ကွင်းလယ်လူ ချိတ်ဆက်ခြင်း၊ ဗီလာရီးရဲလ်ရဲ့ တုန့်ပြန်မှုတွေနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းဟာ မိုနာကို ကွင်းလယ်လူ ချူအားမန်နီကို ခေါ်ယူဖို့ စိတ်ဝင်စားသလို ချိတ်ဆက်မှု ရှိနေပေမယ့် ကစားသမားက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပိုမို အားသာနေဆဲလို့ အသင်းသတင်းထောက် Dominic King က ပြောဆိုပါတယ်။

ဗီလာရီးရဲလ်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ဖာမင်နိုနည်းတူ ဘယ်အစွန်လူ ကိုစတက်လည်း မပါဝင်နိုင်ခဲ့ပါဘူး။ နည်းပြကလော့ပ်ကတော့ ဖာမင်နို ကြံ့ခိုင်မှု မကောင်းသေးဘူးလို့ ပြောပေမယ့် အခြားသော ဒဏ်ရာ ပြဿနာ မရှိဘူးလို့ ဆိုပါတယ်။

ဗီလာရီးရဲလ် တိုက်စစ်သမား ဒမ်ဂျူးမားက လီဗာပူးအသင်းဟာ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး တိုက်စစ်က ထိပ်ပိုင်းနေရာတွေမှာ ဖိအားမြင့်မြင့် ကစားခြင်းနဲ့ ခံစစ်ကို ခပ်မြင့်မြင့် ထားခြင်းတွေက သူ့ကို အံ့သြစေတယ်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ပိုမို ရေပန်းစားတဲ့ အသင်းဖြစ်နေပေမယ့် ဗီလာရီးရဲလ်ကလည်း ရလဒ်ကောင်းအတွက် ကြိုးစားမယ်လို့ မန်နေဂျာ အူနိုင်း အမ်မရီက ထုတ်ပြောခဲ့ပါတယ်။

အန်ဖီးကွင်းမှာ ဘာစီလိုနာကို ဖြုတ်ချစဉ် ပြသခဲ့တဲ့ အားပေးမှုမျိုး ပရိသတ်တွေထံက ထပ်မြင်ရဖို့ကို နည်းပြကလော့ပ်က တောင်းဆိုပါတယ်။ ဒီပွဲဟာ ဥရောပဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ နောက်ဆုံးသော ပွဲစဉ်လည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်သမားဟောင်း ဘာဘာတော့ဗ်က လီဗာပူးက ဆုဖလား ၄ လုံး အောင်မြင်ဖို့ ကြိုးစားနေရချိန် သူ့အသင်းဟောင်း ယူနိုက်တက်က ဥရောပဝင်ခွင့် တစ်နေရာစာအတွက် အသဲအသန် ယှဉ်ပြိုင်နေရတယ်လို့ ငြီးတွားလိုက်ပါတယ်။

လီဗာပူးရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်ဟာ နွေမှာ ပေါင်သန်း ၁၀၀ လောက် တန်ကြေးရှိမယ့် ကွင်းလယ်လူသစ်တွေကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။