နယူးကာဆယ်ပွဲအတွက် ကလော့ပ် ထုတ်သုံးမယ့် အကောင်းဆုံး ပွဲထွက် လူစာရင်း ပွဲကြို ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီကနေ့ မြန်မာစံတော်ချိန် ၆ နာရီမှာ နယူးကာဆယ် အသင်းထံသွားပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

လက်ကျန်ပွဲတွေထဲမှာ အခက်ခဲဆုံး အဝေးကွင်းပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲဟာ လီဗာပူးအသင်း အားရုံစိုက်ဖို့ လိုအပ်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အတ်ဒီဟောင် လက်အောက်မှာ နယူးကာဆယ်ဟာ ပြန်လည် စုဖွဲ့မှုတွေ လုပ်နေပြီး ဂွီးမာရက်စ်က အတော်လေး ခြေစွာနေပါတယ်။

သူတို့အသင်းဟာ ၂၀၂၂ ခုနှစ်ထဲမှာ လီဗာပူးပြီးရင် ခြေစွမ်း အကောင်းဆုံးအဖြစ် မှတ်ချက်ရထားပြီး အတ်ဒီဟောင်ဆိုရင် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက်ပါ တစ်ပြေးနေတာပါ။ အတ်ဒီဟောင်က သူ့အသင်း ပရိသတ်တွေကို လျှပ်စီးထနေတဲ့ အားပေးမှုတွေ လုပ်ပေးကြပါ တေင်းဆိုထားပြီး ခပ်လွယ်လွယ် ပွဲတစ်ပွဲ ဖြစ်လာဖို့ မရှိပါဘူး။

Team News

ဖာမင်နို ခြေထောက်ဒဏ်ရာကနေ မသက်သာလာသေးပါဘူး။
ကိုစတက် လေ့ကျင့်ရေး ပြန်ဝင်ပါပြီ။
ဂျုံးလည်း အဖျားကနေ ပြန်သက်သာလာနေပါတယ်။

Liverpool’s XI vs. Newcastle

ဒီပွဲကို ကလော့ပ်က အာရုံစိုက်ပါလိမ့်မယ်။ ချန်ပီယံလိဂ်ပွဲနည်းတူ အရေးကြီးနေတဲ့ ပွဲစဉ်ဖြစ်လို့ ကြံ့ခိုင်မှု ကောင်းနေတဲ့ အသင်းသားတွေနဲပအတူ အကောင်းဆုံး လူစာရင်းကို ထုတ်သုံးလာမယ်လို့ မျှော်လင့်ထားပါတယ်။

ဂိုးသမားနေရာ အယ်လီဆန်ဖြစ်ပြီး ဘယ် ညာ အစွန်လူတွေအဖြစ် ရိုဘိုနဲ့ ထရန့်ကို ပွဲထုတ်ပါဦးမယ်။ ဗဟိုခံစစ်မှာတော့ ဗန်ဒိုက်ကို မာတစ်နဲ့ ပြန်ပြီး တွဲပေးတာကို မြင်ရမှာဖြစ်ပါတယ်။ ကိုနတေးကိုတော့ ဗီလာရီးရဲလ်ပွဲအတွက် အနားပေးမှာဖြစ်ပြီး ဘယ်အစွန်လူ ကိုစတက် အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်ပါပြီ။

ကွင်းလယ်မှာတော့ ရွေးချယ်စရာတွေ အများကြီး ရှိမနေပါဘူး။ ဖာဘင်ညို၊ သီယေဂို၊ ကိတ်တာ အတွဲကို ထုတ်သုံးပြီး တိုက်စစ်အားသွန်း ကစားဖွယ်ရှိတယ်။ ဟန်ဒိုက အရန်စာရင်းမှာ ရှိနေပါမယ်။ အခြားသော ရွေးချယ်စရာတွေအဖြစ် မီလ်နာ၊ ချိန်ဘာလိန်တို့ ရှိနေပေမယ့် ပွဲဆက်ပြတ်နေတာ အတော်ကြားနေပါပြီ ဂျုံးက အဖျားကနေ ပြန်သက်သာလာနေပြီး ဟာဗေးက ပွဲထိတွေ့ခွင့်ရဖို့ ယူ-၂၃ မှာ သွင်းကစားထားတာကြောင့် ကလော့ပ် လိုအပ်လာရင် အဆင်သင့် ရှိနေပါမယ်။

တိုက်စစ်မှာတော့ ဂျိုတာကို ထုတ်သုံးပြီး မာနေး၊ ဆာလာတို့နဲ့ တွဲဘက်ပေးကာ ဒီယက်စ်ကို ချန်ပီယံလိဂ်အတွက် အနားပေးပါလိမ့်မယ်။ အခြားသော အပြောင်းအလဲအတွက်ဆိုရင် မီနာမီနိုနဲ့ အိုရီဂီတို့ ရှိနေမှာဖြစ်ပါတယ်။