နွေဈေးကွက် နံပါတ် ၁ ပစ်မှတ်၊ စာချုပ်ကိစ္စတွေ ပြင်ဆင်နေခြင်းနဲ့ လီဗာပူး သတင်းတိုများ

အဲဗာတန်ပွဲ မတိုင်ခင်မှာ ဒဏ်ရာရသွားတဲ့ ဖာမင်နိုဟာ ဒီအပတ်မှာလည်း အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်သေးတာကြောင့် နယူးကာဆယ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် ပြန်သက်သာလာဖို့ မျှော်လင့်ထားတာထက် ပိုကြာနေတယ်လို့ ကလော့ပ်က ထုတ်ပြောထားပါတယ်။

လီဗာပူးအသင်းနဲ့ စာချုပ်ချုပ်အပြီး လက်ရှိ အနေအထားတွေဟာ စတင်ခြင်း အဆင့်သာ ရှိနေပါသေးတယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

လီဗာပူးဘယ်အစွန်လူ ကိုစတက်က အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနေပေမယ့် ဂျုံးကတော့ မပါနိုင်သေးဘူးလို့ သိရပါတယ်။ သူတို့ နှစ်ဦးလုံးဟာ အဖျားဝေဒနာ ခံစားနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နွေဦးစားပေး ပစ်မှတ်ဟာ မိုနာကို ကွင်းလယ်လူ ချူအာမီနီဖြစ်လာမယ့် အလားအလာတွေ များပြားနေပါတယ်။ ပြင်သစ်သား လူငယ်ကွင်းလယ်လူကို ပေါင် ၃၃.၃ သန်း ဝန်းကျင်ဖြင့် ချိတ်ဆက်နိုင်မယ်လို့ တွက်ဆထားကြပါတယ်။

ကလော့ပ်ကို သက်တမ်းတိုးလိုက်တာက ဆာလာနဲ့ စာချုပ်သစ် ချုပ်နိုင်မယ်လို့ အဓိပ္ပာယ် မသက်ရောက်ပေမယ့် အီဂျစ်သားဟာ နည်းပြနဲ့ သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး မာနေးနဲ့ လက်ထောက် အသင်းခေါင်းဆောင် မီလ်နာတို့ကို စာချုပ်သစ်တွေပေးဖို့ ပြင်ဆင်နေပါတယ်။ မီလ်နာကိုတော့ ၁ နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

အားကစားကလောင်ရှင်တွေပေးတဲ့ ဒီနှစ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆာလာရသွားတာအတွက် ဂွာဒီယိုလာက ” သူတို့အသင်းက ဆုတိုင်းကို အနိုင်နေတာ ပုံမှန်ပဲလေ ” လို့ မှတ်ချက်ပေးပါတယ်။ မနှစ်ကရာသီမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဒီယက်စ်တို့က တစ်နှစ်တာ အကောင်းဆုံး ကစားသမားနဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ရိုးမားတိုက်စစ်သမား အေဘရာဟမ်က ချယ်ဆီးကနေ စီးရီးအေကို ထွက်ခွာခဲ့တာက ဆာလာရဲ့ တောက်ပမှုတွေကို အထင်ကြီးတာကြောင့်လို့ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။ ဆာလာဟာ ချယ်ဆီးကနေ ရိုးမားကို ပြောင်းခဲ့ပြီး နောက်ပိုင်းမှ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

ဘင်ဖီကာ တိုက်စစ်မှူး နူညက်ကို ယူနိုက်တက်ဘက်က ကမ်းလှမ်းဖို့ စိတ်ဝင်စားနေပြီလို့ ဆိုပါတယ်။ လီဗာပူးကစားသမားဟောင်းတွေက နံပါတ် ၉ နေရာအတွက် နူညက်ကို ခေါ်ယူဖို့ အသင်းကို ကမ်းလှမ်းထားပေမယ့် အခုချိန်ထိတော့ လှုပ်ရှားမှုတွေ မရှိသေးပါဘူး။