ပေါ့ဘာ၊ ဟာဗက်၊ ဟာလန်း၊ ဗီနီစီးရက်ဂျူနီယာတို့ အပြောင်းအရွှေ့များနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ







Unicode – ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဇန်နဝါရီမှာတော့ အသင်းကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ဆိုးရှားက အကောင်းမြင် နေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တောက်လျောက် ချိတ်ဆက်ခြင်း ခံနေရတဲ့ ပေါ့ဘာဟာ ယူနိုက်တက် အတွက် နောက်ဆုံးပွဲ ကစားပေးသွားပြီလို့ အသင်းဖော်များနဲ့ ယူနိုက်တက် ဝန်ထမ်းများက နားလည်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပေါ့ဘာဟာ စက်တင်ဘာလတည်းက ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာပါ။

ယူနိုက်တက် ပစ်မှတ် ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်းဟာ မန်ချက်စတာသို့ လေယာဉ်နဲ့ ထွက်ခွာသွားပြီး သောကြာနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ရောက်ရှိမယ်လို့ နော်ဝေသတင်းစာက ဖော်ထုတ်ထားပါတယ်။

မီနာမီနိုကို လီဗာပူးထံ လက်လွှတ်လိုက်ရတာကြောင့် ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီမှာ အဲရစ်ဆန်နဲ့ ဟာလန်းတို့ နှစ်ဦးကို အရ ခေါ်ယူရန် ပြင်ဆင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ မပျော်ရွှင် ဖြစ်နေတဲ့ ဘရာဇီးသား တိုက်စစ်သမား ဗီနီစီးရက် ဂျူနီယာအတွက် ဇန်နဝါရီမှာ အပြောင်းအရွှေ့ တိုက်ပွဲ ဖြစ်ကြဖွယ် ရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘရာဇီးသားကို ပရီးမီးယားလိဂ်မှ ယူနိုကတက်၊ အာဆင်နယ်၊ ချယ်ဆီး၊ စပါးတို့က စိတ်ဝင်စားနေတဲ့ အပြင် ပီအက်စ်ဂျီ၊ အင်တာနဲ့ ရိုးမားတို့ကလည်း ခေါ်ယူလိုနေပါတယ်။

ယူရို သန်း ၁၃၀ ထိ တန်ကြေးရှိနေတဲ့ လီဗာကူဆင် ကစားသမား ကိုင် ဟာဗက်ကို ယူနိုက်တက်နဲ စီးတီး မန်ချက်စတာ နှစ်သင်းလုံးက ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဟာဗက်ကို မန်ချက်စတာ နှစ်သင်း အပြင် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ ဥရောပ ထိပ်သီးများကလည်း စိတ်ဝင်စား စောင့်ကြည့်နေတာပါ။