လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ဒီရာသီ နောက်ဆုံးသော ဥရောပညလေးကို အကောင်းဆုံး ကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ရေး အားထုတ်ရတော့မှာဖြစ်ပါတယ်။
လီဗာပူးအသင်းက အကောင်းဆုံး ပုံစံတွေမှာ ရှိနေပေမယ့်လို့ ဗီလာရီးရဲလ်က အထင်သေးလို့ရတဲ့ အသင်း မဟုတ်ပါဘူး။ သူတို့အသင်း မန်နေဂျာက ဥရောပဖလားပွဲတွေမှာ နာမည်ကြီးလှတဲ့ အူနိုင်း အမ်မရီဖြစ်ပါတယ်။ ဒါ့အပြင် လိဂ်မှာ အခြေအနေ မကောင်းတဲ့ ဗီလာရီးရဲလ်ဟာ ဥရောပပြိုင်ပွဲမှာ အားကုန်ထုတ်နေပြီး ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်လို ထပ်သီးကလပ်တွေကို ဖြုတ်ချလာတဲ့ အသင်းဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးက ပိုမို ရေပန်းစားတယ်ဆိုပေမယ့် ဒီလိုအဆင့်မှာ ကြောက်စရာ အကောင်းဆုံး စိတ်ပူစရာက အခုလိုမျိုး ရေပန်းစားလွန်းနေတဲ့ အချက်ပါပဲ။ ဘိုင်ယန်တို့ဟာ ပြိုင်ဘက်ကို အထင်သေးခြင်းကြောင့် ရှုံးနိမ့်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
Team News
- ဒီပွဲမှာ ဖာမင်နို ပါဝင်နိုင်ချေ မရှိပါဘူး။
- ပွဲကြို လေ့ကျင့်ရေးမှာ ကိုစတက် မပါခဲ့ပါဘူး။
- အယ်လီးယော့ဟာ စီနီယာအသင်းအတွက် အဆင်သင့်ဖြစ်ဖို့ ယူ-၂၃ အသင်းမှာ ပွဲတွေ သွားကစားနေတာ ဖြစ်ပါတယ်။
Liverpool XI vs. Villarreal
ဒီပွဲမှာတော့ ဂိုးသမားအဖြစ် အယ်လီဆန်၊ ဘယ်အစွန်နဲ့ ညာအစွန်မှာ ရိုဘိုနဲ့ ထရန့်တို့ကိုပဲ ပွဲထုတ်လာဦးမှာဖြစ်ပါတယ်။ ဗဟိုခံစစ်မှာတော့ ဗန်ဒိုက်ကို ကိုနတေးနဲ့ တွဲပေးမယ်လို့ ယုံကြည်ရတယ်။ ကွာတားဖိုင်နယ် အဆင့်အဖြစ် ဘင်ဖီကာကို ရင်ဆိုင်တုန်းက ကိုနတေးဟာ နှစ်ပွဲလုံး ပွဲထွက်ခဲ့ရသလို ဂိုးတွေလည်း သွင်းယူခဲ့ပါတယ်။
မာဆေးဆိုဒ်ဒါဘီမှာ အနားပေးထားတဲ့ ဟန်ဒါဆန်ဟာ ဒီပွဲမှာ ကိတ်တာနေရာက ပွဲထွက်လာဖို့ ရှိနေတယ်။ လာလီဂါကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ သီယေဂို အတွဲကို ဟန်ဒါဆန်နဲ့တွဲပြီး ပွဲထုတ်မှာဖြစ်ပါတယ်။
တိုက်စစ်မှာတော့ အဲဗာတန်ပွဲမှာ မိနစ် ၆၀ နောက်ပိုင်း အတွဲညီခဲ့တဲ့ ဒီယက်စ်၊ ဆာလာကို မာနေးနဲ့ တွဲဘက်ပေးမယ်လို့ ယုံကြည်ရပါတယ်။ ဒီပွဲအပြီး စနေအစောဆုံးပွဲအဖြစ် နယူးကာဆယ်ကို သွားရောက် ရင်ဆိုင်ဦးမှာမို့ ချန်ပီယံလိဂ်မှာ လန်းဆန်းနေတဲ့ လူစာရင်းကို ကလော့ပ် ထုတ်သုံးမယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။