အာတီတာ ရောက်ရှိခြင်း၊ အူဘာ၊ အိုဇေး၊ ကိုလာစီနက်တို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ
ဒါပေမယ့် အာတီတာဟာ အဲဗာတန်နဲ့ ပွဲကိုတော့ အာဆင်နယ်ဘက်က နည်းပြနိုင်ဦးမှာ မဟုတ်ဘဲ ၄င်းရဲ့ ပထမဆုံးပွဲက ဒီဇင်ဘာ ၂၆ ရက် ဘုန်းမောက်နဲ့ ပွဲ ဖြစ်မယ်လို့ ဂါးဒီးယန်းမှာ ဖော်ပြထားပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းက အသင်းကနေ အလွန် ထွက်ခွာချင်နေပြီလို့ သိရပြီး ၄င်းနဲ့ အတူ အသင်းပြောင်းလိုတဲ့ အာဆင်နယ် အသင်းသားတွေလည်း ရှိနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။
ကွင်းလယ်ကစားသမား အိုဇေးလ်က ၄င်းရဲ့ ကစားသမားဘ၀ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် ဇန်န၀ါရီမှာ တူရကီကလပ် ဖီနာဘာချီသို့ အငှားနဲ့ ထွက်ခွာလိုနေပြီး သွားရောက်နိုင်ဖို့လည်း နီးစပ်နေပါတယ်။
အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်ဘဲ အာဆင်နယ်မှာ ဇောချွေးပြန်ချင်စရာ ဒဏ်ရာသတင်းတွေ ထွက်ပေါ်လာပါတယ်။ အာဆင်နယ် ခံစစ်မှူး ကိုလာစီနက်က ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဇန်နဝါရီထိ ပါဝင်ကစားနိုင်မှာ မဟုတ်ဘဲ အိုဇေးကလည်း ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် စစ်ဆေး စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
ဂျာမနီဘက်က သတင်းများအရ ဟယ်သာဘာလင်အသင်းဟာ အာဆင်နယ် ကွင်းလယ် ကစားသမား ဇာခါကို ဇန်နဝါရီမှာ ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဇာခါအတွက် ဟယ်သာဘာလင်က ယူရို ၄၅ သန်းထိ ပေးကာ ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။
အာတီတာဟာ အာဆင်နယ် အသင်း လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိနေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ ၎င်းက မန်စီးတီးအသင်း ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို နှုတ်ဆက် စကားဆိုခဲ့ပြီး ဖြစ်တယ်လို့ သိရပြီး ကလပ်အသင်း နှစ်သင်းကြား စာရွက်စာတမ်း လုပ်ထုံးများ အပြီးသတ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အာတီတာဟာ အဲဗာတန်နဲ့ ပွဲကိုတော့ အာဆင်နယ်ဘက်က နည်းပြနိုင်ဦးမှာ မဟုတ်ဘဲ ၎င်းရဲ့ ပထမဆုံးပွဲက ဒီဇင်ဘာ ၂၆ ရက် ဘုန်းမောက်နဲ့ ပွဲ ဖြစ်မယ်လို့ ဂါးဒီးယန်းမှာ ဖော်ပြထားပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းက အသင်းကနေ အလွန် ထွက်ခွာချင်နေပြီလို့ သိရပြီး ၎င်းနဲ့ အတူ အသင်းပြောင်းလိုတဲ့ အာဆင်နယ် အသင်းသားတွေလည်း ရှိနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။
ကွင်းလယ်ကစားသမား အိုဇေးလ်က ၎င်းရဲ့ ကစားသမားဘ၀ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် ဇန်နဝါရီမှာ တူရကီကလပ် ဖီနာဘာချီသို့ အငှားနဲ့ ထွက်ခွာလိုနေပြီး သွားရောက်နိုင်ဖို့လည်း နီးစပ်နေပါတယ်။
အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ အာဆင်နယ်ဟာ လီဗာပူးအသင်းကို နမူနာယူသင့်တယ်လို့ တိုက်တွန်းပြောဆို လိုက်ပါတယ်။ ဘောလုံးအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပြီး ဖြစ်မြောက်လာအောင်လည်း အားထုတ်ဖို့လိုကြောင်း ကစားသမားကောင်းတွေ အသင်းမှာ အားဖြည့်ဖို့ လိုကြောင်း ၎င်းက အကြံပြုခဲ့ပါတယ်။