လီဗာပူး V စပါး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်း

ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ အပတ်စဉ် ၃၅ ရောက်ရှိလာပြီ ဖြစ်ပြီး ဒီအပတ် လီဗာပူးပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် က အခုလို သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

လီဗာပူး V စပါး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၅)
မေ ၈ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ။

မိုက်ကယ်အိုဝင် သုံးသပ်ချက် ။ ။ ဒီလီဗာပူးအသင်းအတွက်တော့ ချီးကျူးကုန်နိုင်လောက်အောင်ပါပဲ။ နိုင်ပွဲတွေက ဆက်တိုက် လာနေပါတယ်။ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် မဟုတ်ဘူးဆိုရင်တောင် ပြီးခဲ့တဲ့ အပတ်တုန်းက နယူးကာဆယ်ကို အနိုင်ရခဲ့တာဟာ ကြီးမားပါတယ်။ ကြားရက်က စပိန်မှာ comeback နိုင်ပွဲ ရယူပြခဲ့တာက လီဗာပူးအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ်ပွဲမှာ လူးဝစ် ဒီယက်စ်က ပွဲအဖြေကို ပြောင်းလဲပေးခဲ့တယ်။ ဒီပွဲမှာ သူ ပွဲထွက် လူစာရင်းကနေ ပါဝင်လာမယ်လို့ မျှော်လင့်ထားပါတယ်။

ဒီပွဲက စပါးအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ လက်တလော အာဆင်နယ်ရဲ့ ခြေစွမ်းတွေအရ စပါးအသင်းဟာ ဒီပွဲမှာ ရှုံးလို့ရမယ်လို့ ကျနော်တော့ မထင်ပါဘူး။ ဆွန်က သိပ်ကောင်းတဲ့ ပုံစံတွေ ရနေတာဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် ပါဝင် ယှဉ်ပြိုင်နေတာပါ။

ဒါပေမယ့်လည်း လီဗာပူးကို မရွှေးလို့ မရပါဘူး။ လက်တလော ဥရောပမှာ သူတို့ထက် ပိုကောင်းတဲ့အသင်း မရှိပါဘူး။ သူတို့ကို ကြည့်ရတာ မရှုံးတတ်တော့တဲ့ အတိုင်းပါပဲ။ အထူးသဖြင့် အန်ဖီးကွင်းမှာဆိုရင်ပေါ့။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူးအသင်းက အိမ်ကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။