ဟာလန်နဲ့ သတင်းကြီးနေတဲ့ ယူနိုက်တက်တို့ အမှန်တကယ် ခေါ်ယူသင့်သူ နှစ်ဦးကို ထောက်ပြမှု

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ဆဲလ်ဘတ်တိုက်စစ်သမား ဟာလန်ကို ခေါ်ယူဖို့ သတင်းကြီးနေပြီး ခပ်သွက်သွက် လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိထားရပါတယ်။

မန်နေဂျာဆိုးရှား ကိုယ်တိုင်က ဟာလန်ကို သဘောတွေ့တယ်လို့ ဝန်ခံထားသလို ယူနိုက်တက်တိုက်စစ်သမား အားနည်းနေတဲ့ အထောင်တိုက်စစ်ပိုင်းအတွက် ဟာလန်ကိုပဲ ဦးတည်တဲ့ အနေအထားတွေ ရှိနေတာပါ။ ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်းကြီး ကလီဘာဆင်ကတော့ အခြားသော ကစားသမားနှစ်ဦးကို ခေါ်ယူဖို့အား တောင်းဆိုလိုက်ပါတယ်။

သရဲနီဟောင်းကြီးက ” ဆန်ချိုကို များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးရမှာပါ။ ဒါပေမယ့် သူက အသင်းကို အများကြီး ကူညီပေးနိုင်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ သက်ရောက်မှုကို ပေးမယ့် ကစားသမားဖြစ်တယ်။ သူက ကစားသမားကောင်းဖြစ်ပြီး စိတ်လှုပ်ရှားစရာတွေ ပေးနိုင်မယ့်သူပါ။

ဆန်ချိုက ကိုယ်အသင်းမှာ ရှိနေရင် ဘာတွေဖြစ်မလဲဆိုတာကို တွေးဆကြည့်လို့ ပါတယ်။ ရပ်ဖိုဒ့်၊ ဂျိမ်း၊ မေဆန်တို့နဲ့ တွဲဘက်ကစားကြမယ့် တိုက်စစ်လူစာရင်းကို မြင်ကြည့်နိုင်ပါတယ် ” လို့ ဆိုခဲ့တယ်။

ယူနိုက်တက် နောက်ထပ် ခေါ်ယူသင့်တဲ့ ကစားသမားအဖြစ် ကလီဘာဆင်ကပဲ ” ယူနိုက်တက်နဲ့ ဆောတို့ကြား ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို သဘောကျပါတယ်။ သူက ကစားသမားကောင်းပါ။ အသက် ၂၅ နှစ်ဆိုတာက အရွယ်ကောင်းဖြစ်ပါတယ်။ သူက ပါရမီရှိတဲ့ ကစားသမားဖြစ်ပြီး ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်ပါတယ်။

ဆောဟာ ဘောလုံးထိန်းကစားနိုင်သလို ပေးမှု၊ ရွေ့လျားမှုတွေနဲ့အတူ နည်းစနစ်ကောင်းကို ပိုင်ဆိုင်ထားသူပါ။ သူက တိုက်စစ်နဲ့ ခံစစ် အကူအပြောင်းကို နားလည်ပြီး ယူနိုက်တက်မှာ လိုအပ်နေတဲ့ Box to Box ကစားနိုင်မယ့်သူ ဖြစ်ပါတယ် ” လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။

ZAWGYI

ယူနုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ဆဲလ္ဘတ္တိုက္စစ္သမား ဟာလန္ကို ေခၚယူဖို႔ သတင္းၾကီးေနျပီး ခပ္သြက္သြက္ လႈပ္ရွားမႈေတြ ရွိေနတယ္လို႔ သိထားရပါတယ္။

မန္ေနဂ်ာဆိုးရွား ကိုယ္တုိင္က ဟာလန္ကို သေဘာေတြ႔တယ္လို႔ ဝန္ခံထားသလို ယူႏုိက္တက္တုိက္စစ္သမား အားနည္းေနတဲ့ အေထာင္တုိက္စစ္ပိုင္းအတြက္ ဟာလန္ကိုပဲ ဦးတည္တဲ့ အေနအထားေတြ ရွိေနတာပါ။ ဒါေပမယ့္ ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ကလီဘာဆင္ကေတာ့ အျခားေသာ ကစားသမားႏွစ္ဦးကို ေခၚယူဖို႔အား ေတာင္းဆိုလိုက္ပါတယ္။

သရဲနီေဟာင္းၾကီးက ” ဆန္ခ်ိဳကို မ်ားျပားတဲ့ ေျပာင္းေရႊ႔ေၾကး ေပးရမွာပါ။ ဒါေပမယ့္ သူက အသင္းကို အမ်ားၾကီး ကူညီေပးႏုိင္မွာျဖစ္ျပီး ေျပာင္းေရႊ႔ေၾကးနဲ႔ ထိုက္တန္တဲ့ သက္ေရာက္မႈကို ေပးမယ့္ ကစားသမားျဖစ္တယ္။ သူက ကစားသမားေကာင္းျဖစ္ျပီး စိတ္လႈပ္ရွားစရာေတြ ေပးႏုိင္မယ့္သူပါ။

ဆန္ခ်ိဳက ကိုယ္အသင္းမွာ ရွိေနရင္ ဘာေတြျဖစ္မလဲဆိုတာကို ေတြးဆၾကည့္လို႔ ပါတယ္။ ရပ္ဖိုဒ့္၊ ဂ်ိမ္း၊ ေမဆန္တို႔နဲ႔ တြဲဘက္ကစားၾကမယ့္ တိုက္စစ္လူစာရင္းကို ျမင္ၾကည့္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

ယူႏုိက္တက္ ေနာက္ထပ္ ေခၚယူသင့္တဲ့ ကစားသမားအျဖစ္ ကလီဘာဆင္ကပဲ ” ယူႏုိက္တက္နဲ႔ ေဆာတို႔ၾကား ထြက္ေပၚေနတဲ့ အေျပာင္းအေရႊ႔သတင္းေတြကို သေဘာက်ပါတယ္။ သူက ကစားသမားေကာင္းပါ။ အသက္ ၂၅ ႏွစ္ဆိုတာက အရြယ္ေကာင္းျဖစ္ပါတယ္။ သူက ပါရမီရွိတဲ့ ကစားသမားျဖစ္ျပီး ေပါက္ကြဲအားေကာင္းေကာင္း ကစားႏုိင္ပါတယ္။

ေဆာဟာ ေဘာလံုးထိန္းကစားႏုိင္သလို ေပးမႈ၊ ေရြ႔လ်ားမႈေတြနဲ႔အတူ နည္းစနစ္ေကာင္းကို ပိုင္ဆုိင္ထားသူပါ။ သူက တိုက္စစ္နဲ႔ ခံစစ္ အကူအေျပာင္းကို နားလည္ျပီး ယူႏုိက္တက္မွာ လိုအပ္ေနတဲ့ Box to Box ကစားႏုိင္မယ့္သူ ျဖစ္ပါတယ္ ” လို႔ ေထာက္ျပသြားတာ ျဖစ္ပါတယ္။