုံးဖွယ်ရှိတဲ့ တိုက်စစ်အားသန် ၄-၂-၃-၁ အခင်းအကျင်း ခန့်မှန်း

ဒီကနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် မြောက်လန်ဒန်ကလပ် ဝတ်ဖိုဒ့်အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ယူနိုက်တက်က ရလဒ်ကောင်းတွေအတွက် လမ်းကြောင်းတစ်ခုအပေါ် ပြန်တက်လာနေပြီး ဝတ်ဖိုဒ့်ကတော့ ဇယားအောက်ခြေမှာ အတော်လေး အခြေအနေ ဆိုးနေတာဖြစ်တယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ စာရွက်ပေါ်မှာ ၄-၃-၃ လူစာရင်းကို ချနိုင်ပေမယ့် လက်တလော ခြေစွမ်းပြနေတဲ့ ၄-၂-၃-၁ တိုက်စစ်အားသန် အခင်းအကျင်းလည်း ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ပေါ့ဘာ၊ ဖိုဆူမန်ဆနဲ့ ဘိုင်လီတို့ကို ကြံ့ခိုင်မှုပိုင်းတွေကြောင့် ဒီပွဲမှာ ခေါက်ထားဦးမှာပါ။ ရိုဂျိုနဲ့ ဒါလော့တို့ ပါဝင်ကစားနိုင်ဖို့လည်း မရှိပဲ သောကြာနေ့က ယူ-၁၈ အသင်းပွဲမှာ မိနစ် ၇၀ ကျော်လောက် ကစားခဲ့ကြသေးတာဖြစစ်ပါတယ်။

မန်နေဂျာဆိုးရှားဟာ ကာရာဘောင်းမှာ အနားပေးထားခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကိုပဲ ပြန်ထုတ်သုံးမှာပါ။ ဘယ်အစွန်တစ်နေရာကို လုရှော ထပ်မံ ရယူဦးမယ်လို့ မျှော်လင့်ပြီး မက်ဂွဲရား၊ လင်ဒီအော့၊ ဘစ်ဆာကာတို့နဲ့ တည်ငြိမ်တဲ့ ခံစစ်အတွဲကို ထုတ်သုံးလာမှာဖြစ်တယ်။ အရန်လူစာရင်းမှာတော့ တွမ်ဇီဘီ ပါဝင်လာဖို့ မျှော်လင့်ရတယ်။

လက်တလော မေးခွန်းတစ်ခုက ဂရင်းဝုဒ်ကို လူစာရင်းမှာ ထည့်သုံးမလားးဖြစ်ပါတယ်။ ဆယ်ကျော်သက် ကစားသမားလေးဟာ ခြေစွမ်း တောက်ပနေခဲ့သလို လင်ဂတ်ကလည်း ပုံမှန်ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် မာရှယ်၊ ရပ်ဖိုဒ့်၊ ဂျိမ်းတို့နဲ့ တွဲဘက်မယ့် တိုက်စစ်ထောက်ပံ့သူ တစ်နေရာအတွက် ရွေးချယ်ဖို့ ဆိုးရှား အလေးအနက် စဉ်းစားရဖွယ် ရှိနေတာပါ။

ဂရင်းဝုဒ်ကို မိနစ် ၂၀-၃၀ စာ ကစားဖို့ လူစားဝင်စေတာက အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ကွင်းလယ်မှာတော့ ဖရတ်နဲ့ တော်မီနေးတို့ဟာ ယူနိုက်တက် ပရိသတ်တွေကို စိတ်ချရစေတဲ့ ကွင်းလယ်အတွဲ ဖြစ်နေစေပါတယ်။ ဒီလူစာရင်းဟာ လက်ရှိမှာ အကောင်းဆုံးလည်း ဖြစ်ပေမယ့် ပိုင်ဆိုင်မှုပိုင်း အသာစီး ယူရတဲ့ ပွဲတွေမှာ ရလဒ်ကိုလည်း ယူနိုင်စွမ်းရှိကြောင်း သက်သေပြဖို့တော့ လိုနေတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာေတာ့ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ ေျမာက္လန္ဒန္ကလပ္ ဝတ္ဖိုဒ့္အသင္းရဲ႕ အိမ္ကြင္းကို သြားေရာက္ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။

ယူႏုိက္တက္က ရလဒ္ေကာင္းေတြအတြက္ လမ္းေၾကာင္းတစ္ခုအေပၚ ျပန္တက္လာေနျပီး ဝတ္ဖိုဒ့္ကေတာ့ ဇယားေအာက္ေျခမွာ အေတာ္ေလး အေျခအေန ဆိုးေနတာျဖစ္တယ္။ ဒီပြဲမွာ ယူႏုိက္တက္ဟာ စာရြက္ေပၚမွာ ၄-၃-၃ လူစာရင္းကို ခ်ႏုိင္ေပမယ့္ လက္တေလာ ေျခစြမ္းျပေနတဲ့ ၄-၂-၃-၁ တိုက္စစ္အားသန္ အခင္းအက်င္းလည္း ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာ ၾကီးၾကီးမားမား မရွိေပမယ့္ ေပါ့ဘာ၊ ဖိုဆူမန္ဆနဲ႔ ဘိုင္လီတို႔ကို ၾကံ႕ခိုင္မႈပိုင္းေတြေၾကာင့္ ဒီပြဲမွာ ေခါက္ထားဦးမွာပါ။ ရိုဂ်ိဳနဲ႔ ဒါေလာ့တို႔ ပါဝင္ကစားႏုိင္ဖို႔လည္း မရွိပဲ ေသာၾကာေန႔က ယူ-၁၈ အသင္းပြဲမွာ မိနစ္ ၇၀ ေက်ာ္ေလာက္ ကစားခဲ့ၾကေသးတာျဖစစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားဟာ ကာရာေဘာင္းမွာ အနားေပးထားခဲ့တဲ့ သူ႔ရဲ႕ အေကာင္းဆံုး လူစာရင္းကိုပဲ ျပန္ထုတ္သံုးမွာပါ။ ဘယ္အစြန္တစ္ေနရာကို လုေရွာ ထပ္မံ ရယူဦးမယ္လို႔ ေမွ်ာ္လင့္ျပီး မက္ဂြဲရား၊ လင္ဒီေအာ့၊ ဘစ္ဆာကာတို႔နဲ႔ တည္ျငိမ္တဲ့ ခံစစ္အတြဲကို ထုတ္သံုးလာမွာျဖစ္တယ္။ အရန္လူစာရင္းမွာေတာ့ တြမ္ဇီဘီ ပါဝင္လာဖို႔ ေမွ်ာ္လင့္ရတယ္။

လက္တေလာ ေမးခြန္းတစ္ခုက ဂရင္းဝုဒ္ကို လူစာရင္းမွာ ထည့္သံုးမလားးျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ ကစားသမားေလးဟာ ေျခစြမ္း ေတာက္ပေနခဲ့သလို လင္ဂတ္ကလည္း ပံုမွန္ေျခစြမ္းေကာင္းေတြ ျပသေနတာေၾကာင့္ မာရွယ္၊ ရပ္ဖိုဒ့္၊ ဂ်ိမ္းတို႔နဲ႔ တြဲဘက္မယ့္ တိုက္စစ္ေထာက္ပံ့သူ တစ္ေနရာအတြက္ ေရြးခ်ယ္ဖို႔ ဆိုးရွား အေလးအနက္ စဥ္းစားရဖြယ္ ရွိေနတာပါ။

ဂရင္းဝုဒ္ကို မိနစ္ ၂၀-၃၀ စာ ကစားဖို႔ လူစားဝင္ေစတာက အေကာင္းဆံုး နည္းလမ္းျဖစ္ျပီး ကြင္းလယ္မွာေတာ့ ဖရတ္နဲ႔ ေတာ္မီေနးတို႔ဟာ ယူႏုိက္တက္ ပရိသတ္ေတြကို စိတ္ခ်ရေစတဲ့ ကြင္းလယ္အတြဲ ျဖစ္ေနေစပါတယ္။ ဒီလူစာရင္းဟာ လက္ရွိမွာ အေကာင္းဆံုးလည္း ျဖစ္ေပမယ့္ ပိုင္ဆုိင္မႈပိုင္း အသာစီး ယူရတဲ့ ပြဲေတြမွာ ရလဒ္ကိုလည္း ယူႏုိင္စြမ္းရွိေၾကာင္း သက္ေသျပဖို႔ေတာ့ လိုေနတာျဖစ္ပါတယ္။