မန်ချက်စတာသို့ လေယာဉ်နဲ့ ထွက်လာပြီ ဖြစ်တဲ့ ဟာလန်းရဲ့ သတင်းကောင်း

မန္ခ်က္စတာယူနိုက္တက္ရဲ႕ ပစ္မွတ္ကစားသမား အျဖစ္ သတင္းၾကီးေနတဲ့ ရက္ဘူး ဆဲလ္ဘတ္ တိုက္စစ္သမား ေနာ္ေ၀သား ဟာလန္းဟာ မန္ခ်က္စတာသို႔ ေသာၾကာေန႔ မနက္ကပဲ ေလယာဥ္နဲ႕ ဒီေန႔ထြက္ခြာသြားတယ္လို႕ သိရပါတယ္။

ေနာ္ေ၀သတင္းစာရဲ႕ ေဖာ္ထုတ္မႈအရ ထိုသတင္းကို သိရတာ ျဖစ္ျပီး ဟာလန္းဟာ ေနာ္ေ၀ဂ်ီယံ အဲလိုင္းနဲ႕ စတာဗန္ဂ်ာကေန မန္ခ်က္စတာသို႔ ထြက္ခြာသြားတာ ျဖစ္ကာ ေသာၾကာေန႔ မနက္ ၁၀ နာရီ ၁၅ မိနစ္မွာ ေလယာဥ္ဆုိက္ေရာက္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဆိုးရွားရဲ႕ ဒီတပတ္ ၀က္ဖို႕ဒ္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာေတာ့ ယူနိုက္တက္နည္းျပ ဆိုးရွားက ဟာလန္းနဲ႕ ပတ္သတ္တဲ့ သတင္းမ်ားကို ေပါ့ေပါ့ပါးပါးသာ ေျဖဆိုခဲ့ပါတယ္။

” သူ ဒီကို လာတာလို႔ က်ေနာ္ မထင္ပါဘူး။ အနည္းဆံုး က်ေနာ္ သိသမွ်ေတာ့ ဒီကို လာေနတာ မဟုတ္ေသးဘူးေပါ့။ ေနာက္ျပီး တျခား အသင္း ကစားသမားအေၾကာင့္ က်ေနာ္ မွတ္ခ်က္မေပးနုိင္ပါဘူး။ ဒါကို အၾကိမ္ ေတာ္ေတာ္မ်ားမ်ား က်ေနာ္ ေျပာဖူးပါတယ္။ ဒီအလုုပ္နဲ႕ ပတ္သတ္ျပီး ဒီကိစၥေတြက ရွိေနမွာပဲ .. အခ်ိန္တိုင္း ေကာလဟာလ သတင္းမ်ားစြာကို ရင္ဆုိင္ရတယ္။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာပါ။

ဟာလန္း လာေနျပီလို႔ အတည္ျပဳျခင္း မရွိေပမယ့္ ဆဲလ္ဘတ္အသင္းအတြက္ ဒီရာသီ ၂၂ ပြဲ ကစားျပီး ၂၈ ဂိုး သြင္းထားတဲ့ တိုက္စစ္မွဴးေလးကိုေတာ့ ဆိုးရွားက ေခၚယူလိုေၾကာင္း ၀န္ခံ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ ကင္းေထာက္ခ်ဳပ္ မာဆယ္ေဘာက္က ၁၉ နွစ္သားရဲ႕ ေျခစြမ္းကို ကုိယ္တိုင္ကိုယ္က် ၾကည့္ရွဳဖို႔ လီဗာပူးနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို သြားေရာက္ ေလ့လာခဲ့ပါေသးတယ္။

တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔က ဆိုးရွားရဲ႕ အစီအစဥ္ေတြ ပါ၀င္ေနျပီး လြန္ခဲ့တဲ့ ၂ နွစ္က မိုဒီမွာ အတူဆံုဖူးတဲ့ ဆရာတပည့္နွစ္ေယာက္ဟာ မန္ခ်က္စတာမွာ ျပန္ဆံုေတာ့မွာလား စိတ္၀င္စားစရာ ေကာင္းေနပါျပီ။ အလားအလာေကာင္း ဆယ္ေက်ာ္သက္ တိုက္စစ္မွဴး ျဖစ္တဲ့ ဟာလန္းကို ယူနိုက္တက္ အျပင္ ေဒါ့မြန္နဲ႕ လိုက္ပ္ဇစ္တို႔ကလည္း ေခၚယူရန္ ခ်ဥး္ကပ္ေနပါတယ္။

Unicode – မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမား အဖြစ် သတင်းကြီးနေတဲ့ ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်သမား နော်ဝေသား ဟာလန်းဟာ မန်ချက်စတာသို့ သောကြာနေ့ မနက်ကပဲ လေယာဉ်နဲ့ ဒီနေ့ထွက်ခွာသွားတယ်လို့ သိရပါတယ်။

နော်ဝေသတင်းစာရဲ့ ဖော်ထုတ်မှုအရ ထိုသတင်းကို သိရတာ ဖြစ်ပြီး ဟာလန်းဟာ နော်ဝေဂျီယံ အဲလိုင်းနဲ့ စတာဗန်ဂျာကနေ မန်ချက်စတာသို့ ထွက်ခွာသွားတာ ဖြစ်ကာ သောကြာနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ လေယာဉ်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရှားရဲ့ ဒီတပတ် ဝက်ဖို့ဒ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာတော့ ယူနိုက်တက်နည်းပြ ဆိုးရှားက ဟာလန်းနဲ့ ပတ်သတ်တဲ့ သတင်းများကို ပေါ့ပေါ့ပါးပါးသာ ဖြေဆိုခဲ့ပါတယ်။

” သူ ဒီကို လာတာလို့ ကျနော် မထင်ပါဘူး။ အနည်းဆုံး ကျနော် သိသမျှတော့ ဒီကို လာနေတာ မဟုတ်သေးဘူးပေါ့။ နောက်ပြီး တခြား အသင်း ကစားသမားအကြောင့် ကျနော် မှတ်ချက်မပေးနိုင်ပါဘူး။ ဒါကို အကြိမ် တော်တော်များများ ကျနော် ပြောဖူးပါတယ်။ ဒီအလုပ်နဲ့ ပတ်သတ်ပြီး ဒီကိစ္စတွေက ရှိနေမှာပဲ .. အချိန်တိုင်း ကောလဟာလ သတင်းများစွာကို ရင်ဆိုင်ရတယ်။ ” လို့ ဆိုးရှားက ပြောဆိုခဲ့တာပါ။

ဟာလန်း လာနေပြီလို့ အတည်ပြုခြင်း မရှိပေမယ့် ဆဲလ်ဘတ်အသင်းအတွက် ဒီရာသီ ၂၂ ပွဲ ကစားပြီး ၂၈ ဂိုး သွင်းထားတဲ့ တိုက်စစ်မှူးလေးကိုတော့ ဆိုးရှားက ခေါ်ယူလိုကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ကင်းထောက်ချုပ် မာဆယ်ဘောက်က ၁၉ နှစ်သားရဲ့ ခြေစွမ်းကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုဖို့ လီဗာပူးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို သွားရောက် လေ့လာခဲ့ပါသေးတယ်။

တိုက်စစ်ကို အင်အားဖြည့်တင်းဖို့က ဆိုးရှားရဲ့ အစီအစဉ်တွေ ပါဝင်နေပြီး လွန်ခဲ့တဲ့ ၂ နှစ်က မိုဒီမှာ အတူဆုံဖူးတဲ့ ဆရာတပည့်နှစ်ယောက်ဟာ မန်ချက်စတာမှာ ပြန်ဆုံတော့မှာလား စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ အလားအလာကောင်း ဆယ်ကျော်သက် တိုက်စစ်မှူး ဖြစ်တဲ့ ဟာလန်းကို ယူနိုက်တက် အပြင် ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်တို့ကလည်း ခေါ်ယူရန် ချဥ်းကပ်နေပါတယ်။