ဗီလာရီးရဲလ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲ နည်းပြ ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် လူစာရင်း

လီဗာပူးအသင်းဟာ ဒီကနေ့ညမှာတော့ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းကို ၎င်းတို့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပါမယ်။

ပထမအကျော့ အန်ဖီးကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဒီပွဲအတွက် အသင်းဟာ ဖိအားကြီးတွေတော့ ရှိမနေပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးရင် အရေးအကြီးဆုံးလို့ ဆိုရမယ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ စိတ်ပိုင်းဖြတ်ထားတဲ့ အသင်းတစ်သင်းက ဘာလုပ်နိုင်သလဲဆိုတာကို အန်ဖီးကွင်းက လီဗာပူး ၄-၀ ဘာစီလိုနာ ပွဲက သက်သေရှိထားပါတယ်။

ဒီပွဲမှာ ပေါ့ပေါ့ဆဆ ကစားမယ်ဆိုရင်တော့ အထိနာမှာဖြစ်ပြီး အာရုံစူးစိုက်မှု အပြည့်ထားကာ ဗိုလ်လုပွဲ တက်နိုင်ရေး အားထုတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Team news

  • ခြေထောက် ဒဏ်ရာရထားတဲ့ ဖာမင်နိုဟာ ပွဲမကစားနိုင်ပေမယ့် စပိန်ကို လိုက်ပါသွားပါမယ်။
  • အိုရီဂီ အဖျားကနေ ပြန်သက်သာလာနေပါပြီ။
  • တနင်္လာနေ့ လေ့ကျင့်ရေးဝင်ခဲ့တဲ့ အသင်းသား ၂၅ ဦးထဲက ဒဏ်ရာ ပြဿနာ မကြားရပါဘူး။

Liverpool’s XI vs. Villarreal

ဒီပွဲမှာတော့ ဗဟိုခံစစ်မှာ ကိုနတေး ပြန်လည် ပါဝင်လာမှုနဲ့အတူ အယ်လီဆန်၊ ဗန်ဒိုက်၊ ကိုနတေးတို့ကို ညာအစွန် ထရန့်၊ ဘယ်အစွန် ရော်ဘတ်ဆန်တို့နဲ့ အားဖြည့်မှာဖြစ်တယ်။ ဒီပွဲမှာ ဘယ်ခြမ်း တစ်နေရာကိုပဲ အပြောင်းအလဲ လုပ်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ရိုဘိုဟာ ပွဲဆက်တွေ ဆက်တိုက် များထားပါတယ်။

ကွင်းလယ်မှာတော့ သီယေဂို ပြန်ပါလာကာ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့နဲ့ ပွဲထွက်ဖို့ ရှိပါတယ်။ နည်းပြကလော့ပ်က နယူးကာဆယ်ပွဲတုန်းက ကိတ်တာကို အတော်လေး သဘောကျထားတာရှိပြီး ဒီအပတ်မှာ စပါးနဲ့ပွဲ ရှိသေးတာကြောင့် ချန်ပီယံလိဂ်ပွဲမှာတော့ အနားပေးဖွယ် ရှိပါတယ်။

တိုက်စစ်မှာ ဒီယက်စ်၊ မာနေး၊ ဆာလာတို့ကို ပွဲထုတ်မှာဖြစ်ပြီး ဂျိုတာနဲ့ အိုရီဂီကို အရန်စာရင်းမှာ ထည့်သွင်းလာဖို့ ရှိပါတယ်။