အာဆင်နယ်ရဲ့ မန်နေဂျာသစ် ရွေးချယ်မှုကို မြို့ခံပြိုင်ဘက်မန်နေဂျာ မော်ရင်ညို သရော်

စပါးမန်နေဂျာ မော်ရင်ညိုဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ မန်နေဂျာရွေးချယ်မှုကို ဝေဖန်လိုက်ပြီး ဒီကနေ့ခေတ်မှာ ဝါရင့်တွေက အထင်ကြီးမခံရတဲ့ အနေအထားကို ထောက်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာအဖြစ် အန်ဆယ်လော့တီလို ဝါရင့်မန်နေဂျာကို ရွေးချယ်ခွင့်ရှိချိန်မှာ အာတီတာကို ရွေးခဲ့ပါတယ်။ ဒါဟာ အုပ်ချုပ်မှုအတွေ့အကြုံ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကြီး ၆ ကြီး စာရင်းဝင် ထိပ်တန်းအသင်း တစ်သင်းအတွက် တာဝန်ပေးမှုဖြစ်ပြီး ကြီးမားတဲ့ အလောင်းအစားကိစ္စလို့ ဝေဖန်ကြမှုတွေရှိတယ်။

မော်ရင်ညိုက အာဆင်နယ်ရဲ့ ရွေးချယ်မှုကို လန်ဒန်ပြိုင်ဘက်အသင်းဟာ ပွဲလုံးဝ မရံှူးခဲ့ဖူးသူကို အကောင်းဆုံး မန်နေဂျာပါလို့ ယူဆနေတာ ဖြစ်နိုင်ကြောင်း သရော်ခဲ့ပါတယ်။

မော်ရင်ညိုက ” ကျနော်သိလိုက်တာက ကျနော်တို့လို မန်နေဂျာတွေအတွက် နည်းနည်းတော့ ရယ်စရာကောင်းတယ်။ အရင်နှစ်တွေတုန်းက အကောင်းဆုံး မန်နေဂျာကို အောင်နိုင်မှုတွေ ပိုရတာနဲ့ တိုင်းတာကြတယ်။ ဒါပေမယ့် အခုမှာတော့ အရေးနိမ့်မှု သိပ်နည်းတဲ့ လူတွေကို အကောင်းဆုံးလို့ သက်မှတ်ကြပါတယ် ” လို့ အာဆင်နယ်ရဲ့ ရွေးချယ်မှုကို ဝေဖန်ခဲ့ပါတယ်။

ဆက်လက်ပြီး မော်ရင်ညိုက ” ဒီတော့ အန်ဆယ်လော့တီက ချန်ပီယံလိဂ် သုံးကြိမ်၊ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်မှာ ဆုဖလားတွေ အနိုင်ခဲ့တယ်။ ဒါပေမယ့် အန်ဆယ်လော့တီက ပွဲတွေ ရံှူးဖူးတယ်လေ။ ပွဲ ၂၀၀ လောက် ရံှူးဖူးတယ်။ ကျနော်လည်း ပွဲ ၁၅၀-၁၈၀ လောက် ရံှူးထားဖူးတယ်။ ကာလိုစ့်က ကျနော်ထက် အသက်ပိုကြီးတယ်။ အခုချိန်မှာ ဘယ်လောက် နိုင်တယ်ဆိုတာထက် ပွဲဘယ်လောက် အရေးမနိမ့်ထားသူဆိုတာကို တိုင်းတာ ဖြစ်နိုင်ပါတယ်။

အခုချိန်မှာ ရံှူးပွဲ လုံးဝမရှိတဲ့ သူကပဲ အကောင်းဆုံး မန်နေဂျာပါ။ ရံှူးပွဲပိုများတဲ့ မန်နေဂျာနဲ့ ရံှူးပွဲ ပိုနည်းတဲ့ မန်နေဂျာကြား အလုပ်လျှောက်ကြမယ်ဆိုရင် ရံှူးပွဲ ပိုနည်းတဲ့ မန်နေဂျာက အလုပ်ရပါတယ်။ အခြားသော အကြောင်းရင်းကို ကျနော် ရှာမတွေ့ပါဘူး ” လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳဟာ လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာေရြးခ်ယ္မႈကို ေဝဖန္လိုက္ျပီး ဒီကေန႔ေခတ္မွာ ဝါရင့္ေတြက အထင္ၾကီးမခံရတဲ့ အေနအထားကို ေထာက္ျပခဲ့ပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာအျဖစ္ အန္ဆယ္ေလာ့တီလို ဝါရင့္မန္ေနဂ်ာကို ေရြးခ်ယ္ခြင့္ရွိခ်ိန္မွာ အာတီတာကို ေရြးခဲ့ပါတယ္။ ဒါဟာ အုပ္ခ်ဳပ္မႈအေတြ႔အၾကံဳ လံုးဝမရွိတဲ့ ပုဂၢိဳလ္တစ္ဦးကို ၾကီး ၆ ၾကီး စာရင္းဝင္ ထိပ္တန္းအသင္း တစ္သင္းအတြက္ တာဝန္ေပးမႈျဖစ္ျပီး ၾကီးမားတဲ့ အေလာင္းအစားကိစၥလို႔ ေဝဖန္ၾကမႈေတြရွိတယ္။

ေမာ္ရင္ညိဳက အာဆင္နယ္ရဲ႕ ေရြးခ်ယ္မႈကို လန္ဒန္ျပိဳင္ဘက္အသင္းဟာ ပြဲလံုးဝ မရံွဴးခဲ့ဖူးသူကို အေကာင္းဆံုး မန္ေနဂ်ာပါလို႔ ယူဆေနတာ ျဖစ္ႏုိင္ေၾကာင္း သေရာ္ခဲ့ပါတယ္။

ေမာ္ရင္ညိဳက ” က်ေနာ္သိလိုက္တာက က်ေနာ္တို႔လို မန္ေနဂ်ာေတြအတြက္ နည္းနည္းေတာ့ ရယ္စရာေကာင္းတယ္။ အရင္ႏွစ္ေတြတုန္းက အေကာင္းဆံုး မန္ေနဂ်ာကို ေအာင္ႏုိင္မႈေတြ ပိုရတာနဲ႔ တိုင္းတာၾကတယ္။ ဒါေပမယ့္ အခုမွာေတာ့ အေရးနိမ့္မႈ သိပ္နည္းတဲ့ လူေတြကို အေကာင္းဆံုးလို႔ သက္မွတ္ၾကပါတယ္ ” လို႔ အာဆင္နယ္ရဲ႕ ေရြးခ်ယ္မႈကို ေဝဖန္ခဲ့ပါတယ္။

ဆက္လက္ျပီး ေမာ္ရင္ညိဳက ” ဒီေတာ့ အန္ဆယ္ေလာ့တီက ခ်န္ပီယံလိဂ္ သံုးၾကိမ္၊ အီတလီ၊ ျပင္သစ္နဲ႔ အဂၤလန္မွာ ဆုဖလားေတြ အႏုိင္ခဲ့တယ္။ ဒါေပမယ့္ အန္ဆယ္ေလာ့တီက ပြဲေတြ ရံွဴးဖူးတယ္ေလ။ ပြဲ ၂၀၀ ေလာက္ ရံွဴးဖူးတယ္။ က်ေနာ္လည္း ပြဲ ၁၅၀-၁၈၀ ေလာက္ ရံွဴးထားဖူးတယ္။ ကာလိုစ့္က က်ေနာ္ထက္ အသက္ပိုၾကီးတယ္။ အခုခ်ိန္မွာ ဘယ္ေလာက္ ႏုိင္တယ္ဆိုတာထက္ ပြဲဘယ္ေလာက္ အေရးမနိမ့္ထားသူဆိုတာကို တိုင္းတာ ျဖစ္ႏုိင္ပါတယ္။

အခုခ်ိန္မွာ ရံွဴးပြဲ လံုးဝမရွိတဲ့ သူကပဲ အေကာင္းဆံုး မန္ေနဂ်ာပါ။ ရံွဴးပြဲပိုမ်ားတဲ့ မန္ေနဂ်ာနဲ႔ ရံွဴးပြဲ ပိုနည္းတဲ့ မန္ေနဂ်ာၾကား အလုပ္ေလွ်ာက္ၾကမယ္ဆိုရင္ ရံွဴးပြဲ ပိုနည္းတဲ့ မန္ေနဂ်ာက အလုပ္ရပါတယ္။ အျခားေသာ အေၾကာင္းရင္းကို က်ေနာ္ ရွာမေတြ႔ပါဘူး ” လို႔ မွတ္ခ်က္ေပးလိုက္တာျဖစ္ပါတယ္။