ဘိုင်ယန်မြူးနစ်တုန်းက အမှားမျိုး လီဗာပူးနဲ့ပွဲမှာ သွားမလုပ်နဲ့ ခံသွားရမယ် ဆိုတဲ့ ကိုကွီလင်

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် ကစားသမားဟောင်းဖြစ်သူ ဗီလာရီးရဲလ် အသင်းသား ကိုကွီလင်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပြိုင်ဘက် လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ထက် ပိုတောင့်တင်းပြီး အခွင့်အရေးချိန် အမိအရ ယူပါမယ်လို့ ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ ဂန်းနားနည်းပြဟောင်း အူနိုင်းအမ်မရီ ဦးဆောင်မှုနဲ့အတူ ဗီလာရီးရဲလ်ဟာ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ် ရောက်လာခဲ့တယ်။ ကွာတားအဆင့်မှာတော့ ဘိုင်ယန်ဟာ ဗီလာရီးရဲလ်ကို အထင်အမြင်သေးခဲ့တာကြောင့် အခွင့်အရေး ယူနိုင်ခဲ့တယ်လို့ ယုံကြည်နေတဲ့ ကိုကွီလင်ဟာ လီဗာပူးအသင်းကလည်း အလားတူ အမှားမျိုး ထပ်လုပ်ဖို့ မျှော်လင့်နေတာပါ။

“ ပြိုင်ဘက်တွေရဲ့ အထင်သေးမှုကို မြင်ရတာက အနည်းငယ် သက်ရောက်မှုဖြစ်စေပါတယ်။ နည်းနည်းလေး အထင်သေးတာပေါ့။ ကျွန်တော် နားလည်ပါတယ်။ မင်းက အသင်းကြီး တစ်သင်းဆိုရင် တမင်ရည်ရွယ်တာ မဟုတ်ပေမယ့် ‘ငါတို့တော့ အလွယ်ကူဆုံး ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတယ်’ဆိုပြီး တွေးမိကြမှာပဲလေ။

ဒါနီပြောခဲ့သလိုပဲ ဘာဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကို သူတို့ ပထမအကျော့မှာ နားလည်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုံးလေးဂိုးလောက်တောင် သွင်းနိုင်ချေ ရှိခဲ့တာပါ။ ‘ငါတို့ စကားပြောတာ နည်းနည်းများသွားတယ်’ဆိုပြီး သူတို့ (ဘိုင်ယန်မြူးနစ်) တွေးမိမယ် ထင်ပါတယ်။

ဒါပေမယ့် အဲ့နောက်မှာ သူတို့ တူညီတဲ့ အမှားကိုပဲ ထပ်လုပ်ခဲ့တယ်။ အမှားကို သင်ခန်းစာမယူခဲ့ဘူး။ ပထမအကျော့မှာ ကျွန်တော်တို့ မယူခဲ့တဲ့ အခွင့်အရေး အားလုံးကို ဒုတိယအကျော့မှာ ရယူခဲ့ပြီး ဂိုးသွင်းယူခဲ့တယ်။ ဒါကြောင့်ပဲ သူတို့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာပါ။ ဒါပေမယ့် အလိုင်းယန့်ဇ်ကို သွားကစားရတာက ခက်ခဲပါတယ်။

ပထမအကျော့မှာ အခွင့်အရေး အများကြီးကို လွဲချော်တဲ့အခါ နည်းနည်းတော့ တမျိုးဖြစ်သွားတယ်။ ကြောက်သွားတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေ ရမယ်ဆိုတာ ယုံကြည်တယ်။ ဒါပေမယ့် ‘ငါတို့ ဒီဟာတွေကြောင့် နောင်မရရဖို့ မျှော်လင့်တယ်’ဆိုပြီး တွေးမိသွားတယ်။

ကံကောင်းစွာပဲ အဲ့ဒါက ပြဿနာမဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီ့အမှားကို သင်ခန်းစာယူဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက ဘိုင်ယန်မြူးနစ်ထက် ပိုတောင့်တင်းတဲ့ အသင်းပါ။ ၂ မိနစ်အတွင်း သူတို့က မင်းကို အပြစ်ပေးနိုင်တာကြောင့် ကျွန်တော်တို့ အခွင့်အရေးတွေကို အမိအရ ဖမ်းဆုပ်ဖို့ လိုပါမယ်။ သူတို့တွေက သိပ်ကောင်းတဲ့ အခိုက်အတန့်မှာ ရှိနေတာပါ” လို့ ကိုကွီလင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။