ဂရင်းဝုဒ်၊ ဟာလန်း၊ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုမယ့် စီနီယာများနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက္တက္ လူငယ္ေလး ေမဆန္ ဂရင္း၀ုဒ္က ၄င္းကို စီနီယာအသင္းၾကီးမွာ အထိုင္က်လာေအာင္ မာတာ၊ ဒန္နီရယ္ ဂ်ိမ္းစ္နဲ႕ မာရွယ္တို႔က ကူညီေပးခဲ့တာ ျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆဲလ္ဘတ္ တိုက္စစ္မွဴး ဟာလန္းကို ေစာင့္ၾကည့္ေနတာ မွန္ကန္ေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက အတည္ျပဳသြားပါတယ္။ ယူနိုက္တက္ဟာ အသင္းကို တိုးတက္ေစမယ့္ လက္ရွိ ကစားသမားေတြနဲ႕ ျပိဳင္ဆိုင္နုိင္မယ့္ ကစားသမားမ်ားကို ေစ်းကြက္ထဲမွာ ရွာေဖြေနတယ္လို႔ ဆိုးရွားက ဆိုပါတယ္။

ၾကံ႕ခိုင္မႈ ျပည့္၀ဖို႕နဲ႕ အသင္းနဲ႕ အတူ ပြဲထြက္ ကစားခြင့္ ရဖို႔ ရုန္းကန္ေနရကာ ယူနိုက္တက္က ထြက္ခြာဖို႔ နီးစပ္ေနေသာ္လည္း ကြင္းလယ္ ကစားသမား မာတစ္က အသင္းမွာ သူ လုပ္ေဆာင္ရမယ့္ အလုပ္ကို လုပ္ေနရတာအတြက္ ေပ်ာ္ရႊင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကိုခ်က္စတာကို ၃ဂိုးျပတ္နဲ႕ အနုိင္ယူျပီး ကာရာေဘာင္းဖလား ေနာက္တစ္ဆင့္ တက္သြားတဲ့ ယူနိုက္တက္ဟာ ဆီမီးဖိုင္နယ္ အဆင့္မွာ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးနဲ႕ ေတြ႔ဆံုေနပါတယ္။ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ကေတာ့ ဒီပြဲမွာလည္း ဒီဇင္ဘာ အေစာပိုင္းက ပြဲနည္းတူ မန္စီးတီးကို ထပ္မံ အနုိင္ယူရန္ စိတ္အားထက္သန္ေနပါတယ္။

ကာရာေဘာင္း ဆီမီးဖိုင္နယ္ မဲခြဲမႈ ထြက္ေပၚလာျပီးတဲ့ေနာက္ ဆိုးရွားက မန္ခ်က္စတာမွာ ပြဲေကာင္း တစ္ပြဲ ျမင္ရဦးမယ္လို႔ မွတ္ခ်က္ ျပဳ လိုက္ျပီး မန္စီးတီးက ေလာေလာဆယ္ အဂၤလန္မွာ အေကာင္းဆံုး အသင္း ျဖစ္သလို ယူနုိက္တက္ကလည္း ယံုၾကည္မႈ အျပည့္နဲ႕ ကစားသြားမယ္လို႔ ဆိုပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ အက္ရွ္ေလယန္းနဲ႕ မာတစ္တို႔ကို ဇန္န၀ါရီမွာ အသင္းကေန ထြက္ခြာခြင့္ ျပဳရန္ ျပင္ဆင္ေနပါတယ္။

ယူနိုက်တက် လူငယ်လေး မေဆန် ဂရင်းဝုဒ်က ၎င်းကို စီနီယာအသင်းကြီးမှာ အထိုင်ကျလာအောင် မာတာ၊ ဒန်နီရယ် ဂျိမ်းစ်နဲ့ မာရှယ်တို့က ကူညီပေးခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်းကို စောင့်ကြည့်နေတာ မှန်ကန်ကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက အတည်ပြုသွားပါတယ်။ ယူနိုက်တက်ဟာ အသင်းကို တိုးတက်စေမယ့် လက်ရှိ ကစားသမားတွေနဲ့ ပြိုင်ဆိုင်နိုင်မယ့် ကစားသမားများကို ဈေးကွက်ထဲမှာ ရှာဖွေနေတယ်လို့ ဆိုးရှားက ဆိုပါတယ်။

ကြံ့ခိုင်မှု ပြည့်ဝဖို့နဲ့ အသင်းနဲ့ အတူ ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန်နေရကာ ယူနိုက်တက်က ထွက်ခွာဖို့ နီးစပ်နေသော်လည်း ကွင်းလယ် ကစားသမား မာတစ်က အသင်းမှာ သူ လုပ်ဆောင်ရမယ့် အလုပ်ကို လုပ်နေရတာအတွက် ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုချက်စတာကို ၃ဂိုးပြတ်နဲ့ အနိုင်ယူပြီး ကာရာဘောင်းဖလား နောက်တစ်ဆင့် တက်သွားတဲ့ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ် အဆင့်မှာ မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ တွေ့ဆုံနေပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ ဒီပွဲမှာလည်း ဒီဇင်ဘာ အစောပိုင်းက ပွဲနည်းတူ မန်စီးတီးကို ထပ်မံ အနိုင်ယူရန် စိတ်အားထက်သန်နေပါတယ်။

ကာရာဘောင်း ဆီမီးဖိုင်နယ် မဲခွဲမှု ထွက်ပေါ်လာပြီးတဲ့နောက် ဆိုးရှားက မန်ချက်စတာမှာ ပွဲကောင်း တစ်ပွဲ မြင်ရဦးမယ်လို့ မှတ်ချက် ပြု လိုက်ပြီး မန်စီးတီးက လောလောဆယ် အင်္ဂလန်မှာ အကောင်းဆုံး အသင်း ဖြစ်သလို ယူနိုက်တက်ကလည်း ယုံကြည်မှု အပြည့်နဲ့ ကစားသွားမယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စာချုပ် ကုန်ဆုံးတော့မယ့် အက်ရှ်လေယန်းနဲ့ မာတစ်တို့ကို ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့် ပြုရန် ပြင်ဆင်နေပါတယ်။