ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် စပိန်ကို ထွက်ခွာမယ့် လီဗာပူးအသင်းသား ၂၅ ဦး စာရင်း

တနင်္လာနေ့ ညပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားဖို့အတွက် လီဗာပူးအသင်းဟာ စပိန်မြေထံ ထွက်ခွာမှာဖြစ်ပါတယ်။

နယူးကာဆယ်ကို ၁-၀ နဲ့ အနိုင်ရအပြီး ၄ ရက် အကြာမှာ ဒီပွဲကို ယှဉ်ပြိုင်ရဖို့ ရှိနေခဲ့ကာ ပထမအကျော့တုန်းက အန်ဖီးကွင်းမှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ယူထားခဲ့တာဖြစ်တယ်။ ဒုတိယအကျော့မှာ လီဗာပူးအသင်းက ရေပန်းစားနေမှာဖြစ်ပေမယ့် နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းကလည်း ပြင်းထန်စွာ အားထုတ်လာဦးမှာ ဖြစ်ပါတယ်။

ပွဲကြို လေ့ကျင့်ရေးမှာ တိုက်စစ်သမား အိုရီဂီ၊ ဘယ်အစွန်လူ ကိုစတက်၊ ကွင်းလယ်လူ ဂျုံးတို့ ပါဝင်ထားနိုင်တာကို တွေ့ရတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု ပြဿနာတွေ ရှိထားခဲ့ကာ စပိန်ခရီးကို လိုက်ပါဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်မှူး ဖာမင်နိုကတော့ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် လေ့ကျင့်ရေးမှာပါ မမြင်ခဲ့ရပါဘူး။

ဒီပွဲအတွက် တိုက်စစ်မှာ ဆာလာ၊ မာနေး၊ ဒီယက်စ်၊ ဂျိုတာတို့ထဲက အဓိက ရွေးချယ်ဖွယ်ရှိပြီး သီယေဂိုနဲ့ ဟန်ဒါဆန်တို့ကိုလည်း ပွဲထွက်လူစာရင်းက ထုတ်သုံးလာမယ်လို့ ယူဆရတယ်။ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားဖြစ်ရေး ယူ-၂၃ အသင်းမှာ ခြေသွေးထားတဲ့ ဟာဗေးလည်း စပိန်ခရီးစဉ်ကို လိုက်ပါပါလိမ့်မယ်။

အခြားသော အသေးစိတ်ကျတဲ့ ကိစ္စတွေအတွက်တော့ ပွဲကြိုမှာ ကလော့ပ်က ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

25-man Liverpool squad

Goalkeepers: Alisson, Kelleher, Adrian, Davies

Defenders: Van Dijk, Matip, Konate, Gomez, Alexander-Arnold, Robertson, Tsimikas

Midfielders: Fabinho, Thiago, Henderson, Keita, Milner, Jones, Oxlade-Chamberlain, Elliott

Forwards: Salah, Mane, Jota, Diaz, Origi, Minamino