ဒီယက်စ်အတွက် ခံစစ်သမား ဖိုက်သ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ကြတဲ့ ကလော့ပ်နဲ့ ဟန်ဒါဆန်

မနက်ကပွဲမှာ ပွဲအပြီး နှစ်ဘက် နုတ်ဆက်မှုတွေ လုပ်နေကြချိန် ဖိုက်သ်ရဲ့ ဒေါသတကြီး တုန့်ပြန်မှုကို ကလော့ပ်၊ ထရန့်နဲ့ ဟန်ဒါဆန်တို့က တုန့်ပြန်မှုတွေ လုပ်ခဲ့ကြပါတယ်။

ပွဲအတွင်းမှာ လီဗာပူးတိုက်စစ်သမား ဒီယက်စ်နဲ့ ဗီလာရီးရဲလ်ခံစစ်သမား ဖိုက်သ်တို့ ထိတွေ့မှု အနည်းငယ်ကတစ်ဆင့် စကားများမှုတွေ ဖြစ်ထားကြတာလို့ နားလည်ရတယ်။ ပွဲအပြီးမှာတော့ တောင်အမေရိက ကစားသမားတွေချင်း စကားတွတ်ထိုးမှုမှာ ဟန်ဒါဆန်တို့က ပါဝင် တားဆီးခဲ့တဲ့ အနေအထား ဖြစ်ဖို့ များပါတယ်။

ဟန်ဒါဆန်ရဲ့ ကန်ချက် ပါဗစ်နဲ့ ထိမိခဲ့ပြီး လမ်းကြောင်းပြောင်းကာ ဦးဆောင်ဂိုး ရခဲ့တယ်။ ထပ်ပြီး ဆာလာရဲ့ ဖန်တီးပေးမှုကနေ မာနေးက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒိုင်လူကြီးက ပွဲပြီး ခရာမှုတ်ချိန်မှာ ဖိုက်သ်က လီဗာပူးကစားသမားတွေဘက်ကို မာကျောတဲ့ မျက်နှာထားနဲ့ အော်ဟစ်ခဲ့တာကြောင့် စပိန်သား အတ်ဒရီယန် ဝင်ရောက် ဟန့်တားနေခဲ့တာကို မြင်ရတယ်။

ကလော့ပ်၊ ဟန်ဒါဆန်၊ ထရန့်တို့က ဖိုက်သ်ကို မျက်နှာခြင်းဆိုင်ဖို့ ရှိနေခဲ့ပြီး ဟန်ဒါဆန်က အာဂျင်တီးနား ခံစစ်သမားကို ‘မင်းေ-ာက်ပေါက် ပိတ်ထား’ လို့ အော်ဟစ်ခဲ့ပါတယ်။ ကလော့ပ်ကတော့ ဖိုက်သ်ကို ပြုံးပြုံးကြီးကြည့်ကာ တစ်ခုခု ပြောခဲ့ပြီး ဗီလာရီးရဲလ် ခံစစ်သမားက ဒေါသ ထွက်နေပါသေးတယ်။

အခြားတဖက်မှာ ဒီယက်စ်က ဗီလာရီးရဲလ် ကစားသမား တစ်ဦးကို အတော်လေး စိတ်ဆိုးနေဟန် ရှိပါတယ်။ သူ့ကို ရိုင်းဝီလီယမ်က ဆွဲခေါ်ထားပြီး ကွင်းဘေးမှာတော့ မီနာမီနိုကလည်း လာနှစ်သိမ့်သွားတာကို မြင်နေရတယ်။

ကွင်းထဲက ဒီယက်စ်နဲ့ ဖိုက်သ်တို့ ထိတွေ့မှုဖြစ်ခဲ့သလို တောင်အမေရိကသား ပြိုင်ဘက် ကစားသမားတွေကြောင်း အနည်းငယ် သွေးပူစေခဲ့တာ ဖြစ်မယ်လို့ ယူဆခဲ့ရတယ်။ အဆိုပါ အသေးစား ထိတွေ့မှုဟာ အချိန်ခဏနဲ့ ပြီးဆုံးခဲ့ပြီး နှစ်ဘက် အသင်းသားတွေဟာ သက်ဆိုင်ရာ ပရိသတ်တွေကို နုတ်ဆက်ပြီး ဥမင်ထဲကို ဝင်သွားခဲ့ပါတယ်။