နယူးကာဆယ် v လီဗာပူး ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ နယူးကာဆယ်အသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ၂ ရက် အကျော်မှာ ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ထားရတာဖြစ်ပြီး နယူးကာဆယ်က အပြည့်အဝ အနားရထားတာဖြစ်တယ်။ ဒီပွဲကို လီဗာပူးအသင်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပွဲနဲ့ ပတ်သက်လို့ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။

နယူးကာဆယ် v လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)
ဧပြီ ၃ဝ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆ နာရီ။

မိုက်ကယ်အိုဝင် သုံးသပ်ချက်။ ဒီပွဲက လီဗာပူးအသင်း ရိုးရှင်းစွာ ကစားဖို့ လိုအပ်သလို အမှားတွေ မလုပ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒီအပတ်ပြိုင်ဘက် နယူးကာဆယ်က ပြိုင်ပွဲစုံမှာ ၄ ပွဲဆက်တိုက် အနိုင်ရနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့တွေက အဲ့ပွဲတွေအတွင်း ခံစစ်က ပေးဂိုး ၁ ဂိုးပဲ ရှိထားပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ နောဝစ်ချ်နဲ့ပွဲကို အနိုင်ရမှုနဲ့အတူ ယုံကြည်မှုတွေ အားကောင်းနေပါတယ်။

ဗီလာရီးရဲလ်နဲ့ပွဲမှာ လီဗာပူးက သွင်းဂိုးတွေ အများကြီး ရနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂-၀ နဲ့ အေးအေးဆေးဆေး အနိုင်ရခဲ့တာပါ။ လီဗာပူးရဲ့ နောက်ဆုံး ပြိုင်ဘက် ၂ သင်းကို ကြည့်မယ်ဆိုရင် ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားပြီး သူတို့ကို စိတ်ပျက်စေမယ့် အသင်းမျိုးပဲ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရရင် ကောင်းမွန်ပါလိမ့်မယ်။

လီဗာပူးက အကောင်းဆုံး ပုံစံတွေ ရနေသလို ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ နယူးကာဆယ်ကလည်း ပုံစံကောင်းတွေ ရှိနေတယ်ဆိုပေမယ့် ဒီပွဲကို လီဗာပူးကပဲ အနိုင်ရပါလိမ့်မယ်။

မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းရလဒ်။ ။ Newcastle United 1-2 Liverpool