အာတီတာရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာမယ့် ကစားသမား၊ အိုဇေးနဲ့ နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ


အာဆင်နယ် နည်းပြသစ် ဖြစ်လာမယ့် အာတီတာက ၄င်းရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆီဗီလာမှ အသက် ၁၇ နှစ် အရွယ် ကွင်းလယ် ကစားသမား အန်တိုနီယို ဇာဇာနာကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။




Unicode – အာဆင်နယ်ဟာ ယွန်းဘတ်ရဲ့ ဒီတပတ် အဲဗာတန်နဲ့ ပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းလိုက်ပြီး အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်မှု အပြီးသတ် လုပ်ဆောင်နေကာ တရားဝင်ကြေငြာရန် ပြုလုပ်နေပါတယ်။ တရားဝင် ကြေငြာမှုကို သောကြာနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အာဆင်နယ် နည်းပြသစ် ဖြစ်လာမယ့် အာတီတာက ၎င်းရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆီဗီလာမှ အသက် ၁၇ နှစ် အရွယ် ကွင်းလယ် ကစားသမား အန်တိုနီယို ဇာဇာနာကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားနဲ့ မီလန် ဘယ်စွန်ခံစစ်မှူး ရီကာဒို ရိုဒရီဂွက်ဇ်တို့က နာပိုလီနဲ့ နည်းပြသစ် ဂတ်တူဆိုတို့ရဲ့ ဇန်န်ဝါရီ ပစ်မှတ် ကစားသမားများ ဖြစ်ပါတယ်။

တရုတ်ဟာ အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ကို ဆက်လက် ဖိအားပေးမှုတွေ လုပ်ဆောင်နေပြီး တရုတ်ဗားရှင်း ဘောလုံးဂိမ်းများမှာပါ အိုဇေးလ် ပုံရိပ်များ ဖယ်ထုတ်ခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ အသင်းကို ပြန်လည် ပြုပြင်ဖို့ အချိန် အတိုင်းအတာ တစ်ခုနဲ့ ဈေးကွက်ထဲမှာ အလိုရှိတဲ့ ကစားသမားများ ဝယ်ယူနိုင်ဖို့ အသုံးစရိတ် လုံလောက်စွာ ရဖို့ လိုအပ်ကြောင်း ချာလီနစ်ကိုးလပ်စ်က သုံးသပ်သွားပါတယ်။