ဒီယက်စ်၊ သီယေဂိုတို့ ပါဝင်လာနိုင်တဲ့ စပါးပွဲအတွက် လီဗာပူး ပွဲထွက် လူစာရင်း ပွဲကြို ခန့်မှန်းခြင်း

ဒီည မြန်မာစံတော်ချိန် ၁း၁၅ နာရီ မှာတော့ လီဗာပူးအသင်းဟာ စပါးအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံကစားမှာဖြစ်ပါတယ်။

ဒီပွဲဟာ လက်ကျန် အမှတ်ပေးပွဲ ၄ ပွဲအတွင်း လီဗာပူးအတွက် အရေးကြီးဆုံးသော စိန်ခေါ်မှုလည်းဖြစ်ပါတယ်။ စပါးဟာ ခြေတက်နေတဲ့ အသင်းဖြစ်သလို ကြီး ၆ ကြီးထဲက တစ်သင်းဖြစ်တာကြောင့် အသင်းကို ဒုက္ခပေးနိုင်ပါတယ်။ ဒါ့အပြင် စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်နဲ့ အပြိုင်ဖြစ်နေတာမို့ တော်တော်လေးကို အရေးကြီးတဲ့ ပွဲစဉ်ပါ။

လီဗာပူးက ဒီအပတ်ပွဲကို အရင်ကစားရမှာဖြစ်ပြီး မနက်ဖြန်မှာ မန်စီးတီးက နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံရပါလိမ့်မယ်။ ဒီပွဲကို အနိုင်ယူထားမယ်ဆိုရင် ချန်ပီယံလိဂ်ကနေ ထိခိုက်မှုကြီး ရင်ဆိုင်ထားရတဲ့ မန်စီးတီးတို့ ရလဒ်ဆိုး တစ်ခုခုဖြစ်ချိန်မှာ ကိုယ်က ဇယားထိပ်ကို ဦးဆောင်ပြီး ဖြစ်ပါမယ်။ ဒါကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှာ အပြောင်းအလဲကြီး ဖြစ်သွားနိုင်တဲ့ပွဲလို့တောင် ဆိုနိုင်ပါတယ်။

Team news

ဖာမင်နို ပြန်လာပါပြီ။ ဒါပေမယ့် စပါးပွဲမှာ ကစားဖို့ မသေချာပါဘူး။
အခြားသော ဒဏ်ရာပြဿနာ မရှိပါဘူး။

Liverpool’s XI vs. Tottenham

ဒီပွဲမှာတော့ မန်နေဂျာကလော့ပ်ဟာ ဗီလာရီးရဲလ်ပွဲက လူစာရင်းကို ၃ နေရာလောက် အပြောင်းအလဲ လုပ်ပါလိမ့်မယ်။ ဂိုးသမားနေရာ အယ်လီဆန်ဖြစ်ကာ ဘယ်အစွန်နဲ့ ညာအစွန်မှာ ရိုဘို၊ ထရန့်တို့ကို ဖယ်ထုတ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ခံစစ်မှူး နေရာတွေမှာတော့ မာတစ်နဲ့ ဗန်ဒိုက်တို့ ပွဲထွက်ပါမယ်။

ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒါဆန်တို့ကို ပွဲထုတ်မယ်လို့ ယုံကြည်ရတယ်။ ကိတ်တာပါတဲ့ ကွင်းလယ်ဟာ ဗီလာရီးရဲလ် ပထမပိုင်းမှာ ခြေစွမ်းဆိုးခဲ့ပြီး ဒုတိယပိုင်းမှာ ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် စပါးပွဲမှာ ဟန်ဒါဆန်ကို ထည့်သွင်းနိုင်တာက ကွင်းလယ်စီချင်းထိုးမှုတွေမှာ အမြင့်ဘောအတွက်ကော၊ ကိန်းပါဝင်တဲ့ စပါးကို ဒိုင်မျက်နှာသာပေးခြင်းကနေ ခုခံဖို့အတွက်ကောဖြစ်ပါတယ်။

တိုက်စစ်မှာတော့ ပရိသတ်ကြိုက်ဖြစ်နေတဲ့ ဒီယက်စ်ကို ဆာလာ၊ မာနေးတို့နဲ့ တွဲပေးပြီး အန်ဖီးကွင်းက ပရိသတ်ထုကို ဆူပွက်စေပါမယ်။ ကလော့ပ်ဟာ ကြံ့ခိုင်မှုကို မူတည်ပြီး လူစာရင်း ထုတ်လေ့ရှိပေမယ့် သူက ပရိသတ်တွေ စိတ်ပျော်ရွှင်ဖို့ကိုလည်း ဖန်တီးပေးလေ့ရှိတာမို့ ဂျိုတာကို ကျော်ပြီး ဒီယက်စ် ပွဲထွက်ဖို့ အခွင့်အရေး များပါတယ်။