လီဗာပူးကို မနိုင်လို့ အန်ဖီးကွင်းမှာ ရိုက်ခွဲ ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တဲ့ အဲဗာတန် ပရိသတ်များ

မာဆေးဆိုဒ်ဒါဘီပွဲ မတိုင်ခင်မှာ တန်းဆင်းဇုန်ကို ရောက်နေခဲ့တဲ့ အဲဗာတန်ဟာ အန်ဖီးကွင်းက ရှုံးပွဲအပြီး တန်းဆင်းဇုန်ရဲ့ အဆင့် ၁၈ နေရာမှာ အခြေခိုင်ဖို့ သေချာသွားခဲ့ပါတယ်။

ရှုံးပွဲအတွက် ဒေါသထွက်နေတဲ့ အဲဗာတန် ပရိသတ်တွေဟာ သူတို့အသင်းရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ရှုံးမဲမဲတဲ့ အနေနဲ့ အန်ဖီးကွင်းက တီဗီတွေနဲ့ အဝေးကွင်းဘက်ခြမ်းက အများသုံး အိမ်သာရဲ့ မျက်နှာကျက်နဲ့ အခြားသော အသုံးအဆောင်တွေကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြပါတယ်။

ကွင်းထဲက ပွဲကြည်စင်နောက်မှာတော့ ပွဲကို တိုက်ရိုက် ထုတ်လွှင့်တဲ့ တီဗီတွေကို တပ်ဆင်ပေးထားတာဖြစ်ပြီး အဲဗာတန်ပရိသတ်တွေက အဆိုပါ တီဗီတွေကို ရိုက်ခွဲခဲ့ကြတာဖြစ်တယ်။ ဒါ့အပြင် အများဆုံး အိမ်သာမှာလည်း မျက်နှာကျက်တွေကိုပဲ တစ်ခုခုနဲ့ ပစ်ပေါက်ပြီး ဖျက်ဆီးထားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ အဆိုပါ ဖြစ်ရပ်အတွက် တရားဝင် သတင်းတွေ မထုတ်ပြန်သေးသလို မာဆေးဆိုဒ် ရဲအဖွဲ့ကလည်း မှတ်ချက်ပေးလာခြင်း မရှိသေးပါဘူး။

အဲဗာတန်ဟာ တန်းဆင်းဇုန်ကနေ လွှတ်မြောက်ရေး ရမှတ်တေ အရေးတကြီး လိုအပ်နေတာကြောင့် အန်ဖီးကွင်းမှာ လီဗာပူးကို ခပ်ညစ်ညစ် ကစားခဲ့ပေမယ့် အဆုံးမှာတော့ ရိုဘို၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာပါ။ သူတို့ရဲ့ ပွဲစဉ်ဇယားအရ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့နေတာမို့ ပရီးမီးယားလိဂ်မှာ တင်ကျန်မယ်လို့ အာမခံချက် မရှိတာဖြစ်တယ်။

အဆိုပါပွဲအပြီး ဆာလာကို ထိခိုက်စေမယ့် စကားမျိုးကို စွပ်စွဲ ပြောဆိုခဲ့တာအပြင် ကွင်းလယ်ဒိုင်ကိုလည်း ထိပါးမှုတွေကြောင့် လမ်းပတ်ဟာ အက်ဖ်အေရဲ့ စုံစမ်းခြင်းတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။

ဒီပွဲရလဒ်ဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် ဆက်ပြီး ယှဉ်ပြိုင်ခွင့် ရစေခဲ့သလို အဲဗာတန်အတွက်တော့ တန်းဆင်းဇုန်မှာ သီတင်းပတ်ကြာ ဆက်ရှိနေစေမှာအတွက် ဒါဘီပြိုင်ဘက်တွေဟာ အတော်လေး နာကျင်ခဲ့ကာ အခုလို ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။