နယူးကာဆယ် v လီဗာပူး ပွဲအတွက် လော်ရိုးရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ နယူးကာဆယ်အသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ ဝါရင့် သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။

နယူးကာဆယ် v လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)
ဧပြီ ၃ဝ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆ နာရီ။

လော်ရိုးရဲ့ သုံးသပ်ချက်။ ကြားရက်က ချန်ပီယံလိဂ်ပွဲမှာတော့ ပြိုင်ဘက် ဗီလာရီးရဲလ်အသင်းက လီဗာပူးအသင်းကို ပြဿနာတွေ များများစားစား မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နယူးကာဆယ်ကတော့ လာလီဂါကလပ်ထက် တိုက်စစ်ပို ကစားပြီး လီဗာပူးအသင်းကို ခြိမ်းခြောက်မှု လုပ်မယ့် အသင်းဖြစ်ပါမယ်။

ပြီးခဲ့တဲ့ အပတ်တွေရဲ့ ရလဒ်တွေအရ နယူးကာဆယ်ဟာ ဘာဖိအားမှ မရှိဘဲ ဒီပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီတုန်းက သူတို့ လက်မှတ်ထိုးထားတဲ့ ကစားသမားတွေက ကောင်းမွန်နေကြတယ်။ ဂွီးမားရက်စ်က ခြေစွမ်းပြနေပြီး နယူးကာဆယ်က ရလဒ်ကောင်းတွေ ရယူနေပါတယ်။

နည်းပြ အတ်ဒီဟောင်က ဂျိုလင်တန်ကို ကွင်းလယ်မှာ ထားတာမျိုးအပြင် လန်းဆန်းတဲ့ အပြောင်းအလဲတွေကို ဒီပွဲမှာ လုပ်လာပါလိမ့်မယ်။ နိုင်ပွဲတွေ ဆက်နေတာကြောင့် နယူးကာဆယ်က ယုံကြည်မှုတွေလည်း ရှိနေမှာပါ။ သူတို့တွေ တိုက်စစ်ဖွင့်ရင်တော့ ကလော့ပ်ရဲ့ အသင်းက သဘောကျနိုင်ပါတယ်။

အတ်ဒီဟောင်ရဲ့ ပလန်ကတော့ သူတို့ကို အနိုင်ယူရ ခက်ခဲဖို့ရာ သေချာအောင် လုပ်ဖို့ဖြစ်တယ်။ ဒါပေမယ့် အိမ်ကွင်းပရိသတ်တွေက မိနစ် ၉၀ အတွင်းမှာ ၁၁ ယောက်လုံး ပိတ်ကစားပြီး သရေတစ်မှတ်အတွက် ကစားတာမျိုး မြင်လိုမှာ မဟုတ်ပါဘူး။

ဒီပွဲအတွက် ပြဿနာက လီဗာပူးအသင်းက နယူးကာဆယ်တို့ အနိုင်ယူလာခဲ့တဲ့ နောဝစ်ချ်၊ ပဲလေစ့်၊ လက်စတာ၊ ဝုဗ်တို့နဲ့ မတူညီတဲ့ အဆင့်မှာ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။ လီဗာပူးအသင်းက ဘယ်အသင်းကို ရင်ဆိုင်ရပါစေ သူတို့ လိုချင်တဲ့ ရလဒ်ရအောင် ကစားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့က အဲ့အနေအထားမှာ ရှိနေပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Newcastle United 0-2 Liverpool